မကျေမနပ် ဆဲဆိုသံတွေ
မိုက်တိမိုက်ကန်း ငါ့မျက်လုံးများ
အသံ အစစ်ကိုက အတုဖြစ်နေတာကြာ
သေနတ်အတုနဲ့ ထုတ်ထုတ်ချိန်
လက်သီးအစစ်နဲ့ အထိုးခံရတာ ခနခန
ဘယ်လိုဖြစ်ဖြစ် မတရားတာက ငါ
သွေးသံရဲ ရဲကြားက
လက်ခုပ်သံများ
နားနှစ်ဖက်ပိတ်ထားရက်နဲ့
မရပ်မနားကြား.............................။
ကျွန်တော်ချစ်တဲ့ အကြောင်း၊ မုန်းတဲ့အကြောင်း။ ဖြစ်ချင်တာ၊ မဖြစ်ချင်တာ။ ဖြစ်ခဲ့တာ၊ မဖြစ်ခဲ့တာ။ သိခဲ့တာ၊ မသိခဲ့တာ။
Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts
Sep 18, 2011
Aug 16, 2011
床前明月光 အိပ်ယာထက်ကလရိပ်သာ
床前明月光,
疑是地上霜。
举头望明月,
低头思故乡。
李白
Chuang qian ming yue guang
Yi shi di shang shuang.
Ju tou wang ming yue,
Di tou si gu xiang.
Li Bai @ Li Po (701-762 AD)
အိပ်ယာထက်မှာ
လရိပ်သာ
မြေထက် နှင်းပွင့်
ကျတဲ့ပမာ။
ခေါင်းမော့
လ၀န်း
မျှော်အငေး၊
ခေါင်းငုံ့
အတိတ်ကို
တွေးကာဆွေး ။ ။
လီပိုင် @ လီဖေါ် (တရုတ်ဂန္ထဝင်ကဗျာဆရာကြီး)
疑是地上霜。
举头望明月,
低头思故乡。
李白
Chuang qian ming yue guang
Yi shi di shang shuang.
Ju tou wang ming yue,
Di tou si gu xiang.
Li Bai @ Li Po (701-762 AD)
အိပ်ယာထက်မှာ
လရိပ်သာ
မြေထက် နှင်းပွင့်
ကျတဲ့ပမာ။
ခေါင်းမော့
လ၀န်း
မျှော်အငေး၊
ခေါင်းငုံ့
အတိတ်ကို
တွေးကာဆွေး ။ ။
လီပိုင် @ လီဖေါ် (တရုတ်ဂန္ထဝင်ကဗျာဆရာကြီး)
Apr 24, 2011
သမ္မာကျမ်းစာမှ ကောက်နှုတ်ချက်များ Quotes from the Holy Bible
မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို လည်းကောင်း၊ လူဆိုးကို အပြစ် ပြသောသူသည် ကဲ့ရဲ့ခြင်းကို လည်းကောင်း ခံရလိမ့်မည်။ (သုတ္တံ ၉း ၇)
He who corrects a scoffer gets shame for himself, and he who rebukes a wicked man only harms himself. (Proverbs 9:7)
မခန့်ငြားသူ ဆုံးမမူသော်
များလူကြားတွင် ရှက်ဖွယ်မြင်မည်
ထို့ပြင်ဗာလ လူ့အန္ဓအား
မှန်မှားနှစ်တန် ပြဆိုပြန်လည်း
ထိုဗာလာနံ မနာခံပဲ
တန်ပြန်ကဲ့ရဲ့ ခံရမည်။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလဘို့ကဲ့သို့ယိုတတ်၍ သူပြောသော စကားသည် ဆီထက်ချော သော်လည်း အဆုံး၌ကား သူသည် ဘင်းခါးရွက်သို့ ခါး၍ သန်လျက်နှင့်အမျှထက်၏။ သူ၏ခြေတို့သည် သေခြင်းသို့ ဆင်း၍ သူသွားရာလမ်း သည် မရဏနိုင်ငံသို့ ရောက်တတ်၏။ (သုတ္တံ ၅း ၃,၄,၅)
For the lips of an immoral woman drip honey, and her mouth is smoother than oil; But in the end she is bitter as wormwood, sharp as a two-edged sword. Her feet go down to death, her steps lay hold of hell. (Proverbs 5:3,4,5)
မိန်းမယုတ်နှုတ်ခမ်း ပျားရည်လွှမ်း၍
စွဲလမ်းယစ်မူး ပြောပုံထူးလည်း
အဆုံးမှာကား တမာခါးနှင့်
အသွားထက်မြက် ဒါးသန်လျက်တည်း
သူသွားသည်မှာ သေခြင်းထိ
သူလှမ်းမည်မှာ အ၀ီစိ။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
လူသည် ရယ်စဉ်အခါပင် ၀မ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်း ရှိတတ်၏။ (သုတ္တံ ၁၄း ၁၃)
Even in laughter the heart may sorrow, and the end of mirth may be grief. (Proverbs 14:13)
ရယ်ပင်သော်ငြား နှလုံးသားငို
ရွှင်ကာပြုံး အဆုံးမျက်ရည်စို။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
သဘောကောက်သောသူသည် ကောင်းကျိုးမတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏ မိုက်သောသူကို ဖြစ်ဘွားစေသူသည် မိမိကိုမိမိ ၀မ်းနည်းစေတတ်၏။ မိုက်သောသူ၏ အဘ၌ ၀မ်းမြောက်စရာ အကြောင်းမရှိ။ (သုတ္တံ ၁၇း ၂၀,၂၁)
He who has deceitful heart finds no good, and he who has a perverse tongue falls evil. He who begets a scoffer does so to his sorrow, and the father of a fool has no joy. (Proverbs 17: 20,21)
