Jun 11, 2010

တဏှာ၊ ဥပါဒါန (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၀)

ငါလိုချင်တာတွေ
ငါမရချင်တာတွေ
အကြိမ်ကြိမ်တမ်းတမိတယ်
အကြိမ်ကြိမ် ငြင်းဆန်မိတယ်။

အဲဒီကန့် လန့် ကာအထပ်ထပ်ကြား
မရပ်မနားသွားရင်းနဲ့ လေ
ငါ
လိုချင်တယ်
မရချင်ဘူး
ဘာမှမသိတော့ဘူး
အရူးအမူး ။ ။

No comments:

Post a Comment