Jun 14, 2010

ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဝေဒ၊ ဒုက္ခ၊ ဒေါမနဿုပ္ပယာသ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၃)

ငါမသိခဲ့လို့
ငါဖြစ်ခဲ့တာ
ဒီဥခွံ၊ ဒီဝမ်းခေါင်းဟာ
ငါ အခါခါနေတဲ့အိမ်ပါ။

ငါ့ကိုယ်ငါတောင်
သနားဖို့  အားမရှိတော့ဘူး
စွမ်းအားတွေမဲ့တဲ့အခါ။

ချစ်လို့ ၊ မုန်းလို့ 
ပူလောင်လွန်းရတာ
မီးပုံတစ်ရာထက်ပြင်းပြလို့ ပါ။

ဒဏ်ရာဟောင်းမကျက်မီ
ဒဏ်ရာသစ်တို့ ထပ်ခါရ
ငါ ... ဆိုတဲ့ဆေးကြောင့်
ပို နာကြင်ခဲ့ရတာ။

ပူဆွေး၊ လောင်မြိုက်
မြေလူးပြီးငိုကြွေးခဲ့ရ
ခံပြင်းလွန်းတော့ဒေါသ
သိမ်ငယ်လှတဲ့ငါ
ဝမ်းနည်းမဆုံး
မီးတောင်ကြီးတစ်ခုထဲမှာ။

အသက်ဆုံးတော့မှာလား
နေပါဦး
ငါတရားမရှိသေးလို့ ပါ။
ဘာကမှမတတ်နိုင်တော့
လည်ဦးမှာပေါ့ ဒီသံသရာ။ ။

No comments:

Post a Comment