ကောက်ကျစ်တတ်ကား ကျိုးယုတ်ငြားတည်း
လိမ်ကား ဥပဒ် တွေ့ကြုံတတ်မည်။
ကိုယ့်ကြောင့်များသူ မိုက်မဲစေမူ နှလုံးပူလတ်။
လူမိုက်မွေးရာ ဘခင်မှာလည်း
ဝမ်းမြောက်ဘယ်မှာ မတွေ့ပါချေ။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
ငွေကိုတက်မက်ခြင်းသည် မကောင်းမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူတစ်ချို့တို့သည် ငွေကိုတပ် မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုကိုယ် ထုတ်ချင်းခတ်အောင် ထိုးကြပြီ။ (တိမောသေသြ၀ါဒစာ ပဌမစောင် ၆း ၁၀)
For the love of money is a root of all kinds of evil, for which some have strayed from the faith in their greediness, and pierced themselves through with many sorrows. (Timothy 6:10)
ငွေလောဘကား အပြစ်များစွာ
စီးဆင်းရာတည်း။
ငွေကိုချစ်ခင် စွဲလမ်းမင်သော်
အယူမတော် အပူပေါ်၍
နှလုံးလျော်ညို တံကျင်လျှိုသို့
ဒုက္ခကြီးစွာ တွေ့မည်တည်း။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားသကဲ့သို့ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။ (သုတ္တံ ၂၆း ၁၁)
As a dog return to its vomit, so a fool repeats his folly. (Proverbs 26:11)
အန်ထားအန်ဖတ် ခွေးပြန်လျက်သို့
ဗာလံ အကျင့် သူပြန်ကျင့်သည်
လူမိုက်ဗာလ သံသရာ။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
လိုက်သောသူမရှိသော်လည်း မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။ ( သုတ္တံ ၂၈း ၁)
The wicked man flees though no one pursues, but the righteous are as bold as a lion. (Proverbs 28 : 1)
ကိုယ်မတရား စိတ်ထားမလုံ
သူကားမလိုက် ပြေးရပြန်ကုန်
ဖြောင့်မတ်သော်ငြား စိတ်ထားလုံခြုံ
သီဟအလား လူကြားရဲရင့်ပုံ။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်သိမ်းခံရ၍ ပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ (ဆာလံ ၃၇း ၁)
Do not fret because of evil men or be envious of those who do wrong; for like the grass they will soon wither, like green plants they will soon die away. (Psalm 37 :1)
လူ့ဗာလအား စိတ်မထားနှင့်
မတရားသူ မငြူစူနှင့်
သူကားမြက်သွင် ရိတ်သိမ်းနှင်ကာ
သူသာပျိုးသွင် ညှိုးလျော်ပင်မည်
ကြောင်းကြောင့် အကျိုးဖြစ်၍တည်း။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓါတ်လည်းဖြစ်၏။ (ရှင်ယာကုပ်သြ၀ါဒစာ ၃း ၆)
The tongue is also fire; a world of evil among the parts of the body. ( James 3 : 6)
လိမ်လည်မုသား သူကားအခရာ
ရသာရမ္မက် သူတက်မက်တာ
လျှာသာမီးဓါတ် လောင်ဖျက်တိုက်ကာ
ဒုစရိုက် သူ့၌တည်ခဲ့ရာ။
ဝေလင်းထက်သွင် (၁၇.၄.၂၀၁၁ နှစ်ဆန်းတစ်ရက်)
ပိတ်ရက်မှာ အကျိုးရှိသောငှာ သမ္မာကျမ်းစာ(Holy Bible) ကို ဖတ်ခဲ့ပါတယ်။ ယူစရာတွေအများကြီးပါ ခရစ်ယာန် များရဲ့ စိတ်ထားနဲ့ ကိုယ်ကျင့်သီလကို ဖြူစင်အောင် ဆုံးမထားတဲ့ကျမ်းစာပါ။ နှစ်သက်တဲ့ ဆိုရိုးနဲ့ ဆုံးမစကားအနည်းငယ်ကို ကဗျာပြုလို့ သီးသန့်ထုတ်နှုတ် ထားပါတယ်။ share လုပ်လိုက်တာပါ ရိုးရာနှစ်သစ်မှာ ဖြူစင်စွာ ပျော်ရွှင်နိုင်ကြပါစေ။
References:
1. Holy Bible (Old and New Testaments) translated into Myanmar by Rev. A Judson D.D
2. Holy Bible , Placed by The Gideons (U.S.A)
3. The Holy Bible, New International Version (The NIV Study Bible) by International Bible Society
Thanks are for little brother Phoe Khwar and Ko Thein Oo for their kindness and for their books.
