From the depth of darkness,
I heard a certain song.
Singing with soul,
Singing with heart,
Singing with emotion.
Like a stream flowing.
I listened with passion,
And my heart and the song became near.
Under the influence of song,
I forgot to hold my life,
So, I drop it down.
Now, I am not me,
I am not being more.
I am a song now,
Will be going on in these darkness,
Without a life,
But with a song.
Wei Lin Ting (8th, Sept, 2010 at NayPyiTaw)
တေး
ပိန်းပိတ်တဲ့အမှောင်ထုကြား
တေးတစ်ပုဒ်ကိုငါကြား။
ဝိညဉ်နဲ့ ဆိုနေ
နှလုံးသားနဲ့ ဆိုနေ
ခံစားချက်နဲ့ ဆိုနေ
စီးဆင်းနေတဲ့ စမ်းချောင်းလိုလေ။
ဆန္ဒအားနဲ့ ငါကြား
ငါ့နှလုံးသားနဲ့ တေး နီးကပ်သွား။
တေးရဲ့ လွှမ်းမိုးမှုအောက်
ဘ၀ကိုဆွဲကိုင်ထားမို့ မေ့လျော့
ဒီတော့
ငါ လွှတ် ချ မိ။
ခု
ငါဟာငါမဟုတ်
ငါအတ္တတစ်ခုထပ်မရှိတော့
ခု
ငါကတေးတစ်ပုဒ်
ဒီအမှောင်ထုကြားဆက်သွားဦးမှာ
ဘ၀တစ်ခုမပါ
ဒါပေမယ့်တေးတစ်ပုဒ်နဲ့ ပါ။
ဝေလင်းထင်
(၈-၉-၂၀၁၀ နေပြည်တော်)
ကျွန်တော်ချစ်တဲ့ အကြောင်း၊ မုန်းတဲ့အကြောင်း။ ဖြစ်ချင်တာ၊ မဖြစ်ချင်တာ။ ဖြစ်ခဲ့တာ၊ မဖြစ်ခဲ့တာ။ သိခဲ့တာ၊ မသိခဲ့တာ။
Sep 8, 2010
Aug 29, 2010
မြစ်
သောင်ထွန်း . .
ကျွန်းကလေးများ။
ကမ်းတစ်လျှောက်
မြေသား အက် .. ပြို .. ကွဲ ..
လေညှင်းနဲ့ တံငါလှေတွေကြား
စိမ်းပြာနုပင်လယ်ဆီ
အရောက်သွား ။ ။
ဝေလင်းထက်သွင် (၁၉၉၆)
ကျွန်းကလေးများ။
ကမ်းတစ်လျှောက်
မြေသား အက် .. ပြို .. ကွဲ ..
လေညှင်းနဲ့ တံငါလှေတွေကြား
စိမ်းပြာနုပင်လယ်ဆီ
အရောက်သွား ။ ။
ဝေလင်းထက်သွင် (၁၉၉၆)
အလွမ်း
မညှပ်ဖြစ်ခဲ့တဲ့ဆံပင်ရှည်
ပြာမခြွေဖြစ်ခဲ့တဲ့စီးကရက်
ရေမရောဖြစ်ခဲ့တဲ့အရက်တစ်ခွက်။
အနမ်းမပါ
ကြွေနွမ်းသွားတဲ့
ပွင့်ဖတ်တစ်ဖတ်။
ကြေကွဲတမ်းတမှုအပြည့်နဲ့ 
ဟယ်ရီလင်းရဲ့ 
မီး သီချင်းကိုအဆို . . .
မကြွေဖြစ်ခဲ့တဲ့မျက်ရည်တစ်စက်
ကမ္ဘာမြေ
ကွဲ .. ကြေ .. စွာ ..
နှုတ်ဆက်ရတော့တယ် ။ ။
ဝေလင်းထက်သွင် (၁၉၉၆)
ပြာမခြွေဖြစ်ခဲ့တဲ့စီးကရက်
ရေမရောဖြစ်ခဲ့တဲ့အရက်တစ်ခွက်။
အနမ်းမပါ
ကြွေနွမ်းသွားတဲ့
ပွင့်ဖတ်တစ်ဖတ်။
ကြေကွဲတမ်းတမှုအပြည့်နဲ့ 
ဟယ်ရီလင်းရဲ့ 
မီး သီချင်းကိုအဆို . . .
မကြွေဖြစ်ခဲ့တဲ့မျက်ရည်တစ်စက်
ကမ္ဘာမြေ
ကွဲ .. ကြေ .. စွာ ..
နှုတ်ဆက်ရတော့တယ် ။ ။
ဝေလင်းထက်သွင် (၁၉၉၆)
Aug 17, 2010
INSTALLATION
သောကမှန်သမျှက
အကုန်ဖရိုဖရဲနဲ့ 
လာမယ့်ဒုက္ခတွေက
အစီအစဉ်တကျ။
ကိုယ်ကစိန်မခေါ်ပဲ
ခနခနစိန်ခေါ်ခံရတော့
လက်ဖမောင်းခတ်ချိန်တောင်မရလိုက်ဘူး
ရှုံးပွဲတွေကလည်း စနစ်တကျ။
ငိုသံနဲ့ 
ကယောင်ချောက်ခြား ရင်ခုန်သံဆိုင်းချက်တွေက
special audio effect တွေပေါ့။
အကုန်အမှောင်ချထားတဲ့အထဲ
မှိန်မှိန်ပဲဖြစ်ဖြစ်
မျှော်လင့်ခြင်းလေးတစ်ပွင့်လောက်လင်းလို့ ရမလား။

Aug 14, 2010
VIRUS
VIRUS
နှလုံးသားက
spyware ကြောင့်
spyware ကြောင့်
process လုပ်တာ
သိပ်နှေးနေတယ်။
ဦးဏှောက်ကလဲ
Dump memory errors တွေချည်းပြနေတယ်။
အရာတော်တော်များများမှာက
Bad Sector ချည်းပဲ။
ဖြစ်တည်မှုတစ်ခုလုံးကို
install ပြန်လုပ်ချင်တယ်
ဘ၀ကိုများ format ချရမလားမသိဘူး။
သိပ်နှေးနေတယ်။
ဦးဏှောက်ကလဲ
Dump memory errors တွေချည်းပြနေတယ်။
အရာတော်တော်များများမှာက
Bad Sector ချည်းပဲ။
ဖြစ်တည်မှုတစ်ခုလုံးကို
install ပြန်လုပ်ချင်တယ်
ဘ၀ကိုများ format ချရမလားမသိဘူး။
VIRUS
Heart goes slow,
Because of a sypware.
Dump memory errors shown,
From brain.
Bad sectors,
In almost everythings.
Want to re-install my whole existance,
Don't know whether it will or will not be needed to format the life.
Because of a sypware.
Dump memory errors shown,
From brain.
Bad sectors,
In almost everythings.
Want to re-install my whole existance,
Don't know whether it will or will not be needed to format the life.
