Jun 14, 2010

ဘ၀ (ပဋိစ္စသမုပ္ပါဒ်ကဗျာများ-၁၂)

ဟောဒီဆင်းရဲတွင်းကလေးကို
ဘာနဲ့မှမလဲနိုင်လို့ ပါ။
မရယ်ကြပါနဲ့ 
ငါလေ
ငိုရတာအားမရသေးလို့ ပါ။

ဒီမှာလောကကြီး
ခင်ဗျားပေးသမျှဒုက္ခ
ယူဖို့ လာခဲ့တာ
အဲဒီ ငအ ဟာ
ငါ။

နောက်ထပ် ငါ အသစ်ဖြစ်ဖို့ 
အခုထုပ်ပိုးပြင်ဆင်ထားတယ်
ငါဆိုတဲ့ စက်ရဟတ်
လည်နေဦးမှာ။

ငါ့အရိုးပုံတွေကြား
အခု ငါ့မသာငါချဦးမယ်
ကြားကြရဲ့ လား
နောက်ထပ်ငါအသစ်တစ်ခုရဲ့ ခေါ်သံများ။ ။

No comments:

Post a Comment