--
Wai Lin Htet Thwin
韦林庭
Mar 27, 2011
ကလေကချေ (၃)
ငါမရှိတဲ့အရပ်တွေ
ငါရောက်ရောက်နေ
ဘ၀ဆိုတာ
အရူးအိပ်မက်လေလား
လေပြေဆိုတာမသေချာပေမယ့်
မုန်တိုင်းနဲ့ နွေဆိုးကကျ
ခု ဆို ခု
တိကျရေရာလွန်းလို့။
မကြာခဏဆိုသလိုပဲ
နားထဲ
အသွား အပြန်
နှုတ်ဆက်သံတွေညံနေတယ်
ငါမှားနေလား
ဝဋ်ကြွေးတွေကမှားနေတာလား။
မိုက်မဲမှုတစ်ရာ
သက်ပြင်းတစ်သိန်း
ဒုက္ခ ကဋေကဋာပါတဲ့
ငါ့ကျောပိုးအိတ်က
စက္ကန့်မရွေး
ငါ့အပေါ်ခုန်တက်လာဖို့
အသင့်အနေအထား။
ဝင်သက်တွေထဲ
မျှော်လင့်ချက်နည်းနည်း
ရှုသွင်းကြည့်မိတော့
နှလုံးသားနဲ့အမျှ
ရှင်သန်မှုနဲ့အမျှ
အေးစက်မှုန်မှိုင်း
နှင်းမိုးများမစဲခဲ့ရ .......................
ငါရောက်ရောက်နေ
ဘ၀ဆိုတာ
အရူးအိပ်မက်လေလား
လေပြေဆိုတာမသေချာပေမယ့်
မုန်တိုင်းနဲ့ နွေဆိုးကကျ
ခု ဆို ခု
တိကျရေရာလွန်းလို့။
မကြာခဏဆိုသလိုပဲ
နားထဲ
အသွား အပြန်
နှုတ်ဆက်သံတွေညံနေတယ်
ငါမှားနေလား
ဝဋ်ကြွေးတွေကမှားနေတာလား။
မိုက်မဲမှုတစ်ရာ
သက်ပြင်းတစ်သိန်း
ဒုက္ခ ကဋေကဋာပါတဲ့
ငါ့ကျောပိုးအိတ်က
စက္ကန့်မရွေး
ငါ့အပေါ်ခုန်တက်လာဖို့
အသင့်အနေအထား။
ဝင်သက်တွေထဲ
မျှော်လင့်ချက်နည်းနည်း
ရှုသွင်းကြည့်မိတော့
နှလုံးသားနဲ့အမျှ
ရှင်သန်မှုနဲ့အမျှ
အေးစက်မှုန်မှိုင်း
နှင်းမိုးများမစဲခဲ့ရ .......................
Feb 25, 2011
Humor
Laughter are ,
When my flash and blood disordered.
There was humor,
Of the character that I acted in this play.
When the whole world laugh heartily,
Me,
Wash out and with rapid heart beats,
Try to laugh with my own humor.
But can't help my cries,
From the deepest of my heart.