Aug 13, 2010
ပဲဟင်းအိုးနဲ့ We Are the World
ကျွန်တော်အကြောင်းက စပြောချင်တယ်ဗျာ။ ငယ်ငယ်ကကစပြီး ပရဟိတလုပ်ခဲ့တယ်။ ၁၈နှစ် ၁၉နှစ်သားလောက်ကစလို့  ဆင်းရဲမွဲတေပပျောက်ရေးတို့  လမ်းပျော်ကလေးများထိန်းသိမ်းရေး
ကျွန်တော့်စေတနာကတော့ social development ပေါ့။ အမှန်က ကျွန်တော်က နီးတာတွေမေ့ပြီး ဝေးတာတွေတွေးနေမိတာပါ။
ကျွန်တော် နေတာက ပုစွန်တောင်ချောင်းဘေးနားကရပ်ကွက်မှာ။ကျွန်တော်တို့ ရပ်ကွက်ရဲ့  အစွန် ချောင်ထဲမှာ အပယ်ခံလူသားတွေနေတယ်။ ရွက်ကျပင်ပေါက်တွေပေါ့။ အရမ်းလှတဲ့ ဆံပင်နီနီ မီနီစကပ်နဲ့ တက်တူးထိုးထားတဲ့ ကောင်မလေးတွေလဲရှိတယ်အဲဒီမှာ။ ဘာလုပ်လဲတော့မမေးနဲ့  ကျွန်တော် လဲ သေချာမသိဘူး။ အ၀တ်မပါပဲလျှောက်သွားနေတဲ့ ကလေး လေးတွေလဲရှိတယ်။ ကျွန်တော်တို့ တွေကတော့ ခြေဦးတောင်မလှည့်ဖြစ်ပါဘူးအဲဒီဘက်။ social development လို့ ကြွေးကြော်နေတဲ့ ကျွန်တော်က တစ်ခါမှ အဲဒီကို ခုထိမရောက်ဘူးသေးဘူး။
ကျွန်တော်ပြောချင်တာက အဲဒီက ကလေးတွေအကြောင်းပဲ။ အဲဒီဘက်က ကလေးတွေများ ရပ်ကွက်ထဲလာရင် ဟိုအိမ်ကမောင်းလွှတ် ဒီအိမ်ကမောင်းလွှတ်။ သူတို့ လေးတွေက ၆နှစ်လောက်ကလေးဆို ရေသန့် ဘူးကောက်တယ်။ ကြီးတဲ့သူက ပလတ်စတစ်ကောက် အမှိုက်ပုံတကာမွှေပေါ့။
တစ်ခါသား ကျွန်တော့်ညီက သူတို့  အလှူလုပ်တဲ့အကြောင်း ပြောပြတယ်။ဟေ့ကောင်ရာတို့ တွေ ကယ်ပါချောင်က ကလေးတွေကိုအလှူလုပ်တာတဲ့။ ကယ်ပါချောင်ဆိုတာ ကျွန်တော် ခုနပြောတဲ့ နေရာကိုဆိုလိုတာ။ ဘယ်လိုလုပ်လဲဆိုတော့ ပဲကုလားဟင်းနဲ့  ငါးပိကြော် လာသမျှ ကလေးတွေကို အ၀ကျွေးတာတဲ့။ သူကပြောပြတယ် ဟေ့ကောင် အလှူမှာအပင်ပန်းဆုံးအလုပ်က ဘာအလုပ်လဲသိလားတဲ့။ မသိပါဘူးကွာလို့ ဖြေတော့။
မှတ်ထားတဲ့ ပဲဟင်းအိုးထဲ ကလေးတွေမကျအောင် ဆွဲရတာ အပင်ပန်းဆုံးပဲတဲ့။ ဘယ်ဘ၀က ငတ်ပြတ်နေတဲ့ ကလေးတွေလဲမသိပါဘူးကွာတဲ့။
ဟင်းအိုးကမကျက်သေးဘူး သူတို့ က ချိုင့်တွေ ခွက်တွေနဲ့  အိုးနားမှာ လာပြုံ ၊ မောင်းထုတ်လိုက် ပြန်ဝိုင်းလာလိုက်နဲ့ တဲ့ ၃နှစ်လောက် ကလေးလေးတစ်ယောက်ဆို အိုးထဲကျပြီမှတ်တာ မနည်းဝိုင်းဆွဲ ရတယ်တဲ့။
ကျွန်တော် နားထောင်ပြီး စကားပြန်မပြောနိုင်ဘူး။ အော် ကလေးလေးတွေ၊ အ၀တ်ကိုမကပ်နိုင်ဘူး။ အော် သူတို့ လေးတွေ ပဲဟင်းနဲ့ ထမင်းစားဖို့ ကိုမီးပူမှာတောင် မကြောက်နိုင်ဘူး။ ခင်ဗျားတို့ အနားမှာရော အဲဒီလိုကလေးတွေရှိလား ။ ကျွန်တော်ကတော့ ငယ်ငယ်တည်းက နှစ်သက်ခဲ့တဲ့ we are the world
သီချင်းလေးကို သတိရတယ် ဘာတဲ့ ငါတို့ အားလုံးဟာ ဘုရားသခင်ရဲ့  မိသားစုကြီးတစ်ခုထဲကပါတဲ့။ ကျွန်တော်တို့ သူတို့ ဟာ လူသားတွေချင်းပဲနော။
မေတ္တာတရားဟာ လူသားတွေအလိုအပ်ဆုံးပါပဲတဲ့။ လှပတဲ့နေ့ တွေကို တို့တည်ဆောက်ကြရ မှာပါ ခုချိန်ကစလို့  ပေးကမ်းခြင်းကို စကြပါစို့ တဲ့။
ခင်ဗျားတို့ ကျုပ်တို့ အတွက် ပိုမိုကောင်းမွန်တဲ့ နေ့ ရက်တွေကို လုပ်ကြရမှာ အမှန်ပါတဲ့။
သီချင်းရေးတာကတော့ ကွယ်လွန်သွားတဲ့ you are not aloneကိုဆိုတဲ့ Michael Jackson နဲ့  Hello သီချင်းဆိုတဲ့  Lionel Richieထူးခြားတာက ၂ ယောက်လုံး လူမည်းတွေချည်းပဲဗျနော။
လူမည်းတွေ ရဲ့ နှလုံးသားက ဒီလောက်လှပတဲ့ သီချင်းလေးထွက်လာတယ်နော်။
သီချင်းလေးကို ခနခန ပြန်နားထောင်မိတယ် နားထောင်မိတိုင်း ပဲဟင်းအိုးနားက ကလေးလေးတွေကို တွေးပြီး စိတ်မကောင်းဖြစ်လာတယ်။
ခင်ဗျားလဲကြားဘူးပြီးသားပါ။
We Are the World
Written By: Michael Jackson and Lionel Richie
G C D G
There comes a time when we heed a certain call
C D G
When the world must come together as one
Em
There are people dying
D C D
And it's time to lend a hand to live, The greatest gift of all
တစ်ကမ္ဘာလုံး ပေါင်းစပ်နိုင်မယ့်နေ့ ကို တို့ ကြုံရမှာပါ
လူတွေကလဲသေနေကြတယ်
အသက်ရှင်ဖို့ အကူအညီတွေပေးရမယ့်အချိန် ငါတို့ အားလုံးရဲ့ အကြီးအမြတ်ဆုံးဆုလာဘ်ပါ
G C D G
We can't go on pretending day by day
C D G
That someone, somewhere will soon make a change
Em D
We are all a part of God's great big family
C
And the truth, you know, Love is all we need
အချိန်တိုင်း တို့ တွေ ဆက်ပြီးဟန်ဆောင်မနေနိုင်ပါဘူး
တစ်ယောက်ယောက်က တစ်နေရာရာမှာ မကြာမီပဲပြောင်းလဲပေးမှာ
တို့ တွေ ဟာ ဘုရားသခင်ရဲ့  ကြီးမားတဲ့ မိသားစုဝင်တွေပဲဟာ
အမှန်ပြောရင် မင်းသိသလိုပဲ မေတ္တာတရားကို တို့ လိုပါတယ်
Chorus:
C D G
We are the World, we are the children
C D G
We are the ones who make a brighter day so lets start giving
Em D
There's a choice we're making, We're saving our own lives
C D G
It's true we'll make a better day, just you and me
တို့ ကမ္ဘာ တို့ ကလေးတွေ
တို့ တွေဟာ လှပတဲ့နေ့ ကလေးကို တည်ဆောက်မယ့်သူတွေ
ဒီတော့ ခုပဲပေးဆပ်ခြင်းကိုစရအောင်လေ
ဒီမှာ ငါတို့ ရွေးချယ်ထားတာက
တို့ အသက်တွေကိုတို့ ကယ်နေတာ
အမှန်ပြောရရင် တို့ တွေ ပိုကောင်းတဲ့နေ့ ကလေးကိုတည်ဆောက်မယ်
မင်းတို့ နဲ့ ငါတို့ အတွက်ပဲလေ
G
Send them your heart so they'll know that someone cares
C D G
