အပိုတစ်ခုရှိသတဲ့လား
မုတ်သုန်လာတဲ့အခါ
ဘယ်ကောင်းကင်ကရွာရွာ
ဒီမိုးရေပဲလို့နင်ထင်တာလား။
ငါ့နှလုံးသားဆိုတာက
ဒေဗစ်ကော့ပါးဖီးလ်မျက်လှည့်ြ
ဟောဒီမှာနောက်တစ်ခုလို့
ဦးထုပ်အနက်ထဲက
ဆွဲထုတ်ပြဖို့တဲ့လား။
ထီး၊ ဖိနပ်တွေလို
ချစ်ခြင်းမေတ္တာဆိုတာကလဲ
အပိုထားလို့ရသတဲ့။
တစ်ချိန်မှာ အိပ်မက်၂ခုမက်
တစ်ကြိမ်တည်း တေး ၂ပုဒ် ဆို
အော်
ငါဆိုတာကလည်းအပိုပါတဲ့လားလို့
သိလိုက်ရတဲ့အခါ
ငါဟာလေ
ငါ့ကိုယ်ငါတောင်ပြန်မလိုချင်တော
အပို။
No comments:
Post a Comment