Wai Lin Htet Thwin 25th Feb 2011 (Nay Pyi Taw)
Feb 24, 2011
ဟာသ
ငါ့ အသွေးအသားများ
ပြဲ စုတ် ကြေ မွနေ ချိန်မှာ
ရယ်သံများ။
ကိုယ်တိုင် ကခဲ့တဲ့ဇာတ်ရုပ်မှာ
ကိုယ်မသိတဲ့ဟာသတွေ ရှိခဲ့တော့။
တစ်လောကလုံး
ဟားတိုက်နေချိန်
ငါ
မောပန်းနွမ်းလျ
တစ်ဒိန်းဒိန်းရင်ခုန်သံများအဆုံး
ငါဟာသငါကြိုးစားရယ်မောကြည့်တော့
အနက်ရှိုင်းဆုံး ရင်ဘတ်ထဲ
ရှိုက်ငိုသံများ
ထိန်းမရခဲ့။ ။
ပြဲ စုတ် ကြေ မွနေ ချိန်မှာ
ရယ်သံများ။
ကိုယ်တိုင် ကခဲ့တဲ့ဇာတ်ရုပ်မှာ
ကိုယ်မသိတဲ့ဟာသတွေ ရှိခဲ့တော့။
တစ်လောကလုံး
ဟားတိုက်နေချိန်
ငါ
မောပန်းနွမ်းလျ
တစ်ဒိန်းဒိန်းရင်ခုန်သံများအဆုံး
ငါဟာသငါကြိုးစားရယ်မောကြည့်တော့
အနက်ရှိုင်းဆုံး ရင်ဘတ်ထဲ
ရှိုက်ငိုသံများ
ထိန်းမရခဲ့။ ။
Feb 4, 2011
ငိုချင်း
ရင်ဘတ်တွေက
ဧပြီထက်အပူပြင်းတယ်
ဒုက္ခနှိပ်စက်တဲ့
နောင်တမဲ့ငိုချင်း
ရူးသွပ်စရာမရှိဘူးဆို
ရယ်စရာလဲမလို
ငိုစရာလဲမလိုဘူး
အဲဒီလို
ငါမှားနေပြီလို့ သိလိုက်ချိန်မှာ
ရပ်လို့ မရတော့ ......
ဘ၀တစ်သက်စာ
ငိုချင်းကရက်စက်စွာကပ်ပါလာ
အဆုံးမရှိတဲ့ သောကဗျာပါဒ
သေရာညောင်စောင်းအထိလိုက်ခဲ့တော့မယ်။ ။
ဧပြီထက်အပူပြင်းတယ်
ဒုက္ခနှိပ်စက်တဲ့
နောင်တမဲ့ငိုချင်း
ရူးသွပ်စရာမရှိဘူးဆို
ရယ်စရာလဲမလို
ငိုစရာလဲမလိုဘူး
အဲဒီလို
ငါမှားနေပြီလို့ သိလိုက်ချိန်မှာ
ရပ်လို့ မရတော့ ......
ဘ၀တစ်သက်စာ
ငိုချင်းကရက်စက်စွာကပ်ပါလာ
အဆုံးမရှိတဲ့ သောကဗျာပါဒ
သေရာညောင်စောင်းအထိလိုက်ခဲ့တော့မယ်။ ။
ကကြိုး
မထင်မှတ်တဲ့ဂီတအောက်
နှင်းပွင့်တွေရဲ့ ချိုမြိန်တဲ့ကကြိုး
ငါ့ဘ၀ကိုမိုးထားတုန်း ........
ငါတပ်မက်မိတယ်
ကကြိုး
ဒဏ်ရာတွေမေ့
ဘ၀ဆိုတာဒါလား
အိမ်ပြန်တဲ့လမ်းတိုင်းဟာအချိုမြိန်ဆုံး
ရင်ဘတ်ထဲကအရာအားလုံးဟာကကြိုး
သေဖို့ ကိုခနမေ့ထား
ရိုးတွင်းချဉ်ဆီထဲကကို
တရွရွလှုပ်ခါကနေခဲ့တုန်း .........
သစ္စာမဲ့သစ်ရွက်ခြောက်တွေရဲ့ 
့ရက်စက်တဲ့ဂီတအောက်မှာ
သံယောဇဉ်ကြိုးပြတ်
အချိုးအကွေ့ တစ်ခုပြောင်း
ကကြိုးရပ်ခဲ့..
ဘာမှမကျန်ဘူး
ငိုချင်းစပြီ ........။
နှင်းပွင့်တွေရဲ့ ချိုမြိန်တဲ့ကကြိုး
ငါ့ဘ၀ကိုမိုးထားတုန်း ........
ငါတပ်မက်မိတယ်
ကကြိုး
ဒဏ်ရာတွေမေ့
ဘ၀ဆိုတာဒါလား
အိမ်ပြန်တဲ့လမ်းတိုင်းဟာအချိုမြိန်ဆုံး
ရင်ဘတ်ထဲကအရာအားလုံးဟာကကြိုး
သေဖို့ ကိုခနမေ့ထား
ရိုးတွင်းချဉ်ဆီထဲကကို
တရွရွလှုပ်ခါကနေခဲ့တုန်း .........