And their lives will be stronger and free
Em D
As God has shown us by turning stones to bread
C D
So we all must lend a helping hand
သူတို့ ကို မင်းနှလုံးသားပေးလိုက်ပါ
ဒီတော့ သူတို့ ကို ဂရုစိုက်မယ့်သူရှိတာ သူတို့ သိသွားမယ်လေ
သူတို့ ဘ၀လေးတွေ ပိုသန်မာလာမယ် ပိုလွတ်လပ်လာမယ်
ဘုရားသခင်က ကျောက်တုံးကိုပေါင်မုန့် ဖြစ်အောင်လုပ်ပြခဲ့သလို
ဒီတော့ တို့ တွေကူညီမယ့်လက်ကလေးတွေ လှမ်းကြရအောင်လား။
Repeat Chorus:
Cm D G
When you're down and out, there seems no hope at all
Cm D G
But if your just believe there's no way we can fall
Em D
Let us realize that a change can only come
C D
When we stand together as one
မင်းကျဆုံးနစ်မြုပ်ချိန်
မျှော်လင့်ခြင်းလဲမရှိနိုင်တော့
ဒါပေမယ့် မင်းဟာ ရှုံးနိမ့်ဖို့ လမ်းမရှိဘူးလို့ ယုံကြည်ထားလိုက်
အပြောင်းအလဲလေးတစ်ခုလာလိမ့်မယ့်
တို့ အတူတူတစ်စုတစ်စည်းတည်းရပ်တည်ေ
Repeat Chorus:
ဘာသာပြန်တာကတော့ တော်သလိုပဲဗျ ကြည့်ကြပ်သာ ဖတ်လိုက်တော့။ အမေ့ကိုပြောထားတယ် ဒီတစ်ခေါက် ကျွန်တော့်တူလေးမွေးနေ့ ကျရင် ပဲဟင်းနဲ့ ထမင်းကျွေးရအောင်လို့ ။ ခင်ဗျားလာခဲ့ပါလား။ ပဲဟင်းအိုးထဲ ကလေးတွေမကျအောင် ၀ိုင်းဆွဲပေးဖို့ လေ။
(ကယ်ပါချောင်မှ ဗိုက်ပူနံကား ကလေးများသို့ အမှတ်တရ)
Jun 15, 2010
ဇာတ်သဘင်အကြောင်း
ဇာတ်သဘင်ဆိုတာ ဟာသ ပညာတဲ့ သဘင်ဝန်ဦးနု ကပြောတယ်။ လူတွေရဲ့ စိတ်ကို ညွတ်နူးစေတဲ့ အရာ ဆိုပါတော့။ ကျွန်တော်က ငယ်ကတည်းက ဇာတ်ပွဲကြည့်ခဲ့ရတယ်။ အမေက ဇာတ်ပွဲကြိုက်တယ် အဲဒီတော့ အမေကြည့်ရာလိုက်ကြည့်ရင်း ကိုယ်လည်းကြိုက်သွားတာ။ ကျွန်တော့်အမေက ရန်ကုန်ကနေ ရွှေမော်ဓောဘုရားပွဲ အထိ ဇာတ်ပွဲအကြည့်သွားတဲ့ အထိ ဇာတ်ပွဲကြိုက်တာ။ ကျွန်တော်က ငယ်ကတည်းက သီချင်းကြိုက်တတ်တယ်။ ကျွန်တော် ပထမဆုံး အစအဆုံး အလွတ်ရတဲ့ သီချင်းက မန္တလေးသိန်းဇော် အော်ပရာထဲမှာဆိုတဲ့ ပန်းသလားမေပျို ပေါ့။ နောက် မန္တလေးသိန်းဇော် သိပ်ဆိုတဲ့ ကိုစောငြိမ်းရဲ့  မိုးသက်လေနှင် သီချင်း၊ ချစ်ပြုံးနှင်းဆီ သီချင်း။ ဇာတ်ပွဲကြည့်ရတာ အရသာသိပ်ရှိတဲ့ အရာဆိုတာ ငယ်ကတည်းက သိခဲ့တယ်။
ကန့် လန့် ကာမဖွင့်ခင် ဧည့်ခံတီးလုံးတီးတော့ ဟိုဘက်က အနောက်တိုင်းတီး၊ ဒီဘက်က ဆိုင်းဝိုင်းကြီးတီး တစ်လှည့်စီတီးတာကို နားထောင်ရတာ အရမ်းသဘောကျခဲ့တာပေါ့။ ရွှေမန်းသဘင်တို့  နန်းဝင်းတို့ လဲ ကြည့်တယ်။ ရွှေမန်းသဘင်က နောက်ပိုင်းဇာတ်၊ ပြဇာတ်တွေကို ငယ်တုန်းက သိပ်ကြိုက်ခဲ့တာပေါ့။
တစ်ဖြည်းဖြည်းနဲ့  ကြီးလာတော့ အမေ့နောက် တစ်ကောက်ကောက်မလိုက်ဖြစ်တော့ ဇာတ်ပွဲကြည့်တာလဲ လျော့သွားတယ်။ ကျွန်တော်ကြီးလာတော့ ငယ်တုန်းကလို ဇာတ်ပွဲမျိုး ကြည့်ချင်လို့  လိုက်ရှာတော့ မရှိတော့ ပါဘူးတဲ့။ ကျွန်တော်မကြည့်ဖြစ်သလိုပဲ ဇာတ်ပွဲတွေရဲ့  အသွင်အပြင်တွေလဲ ပြောင်းလဲ သွားတယ်။ ဇာတ်ပွဲဆိုတာ stage show မဟုတ်ဘူး မြန်မာ့ဇာတ်သဘင်ဆိုတာ မြန်မာလို ကပြရတယ် ဆိုတာကို ဇာတ်သမားတွေမေ့သွားတယ်။ ဇာတ်ပွဲကြည့်တဲ့သူတွေမေ့သွားတယ်။ ဇာတ်ပွဲက စတိတ်ရှိုးမှာ ကောင်မလေး တွေက တိုနိုင်သမျှ တိုတိုဝတ် ခါနိုင်သမျှ အစွမ်းကုန်ခါ။ ဇာတ်မင်းသားဆိုတာ မြန်မာ့အနုပညာဆိုတာထက် အနောက်တိုင်းအက၊ အဆိုကို ပိုလို့  တတ်ကျွမ်းရမယ်ဆိုတဲ့ သဘောမျိုး တွေ တွေ့ လာရတယ်။
အော် နိုင်ငံခြားသားကိုတောင် ငါတို့ ဆီက မြန်မာ့ဇာတ်သဘင်ဆိုတာ ဒီလိုပါဟေ့လို့  ပြချင်ရင်တောင် ပြစရာ သိပ်မကျန်တော့ဘူး။ ကျွန်တော်က Metallica ကြိုက်တဲ့သူပါ။ Guns and Roses, Aerosmith ကြိုက်တဲ့သူပါ။ Modern Dance တွေကို နှစ်သက်တဲ့သူပါ။ ဒါပေမယ့် မြန်မာမှုကိုတော့ ရင်ထဲအသဲထဲက ချစ်ခဲ့ရတာပါ။ ဇာတ်ပွဲမှာမြန်မာမှု အတိုင်းလုပ်ရင် လူမ၀င်ဘူးတဲ့။ မြန်မာတွေက မြန်မာမှုကို မကြိုက်ကြဘူးဆိုပဲ။ အခု VCD DVD ခေတ်မှာ ဇာတ်အခွေတွေ ထွက်သမျှလောက် လိုက်ကြည့်ဖြစ်တယ် လူပျက်က ရယ်စရာများများလုပ်၊ ဇာတ်မင်းသားက ဆက်တင်တွေခမ်းခမ်းနားနားနဲ့  မြန်မာမကျ ကုလားမကျ သီချင်းတွေဆို၊ underground ဆန်ဆန် အကတွေက၊ ရုပ်ရှင်မင်းသမီး လှလှတွေနဲ့ တွဲ။ တစ်ချို့ ဆို ဇာတ်သီချင်းကို ကော်ပီတောင်ဆိုလိုက် သေးတယ်။ အောင်မယ်လေးဗျာတောင်မအော်နိုင်ပါလား။ ဟောဒီကမယားလေးတွေ ဆိုတာမျိုးကိုသာ အခါတစ်ထောင်ကြားလိုက်ရတယ် ဇာတ်စာတွေ ဆိုင်းဆင့်တွေ တစ်ခွေသာကုန်တယ် မကြားလိုက်ရဘူး။
မြန်မာ့ဇာတ်သဘင်ကို အဖတ်ဆယ်မယ်ဆိုတဲ့ သူတွေအကြောင်းလဲ ကြားရသိရပါတယ်။ သူတို့  အောင်မြင်ကြ ပါစေ လို့ ပဲဆုတောင်းရမှာပဲ။
ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်တွေလိုမျိုး ဇာတ်ပွဲဆိုင်းဘုတ်မှာ အင်္ဂလိပ်နာမည်တွေ မရောက်လာ ပါစေနဲ့ လို့  ဆုတောင်းရုံမှတစ်ပါး အခြားဘာမှမတတ်နိုင်ဘူး။

Jun 14, 2010
ဒုက္ခသစ္စာ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၄)
ပျော်လို့ မဆုံးဘူး
ရသမျှ
အားလုံးသိမ်းကြုံး။
အထုပ်ဖြေတော့
ဘ၀ကိုတပ်မက်တဲ့
ပုပ်ပွနေတဲ့ငါလေ
မသိခဲ့လို့ 
ကိုယ့်ကိုယ်ကို ရက်စက်ခဲ့မိတာ။
ရသမျှ
အားလုံးသိမ်းကြုံး။
အထုပ်ဖြေတော့
ဘ၀ကိုတပ်မက်တဲ့
ပုပ်ပွနေတဲ့ငါလေ
မသိခဲ့လို့ 
ကိုယ့်ကိုယ်ကို ရက်စက်ခဲ့မိတာ။
ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿုပ္ပယာသ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၃)
ငါမသိခဲ့လို့
ငါဖြစ်ခဲ့တာ
ဒီဥခွံ၊ ဒီဝမ်းခေါင်းဟာ
ငါ အခါခါနေတဲ့အိမ်ပါ။
ငါ့ကိုယ်ငါတောင်
သနားဖို့  အားမရှိတော့ဘူး
စွမ်းအားတွေမဲ့တဲ့အခါ။
ချစ်လို့ ၊ မုန်းလို့ 
ပူလောင်လွန်းရတာ
မီးပုံတစ်ရာထက်ပြင်းပြလို့ ပါ။
ဒဏ်ရာဟောင်းမကျက်မီ
ဒဏ်ရာသစ်တို့ ထပ်ခါရ
ငါ ... ဆိုတဲ့ဆေးကြောင့်
ပို နာကြင်ခဲ့ရတာ။
ပူဆွေး၊ လောင်မြိုက်
မြေလူးပြီးငိုကြွေးခဲ့ရ
ခံပြင်းလွန်းတော့ဒေါသ
သိမ်ငယ်လှတဲ့ငါ
ဝမ်းနည်းမဆုံး
မီးတောင်ကြီးတစ်ခုထဲမှာ။
အသက်ဆုံးတော့မှာလား
နေပါဦး
ငါတရားမရှိသေးလို့ ပါ။
ဘာကမှမတတ်နိုင်တော့
လည်ဦးမှာပေါ့ ဒီသံသရာ။ ။
ငါဖြစ်ခဲ့တာ
ဒီဥခွံ၊ ဒီဝမ်းခေါင်းဟာ
ငါ အခါခါနေတဲ့အိမ်ပါ။
ငါ့ကိုယ်ငါတောင်
သနားဖို့  အားမရှိတော့ဘူး
စွမ်းအားတွေမဲ့တဲ့အခါ။
ချစ်လို့ ၊ မုန်းလို့ 
ပူလောင်လွန်းရတာ
မီးပုံတစ်ရာထက်ပြင်းပြလို့ ပါ။
ဒဏ်ရာဟောင်းမကျက်မီ
ဒဏ်ရာသစ်တို့ ထပ်ခါရ
ငါ ... ဆိုတဲ့ဆေးကြောင့်
ပို နာကြင်ခဲ့ရတာ။
ပူဆွေး၊ လောင်မြိုက်
မြေလူးပြီးငိုကြွေးခဲ့ရ
ခံပြင်းလွန်းတော့ဒေါသ
သိမ်ငယ်လှတဲ့ငါ
ဝမ်းနည်းမဆုံး
မီးတောင်ကြီးတစ်ခုထဲမှာ။
အသက်ဆုံးတော့မှာလား
နေပါဦး
ငါတရားမရှိသေးလို့ ပါ။
ဘာကမှမတတ်နိုင်တော့
လည်ဦးမှာပေါ့ ဒီသံသရာ။ ။
ဘ၀ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၂)
ဟောဒီဆင်းရဲတွင်းကလေးကို
ဘာနဲ့မှမလဲနိုင်လို့ ပါ။
မရယ်ကြပါနဲ့ 
ငါလေ
ငိုရတာအားမရသေးလို့ ပါ။
ဒီမှာလောကကြီး
ခင်ဗျားပေးသမျှဒုက္ခ
ယူဖို့ လာခဲ့တာ
အဲဒီ ငအ ဟာ
ငါ။
နောက်ထပ် ငါ အသစ်ဖြစ်ဖို့ 
အခုထုပ်ပိုးပြင်ဆင်ထားတယ်
ငါဆိုတဲ့ စက်ရဟတ်
လည်နေဦးမှာ။
ငါ့အရိုးပုံတွေကြား
အခု ငါ့မသာငါချဦးမယ်
ကြားကြရဲ့ လား
နောက်ထပ်ငါအသစ်တစ်ခုရဲ့ ခေါ်သံများ။ ။
ဘာနဲ့မှမလဲနိုင်လို့ ပါ။
မရယ်ကြပါနဲ့ 
ငါလေ
ငိုရတာအားမရသေးလို့ ပါ။
ဒီမှာလောကကြီး
ခင်ဗျားပေးသမျှဒုက္ခ
ယူဖို့ လာခဲ့တာ
အဲဒီ ငအ ဟာ
ငါ။
နောက်ထပ် ငါ အသစ်ဖြစ်ဖို့ 
အခုထုပ်ပိုးပြင်ဆင်ထားတယ်
ငါဆိုတဲ့ စက်ရဟတ်
လည်နေဦးမှာ။
ငါ့အရိုးပုံတွေကြား
အခု ငါ့မသာငါချဦးမယ်
ကြားကြရဲ့ လား
နောက်ထပ်ငါအသစ်တစ်ခုရဲ့ ခေါ်သံများ။ ။
Jun 11, 2010
သမုဒယသစ္စာ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၁)
ပညာမရှိတော့
နွံထဲမှာပျော်တယ်။
ငါ . . ငါ. . ငါ . .
အကြိမ်ကြိမ်မြည်တမ်း
ဒီဇာတ်လမ်းမှာ
ငါ က ဇာတ်လိုက်။
ဟောဒီမှာ
မင်းရှိတယ်
ငါရှိတယ်
သူရှိတယ်
ဘာလိုသေးလဲ
ရုန်းမကြည့်ချင်ဘူး
ဆူးရှိရင်လဲစူးပစေ။
အလင်းပြလဲမမြင်
ဒီအမှောင်မှာ ပျော်မြူး
နာတာတွေလဲလာ
ပူတာတွေလဲလာ
ဒီဒဏ်ရာတွေကိုပွတ်သပ်ရင်း
ဟိုးအမှောင်အနက်ဆုံးထဲ
ထပ်သွားဦးမယ် လာ
အဲဒါ
တစ်ကယ်မရှိတဲ့ ငါ။ ။
နွံထဲမှာပျော်တယ်။
ငါ . . ငါ. . ငါ . .
အကြိမ်ကြိမ်မြည်တမ်း
ဒီဇာတ်လမ်းမှာ
ငါ က ဇာတ်လိုက်။
ဟောဒီမှာ
မင်းရှိတယ်
ငါရှိတယ်
သူရှိတယ်
ဘာလိုသေးလဲ
ရုန်းမကြည့်ချင်ဘူး
ဆူးရှိရင်လဲစူးပစေ။
အလင်းပြလဲမမြင်
ဒီအမှောင်မှာ ပျော်မြူး
နာတာတွေလဲလာ
ပူတာတွေလဲလာ
ဒီဒဏ်ရာတွေကိုပွတ်သပ်ရင်း
ဟိုးအမှောင်အနက်ဆုံးထဲ
ထပ်သွားဦးမယ် လာ
အဲဒါ
တစ်ကယ်မရှိတဲ့ ငါ။ ။
တဏှာ၊ ဥပါဒါန (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၀)
ငါလိုချင်တာတွေ
ငါမရချင်တာတွေ
အကြိမ်ကြိမ်တမ်းတမိတယ်
အကြိမ်ကြိမ် ငြင်းဆန်မိတယ်။
အဲဒီကန့် လန့် ကာအထပ်ထပ်ကြား
မရပ်မနားသွားရင်းနဲ့ လေ
ငါ
လိုချင်တယ်
မရချင်ဘူး
ဘာမှမသိတော့ဘူး
အရူးအမူး ။ ။
ငါမရချင်တာတွေ
အကြိမ်ကြိမ်တမ်းတမိတယ်
အကြိမ်ကြိမ် ငြင်းဆန်မိတယ်။
အဲဒီကန့် လန့် ကာအထပ်ထပ်ကြား
မရပ်မနားသွားရင်းနဲ့ လေ
ငါ
လိုချင်တယ်
မရချင်ဘူး
ဘာမှမသိတော့ဘူး
အရူးအမူး ။ ။
ဝေဒနာ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၉)
ကောင်း၊ ဆိုး၊ အလတ်
ဝေဒနာကသုံးရပ်
အဲဒီလောင်စာအားနဲ့ 
သံသရာရထားကိုမောင်း။
ဘ၀အစဉ်အဆက်ဆက်မှာ
ရချင်တဲ့ ဝေဒနာက မရ
မရချင်တဲ့ ဝေဒနာက ရ
တက်မက်သမျှ အကုသိုလ်
နာကျည်းသမျှ အကုသိုလ်။
ပညာဉာဏ်စင်မတက်သေးသမျှ
တစ်ဘူတာတက် တစ်ဘူတာဆင်း
ယူလာသမျှက ပူလောင်ခြင်း။
ဝေဒနာကသုံးရပ်
အဲဒီလောင်စာအားနဲ့ 
သံသရာရထားကိုမောင်း။
ဘ၀အစဉ်အဆက်ဆက်မှာ
ရချင်တဲ့ ဝေဒနာက မရ
မရချင်တဲ့ ဝေဒနာက ရ
တက်မက်သမျှ အကုသိုလ်
နာကျည်းသမျှ အကုသိုလ်။
ပညာဉာဏ်စင်မတက်သေးသမျှ
တစ်ဘူတာတက် တစ်ဘူတာဆင်း
ယူလာသမျှက ပူလောင်ခြင်း။
ဖဿ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၈)
မြင်သမျှ၊ ကြားသမျှ၊ ထိသမျှ
မက်လိုက်တဲ့ဒီအာရုံ။
ပန်းပွင့်နဲ့လှည့်ဖျား
ဆူးခက်တွေကြားမှာ
ရုံးမရတဲ့ခြုံ။ ။
မက်လိုက်တဲ့ဒီအာရုံ။
ပန်းပွင့်နဲ့လှည့်ဖျား
ဆူးခက်တွေကြားမှာ
ရုံးမရတဲ့ခြုံ။ ။
Jun 10, 2010
သဠာယတနံ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၇)
ထိခဲ့တယ်
အဲဒါ သိဖို့ ။
သိခဲ့တယ်
အဲဒါ ငြိဖို့ ။
ငြိသမျှလဲ မရုန်းချင် ...
ထိသမျှလဲ မဆုံးချင် ...
သုခ၊ ဒုက္ခ
ဝေခွဲလို့  မရ။ ။
အဲဒါ သိဖို့ ။
သိခဲ့တယ်
အဲဒါ ငြိဖို့ ။
ငြိသမျှလဲ မရုန်းချင် ...
ထိသမျှလဲ မဆုံးချင် ...
