ငါကြေကွဲရတာကိုမင်းမေ့လိုက်ပါ
မင်းရက်စက်ခဲ့တာကိုငါမေ့ထားသလို။
ငါ့ငိုသံကို
မင်းတို့ရယ်သံတွေက လှောင်ပြောင်တဲ့အခါ
မင်းတို့ရယ်သံတွေကို
ငါ့ငိုသံက
ခြောက်လှန့်နေမှာ။
ကြယ်တွေဘယ်လောက်များများ
ဟောဒီလတစ်ခြမ်းပဲ့လောက်မလင်းနိုင်တာ
လမိုက်တဲ့အခါ
မင်းသိမှာပါ။
မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာမပါတဲ့အခါ
မင်းတို့အနမ်းတွေရဲ့အဓိပ္ပါယ်ကို
ငါ
မတွေးမိအောင်ကြိုးစားနေရတာပါ။
တစ်ဘ၀မှာ ဘယ်နှခါချစ်လို့ရသလဲ
အဖြေမသိဘူးလား
အဖြေမရှိဘူးလား
မဖြေတတ်ဘူးလား။
ရဲရဲကြီးဖြေ၀ံ့တဲ့ငါလေ
အခု
နှလုံးသားကွဲကြေနေတာ။
No comments:
Post a Comment