မကျေမနပ် ဆဲဆိုသံတွေ
မိုက်တိမိုက်ကန်း ငါ့မျက်လုံးများ
အသံ အစစ်ကိုက အတုဖြစ်နေတာကြာ
သေနတ်အတုနဲ့ ထုတ်ထုတ်ချိန်
လက်သီးအစစ်နဲ့ အထိုးခံရတာ ခနခန
ဘယ်လိုဖြစ်ဖြစ် မတရားတာက ငါ
သွေးသံရဲ ရဲကြားက
လက်ခုပ်သံများ
နားနှစ်ဖက်ပိတ်ထားရက်နဲ့
မရပ်မနားကြား.............................။
No comments:
Post a Comment