သုခ၊ ဒုက္ခ
ဝေခွဲလို့  မရ။ ။
ရူပံ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၆)
အကောင်လို့ ထင်နေတယ်
အဲဒါ အမှန်တော့အရိပ်။
သူတောင်းသမျှပေး
သူငတ်သမျှက
မကုန်နိုင် မဆုံးနိုင်အနန္တ။ ။
အဲဒါ အမှန်တော့အရိပ်။
သူတောင်းသမျှပေး
သူငတ်သမျှက
မကုန်နိုင် မဆုံးနိုင်အနန္တ။ ။
နာမံ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၅)
လာသမျှအလျှင်အမြန်ထည့်
ရှိသမျှ အလျှင်အမြန်ထုတ်
ငါမဟုတ်တာကငါ
မင်းမဟုတ်တာကမင်း
အတုကိုအစစ်လုပ်တဲ့စက်
မရပ်မနားကမယ့်ဇာတ်။
ရှိသမျှ အလျှင်အမြန်ထုတ်
ငါမဟုတ်တာကငါ
မင်းမဟုတ်တာကမင်း
အတုကိုအစစ်လုပ်တဲ့စက်
မရပ်မနားကမယ့်ဇာတ်။
Jun 7, 2010
အပို
မိုးကောင်းကင်က
အပိုတစ်ခုရှိသတဲ့လား
မုတ်သုန်လာတဲ့အခါ
ဘယ်ကောင်းကင်ကရွာရွာ
ဒီမိုးရေပဲလို့နင်ထင်တာလား။
ငါ့နှလုံးသားဆိုတာက
ဒေဗစ်ကော့ပါးဖီးလ်မျက်လှည့်ပြသလို
ဟောဒီမှာနောက်တစ်ခုလို့
ဦးထုပ်အနက်ထဲက
ဆွဲထုတ်ပြဖို့တဲ့လား။
ထီး၊ ဖိနပ်တွေလို
ချစ်ခြင်းမေတ္တာဆိုတာကလဲ
အပိုထားလို့ရသတဲ့။
တစ်ချိန်မှာ အိပ်မက်၂ခုမက်
တစ်ကြိမ်တည်း တေး ၂ပုဒ် ဆို
အော်
ငါဆိုတာကလည်းအပိုပါတဲ့လားလို့
သိလိုက်ရတဲ့အခါ
ငါဟာလေ
ငါ့ကိုယ်ငါတောင်ပြန်မလိုချင်တော့တဲ့
အပို။
အပိုတစ်ခုရှိသတဲ့လား
မုတ်သုန်လာတဲ့အခါ
ဘယ်ကောင်းကင်ကရွာရွာ
ဒီမိုးရေပဲလို့နင်ထင်တာလား။
ငါ့နှလုံးသားဆိုတာက
ဒေဗစ်ကော့ပါးဖီးလ်မျက်လှည့်ြ
ဟောဒီမှာနောက်တစ်ခုလို့
ဦးထုပ်အနက်ထဲက
ဆွဲထုတ်ပြဖို့တဲ့လား။
ထီး၊ ဖိနပ်တွေလို
ချစ်ခြင်းမေတ္တာဆိုတာကလဲ
အပိုထားလို့ရသတဲ့။
တစ်ချိန်မှာ အိပ်မက်၂ခုမက်
တစ်ကြိမ်တည်း တေး ၂ပုဒ် ဆို
အော်
ငါဆိုတာကလည်းအပိုပါတဲ့လားလို့
သိလိုက်ရတဲ့အခါ
ငါဟာလေ
ငါ့ကိုယ်ငါတောင်ပြန်မလိုချင်တော
အပို။
Upload Peace Upon Your Mind
We have many confused things in the whole days that are thoughts come from work or thoughts come from social affairs.
In most nights, worries and stresses are stored in our mind before we sleep. We always bath our bodies,
we always sweep our room but we mostly do not clear our mind. So, we cannot sleep peacefully and we
mostly do not wake up peacefully.
Here, I want to advice you to upload peace upon your mind before you sleep. It's not my own method.
It comes from many books that I read.
Firstly, please wash your hands and legs before you sleep. And wear clean clothes. Clothes must be
comfort to you. I must not be so tights. Then, clean your bed. Your bed must be clean from dust,
incest etc. Switch off the room lights. If you do not like darkness, please use dim light.
Bright light can stimulate your unconscious mind and your sleeping will unconsciously wake up
many times when you sleep.
Lay still, breathe deeply for a while. Then, breathe rhythmatically, breathe not so long or not so short.
When you can control your breathe, then count your breathe. First "breathe in" must count one and "breathe out"
count one. Breathe in two, breathe out two. Then going on till breathe in fifteen and breathe out fifteen.
When you count your breathe, please do not think nothing. Think only your count on breathe.
After fifteen, repeat from one till fifteen again. The important thing is that you must not move
your body, even a finger, even your tongue and eyelids, and not to think anything.
After control your breathes, you must put a thought into your mind. What thought? It is that you must tell
yourself deeply like that, " I am laying peacefully, I will sleep peacefully".
Repeat these two sentences till you can feel yourself peaceful.
Relax your body by moving nothing. Relax your mind by thinking nothing.
Feel yourself that you cannot move anything on your body. Don't be too nervous in these exercises.
The tension will prevent your peace.
Then, tell yourself that "I am sleeping". Please tell this word slowly and not from your mouth but from your mind.
Repeat like that, "I am sleeping.", "I...am...sleeping.", "I...... am........sleeping.",
" I...........a..m......sl...ee.....p..ing."
Feel your eyelids are so heavy, so heavy and cannot be opened. Nothing can disturb your sleeping.
All things are blur in your mind.
All thoughts are fading away from your mind.
Then, you are sleeping peacefully.

Jun 2, 2010
Friend
How more precious can you be?
မင်းဘယ်လောက်တောင်တန်ဖိုးရှိနိုင်သလဲဟင်
More than any treasure,
ဘယ်ရတနာထက်မဆိုပိုလို့
More than any glowing jewel.
ဘယ်တလက်လက်ကျောက်မျက်ထက်မဆိုပိုလို့
Just like your hazel, sparkling eyes!
မင်းရဲ့ စိမ်းညိုတောက်ပမျက်လုံးများလိုပဲ
You're always there for me when I need you,
ငါလိုအပ်ချိန်တိုင်း မင်းအမြဲရှိတယ်
I'm never left alone.
ဘယ်တော့မှ ငါ့ကို အထီးတည်းမထားဘူး
We're the sun and the flower,
တို့က နေနဲ့ ပန်းပွင့်ပဲ
Who cannot survive without each other.
တစ်ယောက်မပါပဲ တစ်ယောက်က မရှင်သန်နိုင်ဘူး
When the sun is up,
You open up and smile.
နေတက်လာရင်
မင်းပွင့်ချပ်ပွင့်ပြီး ပြုံးပြ
Though, when the sunset arrives,
We say our goodbyes.
ပြီးတော့ နေလဲဝင်ရော
တို့တွေခွဲခွာကြ။
You personality is kind and pure,
မင်းကိုယ်ရည်ကိုယ်သွေးက အကြင်နာနဲ့ဖြူစင်ခြင်း
Just like the angels heart and soul!
နတ်သမီးရဲ့ နှလုံးသားနဲ့ ၀ိညဉ်လို
You're the candle in the window
မင်းကလေ ပြူတင်းပေါက်က ဖယောင်းတိုင်ပါ
On a cold dark winters night..
အေးစက်မှောင်မိုက် ဆောင်းညမှာ
Victoria Korobochka

Jun 1, 2010
Good Night (ကောင်းသောည)
Good-night? ah! no; the hour is ill
ကောင်းသောညတဲ့လား၊ အား၊ မဟုတ်ဘူး နာရီက နာဖျား
Which severs those it should unite;
ဒွန်တွဲသင့်တဲ့အရာတွေကို ဘာကများခွဲခြားသွား
Let us remain together still,
လာပါ တို့အတူပဲရှိနေရအောင်လား
Then it will be good night.
ဒါမှသာ ကောင်းသောညဖြစ်သွား။
How can I call the lone night good,
အထီးကျန်ညကို ကောင်းသောညလို့ဘယ်လိုပြောရပါ့
Though thy sweet wishes wing its flight?
ချိုမြိန်ဆန္ဒတွေရဲ့အတောင် ပျံသန်းသွားတော့မှ
Be it not said, thought, understood --
မပြောဘူးထားပါ၊ အတွေး၊ နားလည်မှု
Then it will be -- good night.
ဒါဆို ဒါဟာကောင်းသောည။
To hearts which near each other move
တစ်စုံလှုပ်တိုင်းနီးစပ်နေတဲ့ နှလုံးသားများကနေ
From evening close to morning light,
ညနေကမနက်အလင်း နီးကပ်နေတဲ့အထိ
The night is good; because, my love,
အဲဒီညဟာကောင်းသောညပါအချစ် ဘာလို့လဲဆို
They never say good-night.
