Mar 27, 2011

ကလေကချေ (၃)

ငါမရှိတဲ့အရပ်တွေ
ငါရောက်ရောက်နေ
ဘ၀ဆိုတာ
အရူးအိပ်မက်လေလား
လေပြေဆိုတာမသေချာပေမယ့်
မုန်တိုင်းနဲ့ နွေဆိုးကကျ
ခု ဆို ခု
တိကျရေရာလွန်းလို့။
မကြာခဏဆိုသလိုပဲ
နားထဲ
အသွား အပြန်
နှုတ်ဆက်သံတွေညံနေတယ်
ငါမှားနေလား
ဝဋ်ကြွေးတွေကမှားနေတာလား။
မိုက်မဲမှုတစ်ရာ
သက်ပြင်းတစ်သိန်း
ဒုက္ခ ကဋေကဋာပါတဲ့
ငါ့ကျောပိုးအိတ်က
စက္ကန့်မရွေး
ငါ့အပေါ်ခုန်တက်လာဖို့
အသင့်အနေအထား။
ဝင်သက်တွေထဲ
မျှော်လင့်ချက်နည်းနည်း
ရှုသွင်းကြည့်မိတော့
နှလုံးသားနဲ့အမျှ
ရှင်သန်မှုနဲ့အမျှ
အေးစက်မှုန်မှိုင်း
နှင်းမိုးများမစဲခဲ့ရ .......................

No comments:

Post a Comment