Jun 11, 2010

သမုဒယသစ္စာ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၁)

ပညာမရှိတော့
နွံထဲမှာပျော်တယ်။
ငါ . . ငါ. . ငါ . .
အကြိမ်ကြိမ်မြည်တမ်း
ဒီဇာတ်လမ်းမှာ
ငါ က ဇာတ်လိုက်။

ဟောဒီမှာ
မင်းရှိတယ်
ငါရှိတယ်
သူရှိတယ်
ဘာလိုသေးလဲ
ရုန်းမကြည့်ချင်ဘူး
ဆူးရှိရင်လဲစူးပစေ။

အလင်းပြလဲမမြင်
ဒီအမှောင်မှာ ပျော်မြူး
နာတာတွေလဲလာ
ပူတာတွေလဲလာ
ဒီဒဏ်ရာတွေကိုပွတ်သပ်ရင်း
ဟိုးအမှောင်အနက်ဆုံးထဲ
ထပ်သွားဦးမယ် လာ
အဲဒါ
တစ်ကယ်မရှိတဲ့ ငါ။ ။

No comments:

Post a Comment