သူတို့ဘယ်တော့မှကောင်းသောညလို့မပြောကြလို့။
Percy Bysshe Shelley
ပါစီဘွတ်ရှ်ရှယ်လီ
(ချစ်သူနှစ်ယောက်ဟာ good night လို့ နှုတ်ဆက်ပြီး ခွဲခွါလာကြမှတော့ တစ်ယောက်စီရဲ့ အထီးကျန်ညဟာ
ဘယ်လိုကောင်းနိုင်ပါ့မလဲတဲ့၊ မနှုတ်ဆက်ပဲ အတူရှိနေမှသာ ကောင်းသောညပါတဲ့။)

May 31, 2010
To A Tearing Child
Little Child,
What's in your mind?
Although we aren't blinds,
We have never seen for a while!!!
Is it a drop of tear,
or your fear for future?
Why do you cry?
For a sound of gun shoot?
Or do you hungry on move?
Pardon us child,
we must take care of your claim,
And must dry your eyes!
I kiss and pray for you child,
May a day be come,
When you will be peace in mind!
What's in your mind?
Although we aren't blinds,
We have never seen for a while!!!
Is it a drop of tear,
or your fear for future?
Why do you cry?
For a sound of gun shoot?
Or do you hungry on move?
Pardon us child,
we must take care of your claim,
And must dry your eyes!
I kiss and pray for you child,
May a day be come,
When you will be peace in mind!
Our Love
Love cannot be touched,
But by our hearts.
Love cannot be seen,
But in our romantic dreams.
Love cannot be heard,
But we know our hearts beat fast.
In this way,
We found our love.
In this love,
We tie each other and will not part.
But by our hearts.
Love cannot be seen,
But in our romantic dreams.
Love cannot be heard,
But we know our hearts beat fast.
In this way,
We found our love.
In this love,
We tie each other and will not part.
You Always With Me
Time is not so important,
Place is not so important,
Because you are always in my heart.
Snow from sky,
Grass at ground,
Meet with the morning song.
Moon at space,
Meet water in lake with embrace.
So we are not far away,
If you are in my heart still.
Place is not so important,
Because you are always in my heart.
Snow from sky,
Grass at ground,
Meet with the morning song.
Moon at space,
Meet water in lake with embrace.
So we are not far away,
If you are in my heart still.
ရက်စက်သူသို့တမ်းချင်း
ငါကြေကွဲရတာကိုမင်းမေ့လိုက်ပါ
မင်းရက်စက်ခဲ့တာကိုငါမေ့ထားသလို။
ငါ့ငိုသံကို
မင်းတို့ရယ်သံတွေက လှောင်ပြောင်တဲ့အခါ
မင်းတို့ရယ်သံတွေကို
ငါ့ငိုသံက
ခြောက်လှန့်နေမှာ။
ကြယ်တွေဘယ်လောက်များများ
ဟောဒီလတစ်ခြမ်းပဲ့လောက်မလင်းနိုင်တာ
လမိုက်တဲ့အခါ
မင်းသိမှာပါ။
မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာမပါတဲ့အခါ
မင်းတို့အနမ်းတွေရဲ့အဓိပ္ပါယ်ကို
ငါ
မတွေးမိအောင်ကြိုးစားနေရတာပါ။
တစ်ဘ၀မှာ ဘယ်နှခါချစ်လို့ရသလဲ
အဖြေမသိဘူးလား
အဖြေမရှိဘူးလား
မဖြေတတ်ဘူးလား။
ရဲရဲကြီးဖြေ၀ံ့တဲ့ငါလေ
အခု
နှလုံးသားကွဲကြေနေတာ။
မင်းရက်စက်ခဲ့တာကိုငါမေ့ထားသလို။
ငါ့ငိုသံကို
မင်းတို့ရယ်သံတွေက လှောင်ပြောင်တဲ့အခါ
မင်းတို့ရယ်သံတွေကို
ငါ့ငိုသံက
ခြောက်လှန့်နေမှာ။
ကြယ်တွေဘယ်လောက်များများ
ဟောဒီလတစ်ခြမ်းပဲ့လောက်မလင်းနိုင်တာ
လမိုက်တဲ့အခါ
မင်းသိမှာပါ။
မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာမပါတဲ့အခါ
မင်းတို့အနမ်းတွေရဲ့အဓိပ္ပါယ်ကို
ငါ
မတွေးမိအောင်ကြိုးစားနေရတာပါ။
တစ်ဘ၀မှာ ဘယ်နှခါချစ်လို့ရသလဲ
အဖြေမသိဘူးလား
အဖြေမရှိဘူးလား
မဖြေတတ်ဘူးလား။
ရဲရဲကြီးဖြေ၀ံ့တဲ့ငါလေ
အခု
နှလုံးသားကွဲကြေနေတာ။
လင်းဝေး
2002 ခုနှစ် ဧပြီ၊ သင်္ကြန်ကာလ ရန်ကုန်ကိုစွန့်လို့ လင်းဝေးဆီသွားခဲ့တယ်။ အလင်းတွေနဲ့ ဝေးတဲ့ဆီကိုပေါ့။ အဲဒီမှာ လျှပ်စစ်မီးမရှိဘူး။ လိမ္မော်သီး လှလှတွေရှိတယ်။ စကားပြောဖို့တောင်ရှက်တဲ့ ပအို့မလေးတွေရှိတယ်။ မနက်မိုးလင်းရင် တောင်တန်းတွေပေါ်ကို ကျောပိုးအိပ်လွယ်ပြီးတက်။ ညမှောင်မှ ရွာပြန်လာ။ ရေမချိုးရတာ ၄ရက်။ ရေချိုးဖို့ စမ်းချောင်းကို နာရီဝက်ဆင်းရတယ်။ ပြီးရင် နာရီဝက်ပြန်တက်ရတယ်။ အဲဒီက ရမ်နဲ့ အသဲကွဲသီးဖျော်ရည်ရောထားတဲ့ဟာကို ညည ဆိုသောက်ဖြစ်တယ်။ လိမ္မော်သီးစားချင်တယ်ဆိုလို့ ရွာက တောင်းနဲ့တစ်တောင်းလာပေးတယ်။ ကွမ်းစားချင်တယ်ဆိုလို့ ကလေးတစ်ယောက်က သူ့မှာပါတဲ့ ကွမ်းရွက်ကွမ်းသီးထုံးဆေး အစုံပါတဲ့ အထုပ်တစ်ထုပ်လုံးပေးခဲ့တယ်။ သင်္ကြန်တွင်း ကျတော့ သူငယ်ချင်းသုံးယောက် ရှားရှားပါးပါး သောက်ရေခွက်နဲ့ တစ်ခွက်စီ အလောင်းခံ ရတာမမေ့ဘူး။