သစ္စာမဲ့သစ်ရွက်ခြောက်တွေရဲ့ 
့ရက်စက်တဲ့ဂီတအောက်မှာ
သံယောဇဉ်ကြိုးပြတ်
အချိုးအကွေ့ တစ်ခုပြောင်း
ကကြိုးရပ်ခဲ့..
ဘာမှမကျန်ဘူး
ငိုချင်းစပြီ ........။
Sep 8, 2010
Song
From the depth of darkness,
I heard a certain song.
Singing with soul,
Singing with heart,
Singing with emotion.
Like a stream flowing.
I listened with passion,
And my heart and the song became near.
Under the influence of song,
I forgot to hold my life,
So, I drop it down.
Now, I am not me,
I am not being more.
I am a song now,
Will be going on in these darkness,
Without a life,
But with a song.
Wei Lin Ting (8th, Sept, 2010 at NayPyiTaw)
တေး
ပိန်းပိတ်တဲ့အမှောင်ထုကြား
တေးတစ်ပုဒ်ကိုငါကြား။
ဝိညဉ်နဲ့ ဆိုနေ
နှလုံးသားနဲ့ ဆိုနေ
ခံစားချက်နဲ့ ဆိုနေ
စီးဆင်းနေတဲ့ စမ်းချောင်းလိုလေ။
ဆန္ဒအားနဲ့ ငါကြား
ငါ့နှလုံးသားနဲ့ တေး နီးကပ်သွား။
တေးရဲ့ လွှမ်းမိုးမှုအောက်
ဘ၀ကိုဆွဲကိုင်ထားမို့ မေ့လျော့
ဒီတော့
ငါ လွှတ် ချ မိ။
ခု
ငါဟာငါမဟုတ်
ငါအတ္တတစ်ခုထပ်မရှိတော့
ခု
ငါကတေးတစ်ပုဒ်
ဒီအမှောင်ထုကြားဆက်သွားဦးမှာ
ဘ၀တစ်ခုမပါ
ဒါပေမယ့်တေးတစ်ပုဒ်နဲ့ ပါ။
ဝေလင်းထင်
(၈-၉-၂၀၁၀ နေပြည်တော်)
I heard a certain song.
Singing with soul,
Singing with heart,
Singing with emotion.
Like a stream flowing.
I listened with passion,
And my heart and the song became near.
Under the influence of song,
I forgot to hold my life,
So, I drop it down.
Now, I am not me,
I am not being more.
I am a song now,
Will be going on in these darkness,
Without a life,
But with a song.
Wei Lin Ting (8th, Sept, 2010 at NayPyiTaw)
တေး
ပိန်းပိတ်တဲ့အမှောင်ထုကြား
တေးတစ်ပုဒ်ကိုငါကြား။
ဝိညဉ်နဲ့ ဆိုနေ
နှလုံးသားနဲ့ ဆိုနေ
ခံစားချက်နဲ့ ဆိုနေ
စီးဆင်းနေတဲ့ စမ်းချောင်းလိုလေ။
ဆန္ဒအားနဲ့ ငါကြား
ငါ့နှလုံးသားနဲ့ တေး နီးကပ်သွား။
တေးရဲ့ လွှမ်းမိုးမှုအောက်
ဘ၀ကိုဆွဲကိုင်ထားမို့ မေ့လျော့
ဒီတော့
ငါ လွှတ် ချ မိ။
ခု
ငါဟာငါမဟုတ်
ငါအတ္တတစ်ခုထပ်မရှိတော့
ခု
ငါကတေးတစ်ပုဒ်
ဒီအမှောင်ထုကြားဆက်သွားဦးမှာ
ဘ၀တစ်ခုမပါ
ဒါပေမယ့်တေးတစ်ပုဒ်နဲ့ ပါ။
ဝေလင်းထင်
(၈-၉-၂၀၁၀ နေပြည်တော်)
Aug 29, 2010
မြစ်
သောင်ထွန်း . .
ကျွန်းကလေးများ။
ကမ်းတစ်လျှောက်
မြေသား အက် .. ပြို .. ကွဲ ..
လေညှင်းနဲ့ တံငါလှေတွေကြား
စိမ်းပြာနုပင်လယ်ဆီ
အရောက်သွား ။ ။
ဝေလင်းထက်သွင် (၁၉၉၆)
ကျွန်းကလေးများ။
ကမ်းတစ်လျှောက်
မြေသား အက် .. ပြို .. ကွဲ ..