ကျောက်တောရွာကပြန်လာတော့ ဆရာကပြောတယ် ငါကွာ ထောပတ်ပင်တွေ့ခဲ့တယ် အသီးတွေအများကြီးပဲ ၀ယ်မယ်ဆိုတော့ မရောင်းဘူး ပြောတယ် တဲ့။ ညနေစောင်းကျတော့ အဖိုးအိုတစ်ယောက် အထုပ်ကြီးထမ်းလို့ ရောက်လာတယ်။ ဒီကဆရာရောတဲ့မေးတယ်။ အဖိုးကိစ္စရှိရင် ပြောပါဆိုတော့။ နေ့လည်က ထောပတ်သီးလိုချင်တယ်ပြောလို့ အခုလိုက်ပို့တာတဲ့။ အဖိုးရာအလေးခံလို့ နေ့လည်ကရောင်းလိုက်ပြီးရောဆိုတော့။ မရောင်းပါဘူးတဲ့ ပေးလိုက်ရင် သယ်နေရမှာစိုးလို့ အခုလိုက်ပို့တာတဲ့။ အဖိုးအသက်က ၇၅ နှစ်တဲ့။ ကျွန်တော်တို့ မောဟိုက်အောင်တက်ရတဲ့ ချောက်ကို အဖိုး ထောပတ်သီး အလုံး ၅၀ လောက်နဲ့ တက်လာခဲ့ရတယ်။ သူ့စေတနာက ကျွန်တော့်ရင်ထဲကို ဆို့ သွားတာပဲ။ဆေးလိပ်ပြတ်ကုန်လို့ ရွာရဲ့ တစ်ခုတည်းသောကုန်စုံဆိုင်ကိုသွားတယ်။ ဗွီဒီယိုလဲပြတော့ အ၀မှာ ဆိုင်းဘုတ်ရေးထားတယ်။ ဖတ်ကြည့်တော့ ဘာကားမှန်းမသိဘူး။ အထဲရောက်တော့မေးကြည့်တယ် ဘာတွေရေးထားလဲလို့ပေါ့။ ရေးတဲ့ကောင်မလေးက ၄ တန်းအထိနေဖူးတယ်တဲ့။
သူပြောတာကတော့ အခွေ အဖုံးကစာတွေ ကူးရေးလိုက်တာပဲတဲ့။ ဖတ်လို့နားမလည်ဘူးလို့ သူ့ကိုပြောတော့ ရယ်တယ်။
နားလည်စရာမလိုပါဘူးတဲ့ တစ်ရွာလုံးစာမဖတ်တတ်တဲ့ လူက အများစုပဲတဲ့။ ရေးထားရင် ဗွီဒီယို ဒီညပြမယ်ဆိုတာသိတာပဲတဲ့။
ကျွန်တော့် ရင်ထဲမကောင်းလိုက်တာ။
ရွာလူကြီးကိုမေးကြည့်တယ် မူလတန်းကျောင်းက စာမသင်ဘူးလားလို့။မသင်ဖြစ်ပါဘူး။ ဆရာတွေက ခနလာလိုက် ပညာရေးမှူးရုံး သွားမယ်ဆိုပြီး မြို့တက်သွားလိုက်၊ ပြန်ပေါ်မလာလိုက်နဲ့။ တစ်ယောက်မှ တစ်လကြာအောင်မနေကြပါဘူးတဲ့။ ဆိုးလိုက်တဲ့အဖြစ်ဗျာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချမိခဲ့တယ်။ ငါ ဘွဲ့ရရင် ဒီလိုရွာတွေလာ ကျောင်းဆရာလုပ်မယ်ဆိုပြီးလေ။ ကျွန်တော် ဟိုးအဝေးကြီးရောက်နေတုန်း လင်းဝေးကိုသတိရတယ်။ ကဗျာကလေးရေးမိတယ်။ ပြန်သွားမယ်ဆိုပြီးတော့ပေါ့။
လင်းဝေး
မြို့ပြအလင်းတွေနဲ့ဝေးလို့များ
လင်းဝေးလို့ခေါ်သလားလင်းဝေး။
တုံးမောင်းမခေါက်ခင်
မျက်နှာထသစ်တဲ့လင်းဝေး။
နင့်ဗုံသံတွေကြားမှာ တောင်တန်းတွေကနေတာ
မမေ့နိုင်သေးဘူး။
သင်္ကြန်တစ်ခုလုံးမှ
ရေတစ်ခွက်ထဲလောင်းတဲ့လင်းဝေး၊
မျက်လုံးခါးခါး
အဓိပ္ပါယ်ခါးခါး
အမုန်းခါးခါးတွေများတွေ့ရင်
နင့်ရင်ဘတ်ထဲက
လိမ္မော်သီးတွေကို မမေ့နိုင်ဘူး။
တောင်တန်းတွေကြားထဲက
စမ်းချောင်းလေးမှာ
ရေချိုးဖို့စောင့်နေတဲ့ လင်းဝေး
ငါပြန်လာရင်နင်ဝမ်းသာဦး။
နောက်ဆုံးကျတော့ ကျွန်တော်ဆိုတဲ့ကောင်က တစ်လမပြည့်အောင်မနေတဲ့ ကျောင်းဆရာလောက်တောင် အဖြစ်မရှိပါဘူး။
ဒီပုတ်ထဲကဒီပဲပါပဲ။ တော်ရာ လျော်ရာအလုပ်တစ်ခု ၀င်လုပ်။ ဘ၀ကိုမသေရုံတမယ် အသက်မွေးနေခဲ့တာပါပဲ။
အမှန်က ကျွန်တော့်လိုကောင်တွေများနေလို့ မြန်မာနိုင်ငံမှာ စာမတတ်သေးတဲ့ နေရာတွေရှိနေသေးတာပါ။
ကျွန်တော်ချစ်တဲ့ဧရာဝတီ
တည်ငြိမ်တဲ့သူ့ရဲ့ရေအလျဉ်၊ ရင့်ကျက်တဲ့ရေပြင်။
ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ၊ ရာဇ၀င်သစ်တို့မွေးဖွားရာ။
ဧရာဝတီဆိုတာက ကျွန်တော့်ရင်ထဲမှာ ဂီတသံတွေနဲ့အတူ ငယ်ကတည်းကစွဲခဲ့တာ။
၁၈နှစ်သားမှာ ဂစ်တာတစ်လက်ဆွဲလို့ ဧရာဝတီဆီကိုထွက်ခဲ့တယ်။
ကျွန်တော် သူ့ကျောကိုပိုးစီးလို့ လူငယ်တစ်ယောက်အိမ်မက်ကိုမက်ခဲ့တာပေါ့။
အဲဒီတုန်းက မြစ် ဆိုတဲ့ကဗျာလေးကိုရေးဖြစ်ခဲ့တယ်။
မြစ်
သောင်ထွန်း . .
ကျွန်းကလေးများ။
ကမ်းတစ်လျှောက် . .
မြေသားအက်ပြိုကွဲ။
လေညှင်းနဲ့ တံငါလှေတွေကြား . .
စိမ်းပြာနု ပင်လယ်ဆီအရောက်သွား။
၁၉၉၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ညက ကျွန်တော် ဧရာဝတီရဲ့ အလယ်တည့်တည့်မှာ တစ်ညတာရပ်နားခဲ့ရတယ်။
လမင်းကိုကြည့် ဧရာဝတီကိုကြည့်နဲ့ အိပ်ဖို့ကိုမစဉ်းစားခဲ့မိဘူး။
တည်ငြိမ်တဲ့သူ့ရဲ့ ရေအလျဉ်၊ ရင့်ကျက်တဲ့ရေပြင်။
မေ့လို့မရဘူး။ ဧရာဝတီက ကျွန်တော့်အချစ်ဦးပဲ။
အမရပူရ ရွှေကြက်ယက်ဆိပ်မှာ အအိပ်ကြီးတဲ့ ကျွန်တော်က မနက်မနက်ဆို အစောထဖြစ်တယ်။ ဟိုးတစ်ဘက်ကမ်းက စာသင်သားတွေ စာအံ နေတယ်။ ဒီဘက်ကမ်းကနေကျွန်တော် ငုတ်တုပ်ကလေးထိုင်လို့။ ဧရာဝတီကိုငေးလိုက်။ စစ်ကိုင်းတံတားကိုငေးလိုက်။ လှေကလေးတွေကြည့်လိုက်။
ငေးလို့ဝရင် ဂစ်တာဆွဲပြီး သီချင်းတစ်ပုဒ်ညည်းဖြစ်တယ်။ ဘာသီချင်းဖြစ်မယ်ထင်လဲ။ ခင်ဗျားထင်သလို နဒီမင်္ဂလာ။
ဟိုးတစ်ဘက်ကမ်းကတရားဒေသနာ၊ အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား။
နှလုံးသားကတော့ လတ်လတ်ဆတ်ဆတ်အေးအေးမြမြပါ။ ဟန်ဆောင်နှစ်သိမ့်စရာလဲ မရှိခဲ့ပါဘူး။
၂၀၀၈-၂၀၀၉ ကျွန်တော်မကွေးမှာ တံတားနားက မိုနာလီဇာကို မကြာမကြာရောက်တယ်။
စကပ်တိုလေးတွေ မလုံမလဲလေးတွေ ကြည့်ရတာထက်၊ ကျွန်တော့်ရဲ့ ဧရာဝတီကို ကြည့်ရတာကို ပိုချစ်တယ်။
ဟိုအရင်ကလို မြစ်ပြင်ကျယ်ကြီးမဟုတ်ပဲ ရေလယ်သောင်ကြီးထွန်းနေလဲ ဧရာဝတီကလှနေတုန်းပဲ။
ဧရာဝတီရဲ့လေက အရင်လိုပဲ။ ဧရာဝတီရဲ့ အငွေ့အသက်က ကျွန်တော့်ကို မစိမ်းသေးဘူး။
၂၀၀၉ ဟင်္သာတမှာ ဦးပါရဲဘုရားကို ညတိုင်းသွား၊ အလှမ်းဝေးနေတဲ့ ဧရာဝတီဆီကို လှမ်းငေး။
ကျွန်တော် ဧရာဝတီကို မရိုးသေးဘူး။
အခွင့်ရရင် ဧရာဝတီကျောကိုစီး။ ကျွန်တော် ဟိုးအဝေးကြီးဆီအထိသွားချင်သေးတယ်။
ကျွန်တော့် သွေးကြောတွေထဲမှာ ဧရာဝတီ စီးတုန်းပဲ။