လေညှင်းနဲ့ တံငါလှေတွေကြား
စိမ်းပြာနုပင်လယ်ဆီ
အရောက်သွား ။ ။
ဝေလင်းထက်သွင် (၁၉၉၆)
အလွမ်း
မညှပ်ဖြစ်ခဲ့တဲ့ဆံပင်ရှည်
ပြာမခြွေဖြစ်ခဲ့တဲ့စီးကရက်
ရေမရောဖြစ်ခဲ့တဲ့အရက်တစ်ခွက်။
အနမ်းမပါ
ကြွေနွမ်းသွားတဲ့
ပွင့်ဖတ်တစ်ဖတ်။
ကြေကွဲတမ်းတမှုအပြည့်နဲ့ 
ဟယ်ရီလင်းရဲ့ 
မီး သီချင်းကိုအဆို . . .
မကြွေဖြစ်ခဲ့တဲ့မျက်ရည်တစ်စက်
ကမ္ဘာမြေ
ကွဲ .. ကြေ .. စွာ ..
နှုတ်ဆက်ရတော့တယ် ။ ။
ဝေလင်းထက်သွင် (၁၉၉၆)
ပြာမခြွေဖြစ်ခဲ့တဲ့စီးကရက်
ရေမရောဖြစ်ခဲ့တဲ့အရက်တစ်ခွက်။
အနမ်းမပါ
ကြွေနွမ်းသွားတဲ့
ပွင့်ဖတ်တစ်ဖတ်။
ကြေကွဲတမ်းတမှုအပြည့်နဲ့ 
ဟယ်ရီလင်းရဲ့ 
မီး သီချင်းကိုအဆို . . .
မကြွေဖြစ်ခဲ့တဲ့မျက်ရည်တစ်စက်
ကမ္ဘာမြေ
ကွဲ .. ကြေ .. စွာ ..
နှုတ်ဆက်ရတော့တယ် ။ ။
ဝေလင်းထက်သွင် (၁၉၉၆)
Aug 17, 2010
INSTALLATION
သောကမှန်သမျှက
အကုန်ဖရိုဖရဲနဲ့ 
လာမယ့်ဒုက္ခတွေက
အစီအစဉ်တကျ။
ကိုယ်ကစိန်မခေါ်ပဲ
ခနခနစိန်ခေါ်ခံရတော့
လက်ဖမောင်းခတ်ချိန်တောင်မရလိုက်ဘူး
ရှုံးပွဲတွေကလည်း စနစ်တကျ။
ငိုသံနဲ့ 
ကယောင်ချောက်ခြား ရင်ခုန်သံဆိုင်းချက်တွေက
special audio effect တွေပေါ့။
အကုန်အမှောင်ချထားတဲ့အထဲ
မှိန်မှိန်ပဲဖြစ်ဖြစ်
မျှော်လင့်ခြင်းလေးတစ်ပွင့်လောက်လင်းလို့ ရမလား။
အကုန်ဖရိုဖရဲနဲ့ 
လာမယ့်ဒုက္ခတွေက
အစီအစဉ်တကျ။
ကိုယ်ကစိန်မခေါ်ပဲ
ခနခနစိန်ခေါ်ခံရတော့
လက်ဖမောင်းခတ်ချိန်တောင်မရလိုက်ဘူး
ရှုံးပွဲတွေကလည်း စနစ်တကျ။
ငိုသံနဲ့ 
ကယောင်ချောက်ခြား ရင်ခုန်သံဆိုင်းချက်တွေက
special audio effect တွေပေါ့။
အကုန်အမှောင်ချထားတဲ့အထဲ
မှိန်မှိန်ပဲဖြစ်ဖြစ်
မျှော်လင့်ခြင်းလေးတစ်ပွင့်လောက်လင်းလို့ ရမလား။
Aug 14, 2010
VIRUS
VIRUS
နှလုံးသားက
spyware ကြောင့်
spyware ကြောင့်
process လုပ်တာ
သိပ်နှေးနေတယ်။
ဦးဏှောက်ကလဲ
Dump memory errors တွေချည်းပြနေတယ်။
အရာတော်တော်များများမှာက
Bad Sector ချည်းပဲ။
ဖြစ်တည်မှုတစ်ခုလုံးကို
install ပြန်လုပ်ချင်တယ်
ဘ၀ကိုများ format ချရမလားမသိဘူး။
သိပ်နှေးနေတယ်။
ဦးဏှောက်ကလဲ
Dump memory errors တွေချည်းပြနေတယ်။
အရာတော်တော်များများမှာက
Bad Sector ချည်းပဲ။
ဖြစ်တည်မှုတစ်ခုလုံးကို
install ပြန်လုပ်ချင်တယ်
ဘ၀ကိုများ format ချရမလားမသိဘူး။
VIRUS
Heart goes slow,
Because of a sypware.
Dump memory errors shown,
From brain.
Bad sectors,
In almost everythings.
Want to re-install my whole existance,
Don't know whether it will or will not be needed to format the life.
Because of a sypware.
Dump memory errors shown,
From brain.
Bad sectors,
In almost everythings.
Want to re-install my whole existance,
Don't know whether it will or will not be needed to format the life.
Jun 14, 2010
ဒုက္ခသစ္စာ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၄)
ပျော်လို့ မဆုံးဘူး
ရသမျှ
အားလုံးသိမ်းကြုံး။
အထုပ်ဖြေတော့
ဘ၀ကိုတပ်မက်တဲ့
ပုပ်ပွနေတဲ့ငါလေ
မသိခဲ့လို့ 
ကိုယ့်ကိုယ်ကို ရက်စက်ခဲ့မိတာ။
ရသမျှ
အားလုံးသိမ်းကြုံး။
အထုပ်ဖြေတော့
ဘ၀ကိုတပ်မက်တဲ့
ပုပ်ပွနေတဲ့ငါလေ
မသိခဲ့လို့ 
ကိုယ့်ကိုယ်ကို ရက်စက်ခဲ့မိတာ။
ဘ၀ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၂)
ဟောဒီဆင်းရဲတွင်းကလေးကို
ဘာနဲ့မှမလဲနိုင်လို့ ပါ။
မရယ်ကြပါနဲ့ 
ငါလေ
ငိုရတာအားမရသေးလို့ ပါ။
ဒီမှာလောကကြီး
ခင်ဗျားပေးသမျှဒုက္ခ
ယူဖို့ လာခဲ့တာ
အဲဒီ ငအ ဟာ
ငါ။
နောက်ထပ် ငါ အသစ်ဖြစ်ဖို့ 
အခုထုပ်ပိုးပြင်ဆင်ထားတယ်
ငါဆိုတဲ့ စက်ရဟတ်
လည်နေဦးမှာ။
ငါ့အရိုးပုံတွေကြား
အခု ငါ့မသာငါချဦးမယ်
ကြားကြရဲ့ လား
နောက်ထပ်ငါအသစ်တစ်ခုရဲ့ ခေါ်သံများ။ ။
ဘာနဲ့မှမလဲနိုင်လို့ ပါ။
မရယ်ကြပါနဲ့ 
ငါလေ
ငိုရတာအားမရသေးလို့ ပါ။
ဒီမှာလောကကြီး
ခင်ဗျားပေးသမျှဒုက္ခ
ယူဖို့ လာခဲ့တာ
အဲဒီ ငအ ဟာ
ငါ။
နောက်ထပ် ငါ အသစ်ဖြစ်ဖို့ 
အခုထုပ်ပိုးပြင်ဆင်ထားတယ်
ငါဆိုတဲ့ စက်ရဟတ်
လည်နေဦးမှာ။
ငါ့အရိုးပုံတွေကြား
အခု ငါ့မသာငါချဦးမယ်
ကြားကြရဲ့ လား
နောက်ထပ်ငါအသစ်တစ်ခုရဲ့ ခေါ်သံများ။ ။
Jun 11, 2010
သမုဒယသစ္စာ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၁)
ပညာမရှိတော့
နွံထဲမှာပျော်တယ်။
ငါ . . ငါ. . ငါ . .
အကြိမ်ကြိမ်မြည်တမ်း
ဒီဇာတ်လမ်းမှာ
ငါ က ဇာတ်လိုက်။
ဟောဒီမှာ
မင်းရှိတယ်
ငါရှိတယ်
သူရှိတယ်
ဘာလိုသေးလဲ
ရုန်းမကြည့်ချင်ဘူး
ဆူးရှိရင်လဲစူးပစေ။
အလင်းပြလဲမမြင်
ဒီအမှောင်မှာ ပျော်မြူး
နာတာတွေလဲလာ
ပူတာတွေလဲလာ
ဒီဒဏ်ရာတွေကိုပွတ်သပ်ရင်း
ဟိုးအမှောင်အနက်ဆုံးထဲ
ထပ်သွားဦးမယ် လာ
အဲဒါ
တစ်ကယ်မရှိတဲ့ ငါ။ ။
နွံထဲမှာပျော်တယ်။
ငါ . . ငါ. . ငါ . .