ပြည်ရောက်တော့ ဧရာဝတီဘေးမှာ မှတ်မှတ်သားသား မိန်းကလေး ၂ မျိုးကိုတွေ့ခဲ့ရတယ်။ တစ်မျိုးကိုကျွန်တော် အလေးအမြတ်ပြုလို့ တစ်မျိုးကို စိတ်ထဲမှာ ကိုယ်ချင်းစာပေးဖို့ခက်လာခဲ့တယ်။ နေ့ဘက်ဆို ပြည်ကမ်းနားမှာ ယောက်ျားတစ်ယောက်မနည်းမရတဲ့ ကျောက်စရစ်တောင်းတွေကို ခေါင်းပေါ်ရွက်လို့ ကမ်းပါးကို ပြေးတက်လိုက် ပြေးဆင်းလိုက်လုပ်နေတဲ့ မိန်းကလေးတွေ။ ကျွန်တော် စာနာလို့မဆုံးဘူး။ သူတို့ကတော့ ပါးကွက်ကြား မပျက်သီချင်းတစ်အေးအေးနဲ့ စလိုက် နောက်လိုက် ပျော်လို့။ ညဘက်ဆို ပြည်ကမ်းနားမှာ မိတ်ကပ်တွေလိမ်းလို့ စီးကရက်တွေ မီးညှိလို့ (မသောက်ပဲကိုင်ထားတာကများတယ်) ကျွန်တော် နေ့ခင်းဘက်က ပါးကွက်ကြားတွေကိုမြတ်နိုးသလောက် စာနာသလောက် သူတို့မိတ်ကပ်တွေကို ရင်ထဲဘယ်လို ခံစားရမလဲ မသိဘူး။
အမရပူရ ရွှေကြက်ယက်ဆိပ်မှာ အအိပ်ကြီးတဲ့ ကျွန်တော်က မနက်မနက်ဆို အစောထဖြစ်တယ်။ ဟိုးတစ်ဘက်ကမ်းက စာသင်သားတွေ စာအံ နေတယ်။ ဒီဘက်ကမ်းကနေကျွန်တော် ငုတ်တုပ်ကလေးထိုင်လို့။ ဧရာဝတီကိုငေးလိုက်။ စစ်ကိုင်းတံတားကိုငေးလိုက်။ လှေကလေးတွေကြည့်လိုက်။
ငေးလို့ဝရင် ဂစ်တာဆွဲပြီး သီချင်းတစ်ပုဒ်ညည်းဖြစ်တယ်။ ဘာသီချင်းဖြစ်မယ်ထင်လဲ။ ခင်ဗျားထင်သလို နဒီမင်္ဂလာ။
ဟိုးတစ်ဘက်ကမ်းကတရားဒေသနာ၊ အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား။
နှလုံးသားကတော့ လတ်လတ်ဆတ်ဆတ်အေးအေးမြမြပါ။ ဟန်ဆောင်နှစ်သိမ့်စရာလဲ မရှိခဲ့ပါဘူး။
၂၀၀၈-၂၀၀၉ ကျွန်တော်မကွေးမှာ တံတားနားက မိုနာလီဇာကို မကြာမကြာရောက်တယ်။
စကပ်တိုလေးတွေ မလုံမလဲလေးတွေ ကြည့်ရတာထက်၊ ကျွန်တော့်ရဲ့ ဧရာဝတီကို ကြည့်ရတာကို ပိုချစ်တယ်။
ဟိုအရင်ကလို မြစ်ပြင်ကျယ်ကြီးမဟုတ်ပဲ ရေလယ်သောင်ကြီးထွန်းနေလဲ ဧရာဝတီကလှနေတုန်းပဲ။
ဧရာဝတီရဲ့လေက အရင်လိုပဲ။ ဧရာဝတီရဲ့ အငွေ့အသက်က ကျွန်တော့်ကို မစိမ်းသေးဘူး။
၂၀၀၉ ဟင်္သာတမှာ ဦးပါရဲဘုရားကို ညတိုင်းသွား၊ အလှမ်းဝေးနေတဲ့ ဧရာဝတီဆီကို လှမ်းငေး။
ကျွန်တော် ဧရာဝတီကို မရိုးသေးဘူး။
အခွင့်ရရင် ဧရာဝတီကျောကိုစီး။ ကျွန်တော် ဟိုးအဝေးကြီးဆီအထိသွားချင်သေးတယ်။
ကျွန်တော့် သွေးကြောတွေထဲမှာ ဧရာဝတီ စီးတုန်းပဲ။
May 30, 2010
လူငယ်ဆိုတာမှန်ရမယ်
လူငယ်ဆိုတာမှန်ဖို့လိုတယ်။ လူငယ်တွေကမှမမှန်ခဲ့ရင် အနာဂတ်မှာ အမှန်ဆိုတာရှိလာမှာမဟုတ်ဘူး။ တချို့ လူငယ်တွေက မှန်တယ်ထင်ရင် ဘာမှဂရုမစိုက်ဘူးဆိုတာအမြဲပြောတတ်ကြတယ်လေ။ တကယ်မှန်ဖို့တော့လိုတယ်။ တကယ်မှန်တာကိုဆို ဘာကိုမှလှည့်မကြည့်ပဲ လုပ်သင့်ရင် လုပ်ရမယ်။
တစ်ခါက အိမ်နားမှာ ည ၁ နာရီလောက်အထိ ကောင်လေးတွေ ဂစ်တာလာတီးကြတယ်။
အဲဒါနဲ့ အိမ်နားကအဒေါ်ကြီးတစ်ယောက်က ထပြောတယ်။ နင်တို့ သူများတွေအိပ်နေကြပြီ တော်ကြပါတော့ဆိုတော့။ ကလေးတစ်ယောက်က ထပြောတယ် ကျုပ်တို့က မှန်တယ်ထင်ရင်ဂရုမစိုက်ဘူးဗျတဲ့။ ဆက်တီးတယ်။ ဘယ်သူမှဆက်မပြောကြဘူး။ သူတို့က မူးနေကြတာကိုး။
ကောင်မလေးတစ်ယောက်ကို သူ့ကောင်လေးတွေအများကြီးထဲက တစ်ယောက်က တောင်းဆိုတယ်။ တစ်ခြားယောက်ျားလေးတွေနဲ့ သိပ်မတွဲပါနဲ့ တဲ့။ ကောင်မလေးက နင်မကြိုက်ရင်ငါ့ကိုဖြတ်သွား ငါကမှန်တယ်ထင်ရင်လုပ်မှာပဲတဲ့။
မှန်တယ်ထင်တဲ့သူတစ်ချို့က လမ်းထိပ်မှာ မူးပြီးရန်ဖြစ်နေကြတယ်။ မှန်တယ်ထင်တဲ့ သူတစ်ချို့က သင်္ကြန်မှာ မပေါ်ရုံတမယ်ဝတ်ပြီး လူကြားထဲ sexy dance ကနေကြတယ်။
မှန်တယ်ဆိုတဲ့အရာမှာ ဂုဏ်အရည်အချင်းရှိတယ်။
၁။ အမြဲတမ်းမဖေါက်မပြန်သောသဘောရှိရတယ်။ (ဘယ်အချိန်ပြန်တွေးတွေး ငါမှန်ခဲ့တယ်လို့ဖြစ်ရမယ်)
၂။ လူ့အသိုင်းအ၀ိုင်းနဲ့ ပါတ်ဝန်းကျင်အားလုံးကလက်ခံရမယ်။ ( ကိုယ့်အသိုင်းအ၀ိုင်းတင်မဟုတ်၊ ဘယ်လိုလူကကြည့်ကြည့်
မှန်တယ်လို့ လက်ခံရမယ်)
၃။ ကိုယ့်အကျိုး ဒါမှမဟုတ် သူများအကျိုး ဒါမှမဟုတ် အများအကျိုး တစ်ခုခုတော့ အနည်းဆုံးရှိရမယ်။
ကိုယ့်ဆန္ဒကိုပြည့်စုံရုံနဲ့ မှန်တာမဟုတ်ဘူး။ လူဟာ သူ့ဆန္ဒတစ်ခုထဲကို ဖြည့်ဆည်းတယ်ဆိုရင် လူ့အရည်အချင်းမပြည့်တော့ဘူး။
ဟိုခေတ်က ဗိုလ်ချုပ်တို့ လူငယ်တွေ မှန်ခဲ့လို့ ကျွန်တော်တို့ အခု ဒီလိုနေရတယ်။ အခု ကျွန်တော်တို့ မှန်မှ နောက်လူတွေ အတွက် အမွေကောင်းတွေကျန်ခဲ့မယ်လေ။ ကိုယ့်သားကိုယ့်မြေးကမှ အဖိုးတို့ အဖေတို့ကလဲ လူငယ်ဘ၀တုန်းက ဘာမှလဲ ဟုတ်ခဲ့တာ မဟုတ်ပါဘူးဆို ခင်ဗျား နောင်တပြန်ရလိမ့်မယ်။ ဒါ့ထက်ဆိုးတာက အဖေတို့ အဖိုးတို့ ငယ်ငယ်က သူများနှာခေါင်းရှုံ့မှာတွေ လုပ်ခဲ့တာကိုးဆို။ သေပစ် လိုက်ဖို့တောင်ကောင်းတယ်။ သူတို့အတွက်ကျွန်တော်တို့က ဘယ်အချိန်ပြန်ကြည့်ကြည့် နမူနာပဲဖြစ်သင့်တယ်။
မှန်ပါ မမှားပါနဲ့။ ဘယ်အချိန်တွေးတွေး နောင်တရစရာမရှိအောင်မှန်စမ်းပါ။ ဘယ်ဘက်ကကြည့်ကြည့် ကောင်းတယ်ထင်အောင် မှန်စမ်းပါ။ မှားခဲ့ရင်လဲ အမှန်ကိုပြန်ပြောင်းသင့်ပါတယ်။ အခုအချိန်ကစပြီး မှန်ရမယ်ဆိုပြီး အဖေအမေကကြည့်ကြည့် ချစ်သူဘက်က ကြည့်ကြည့် ပါတ်ဝန်းကျင်က ကြည့်ကြည့် မှန်လိုက်ကြရအောင်ဗျာ။

Subscribe to:
Comments (Atom)