အကြိမ်ကြိမ်မြည်တမ်း
ဒီဇာတ်လမ်းမှာ
ငါ က ဇာတ်လိုက်။
ဟောဒီမှာ
မင်းရှိတယ်
ငါရှိတယ်
သူရှိတယ်
ဘာလိုသေးလဲ
ရုန်းမကြည့်ချင်ဘူး
ဆူးရှိရင်လဲစူးပစေ။
အလင်းပြလဲမမြင်
ဒီအမှောင်မှာ ပျော်မြူး
နာတာတွေလဲလာ
ပူတာတွေလဲလာ
ဒီဒဏ်ရာတွေကိုပွတ်သပ်ရင်း
ဟိုးအမှောင်အနက်ဆုံးထဲ
ထပ်သွားဦးမယ် လာ
အဲဒါ
တစ်ကယ်မရှိတဲ့ ငါ။ ။
တဏှာ၊ ဥပါဒါန (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၀)
ငါလိုချင်တာတွေ
ငါမရချင်တာတွေ
အကြိမ်ကြိမ်တမ်းတမိတယ်
အကြိမ်ကြိမ် ငြင်းဆန်မိတယ်။
အဲဒီကန့် လန့် ကာအထပ်ထပ်ကြား
မရပ်မနားသွားရင်းနဲ့ လေ
ငါ
လိုချင်တယ်
မရချင်ဘူး
ဘာမှမသိတော့ဘူး
အရူးအမူး ။ ။
ငါမရချင်တာတွေ
အကြိမ်ကြိမ်တမ်းတမိတယ်
အကြိမ်ကြိမ် ငြင်းဆန်မိတယ်။
အဲဒီကန့် လန့် ကာအထပ်ထပ်ကြား
မရပ်မနားသွားရင်းနဲ့ လေ
ငါ
လိုချင်တယ်
မရချင်ဘူး
ဘာမှမသိတော့ဘူး
အရူးအမူး ။ ။
ဝေဒနာ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၉)
ကောင်း၊ ဆိုး၊ အလတ်
ဝေဒနာကသုံးရပ်
အဲဒီလောင်စာအားနဲ့ 
သံသရာရထားကိုမောင်း။
ဘ၀အစဉ်အဆက်ဆက်မှာ
ရချင်တဲ့ ဝေဒနာက မရ
မရချင်တဲ့ ဝေဒနာက ရ
တက်မက်သမျှ အကုသိုလ်
နာကျည်းသမျှ အကုသိုလ်။
ပညာဉာဏ်စင်မတက်သေးသမျှ
တစ်ဘူတာတက် တစ်ဘူတာဆင်း
ယူလာသမျှက ပူလောင်ခြင်း။
ဝေဒနာကသုံးရပ်
အဲဒီလောင်စာအားနဲ့ 
သံသရာရထားကိုမောင်း။
ဘ၀အစဉ်အဆက်ဆက်မှာ
ရချင်တဲ့ ဝေဒနာက မရ
မရချင်တဲ့ ဝေဒနာက ရ
တက်မက်သမျှ အကုသိုလ်
နာကျည်းသမျှ အကုသိုလ်။
ပညာဉာဏ်စင်မတက်သေးသမျှ
တစ်ဘူတာတက် တစ်ဘူတာဆင်း
ယူလာသမျှက ပူလောင်ခြင်း။
ဖဿ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၈)
မြင်သမျှ၊ ကြားသမျှ၊ ထိသမျှ
မက်လိုက်တဲ့ဒီအာရုံ။
ပန်းပွင့်နဲ့လှည့်ဖျား
ဆူးခက်တွေကြားမှာ
ရုံးမရတဲ့ခြုံ။ ။
မက်လိုက်တဲ့ဒီအာရုံ။
ပန်းပွင့်နဲ့လှည့်ဖျား
ဆူးခက်တွေကြားမှာ
ရုံးမရတဲ့ခြုံ။ ။
Jun 10, 2010
သဠာယတနံ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၇)
ထိခဲ့တယ်
အဲဒါ သိဖို့ ။
သိခဲ့တယ်
အဲဒါ ငြိဖို့ ။
ငြိသမျှလဲ မရုန်းချင် ...
ထိသမျှလဲ မဆုံးချင် ...
သုခ၊ ဒုက္ခ
ဝေခွဲလို့  မရ။ ။
အဲဒါ သိဖို့ ။
သိခဲ့တယ်
အဲဒါ ငြိဖို့ ။
ငြိသမျှလဲ မရုန်းချင် ...
ထိသမျှလဲ မဆုံးချင် ...
သုခ၊ ဒုက္ခ
ဝေခွဲလို့  မရ။ ။
Subscribe to:
Comments (Atom)