May 31, 2010

To A Tearing Child

Little Child,
What's in your mind?
Although we aren't blinds,
We have never seen for a while!!!

Is it a drop of tear,
or your fear for future?

Why do you cry?
For a sound of gun shoot?
Or do you hungry on move?

Pardon us child,
we must take care of your claim,
And must dry your eyes!

I kiss and pray for you child,
May a day be come,
When you will be peace in mind!

Our Love

Love cannot be touched,
But by our hearts.
Love cannot be seen,
But in our romantic dreams.
Love cannot be heard,
But we know our hearts beat fast.
In this way,
We found our love.
In this love,
We tie each other and will not part.

You Always With Me

Time is not so important,
Place is not so important,
Because you are always in my heart.
Snow from sky,
Grass at ground,
Meet with the morning song.
Moon at space,
Meet water in lake with embrace.
So we are not far away,
If you are in my heart still.

ရက်စက်သူသို့တမ်းချင်း

ငါကြေကွဲရတာကိုမင်းမေ့လိုက်ပါ
မင်းရက်စက်ခဲ့တာကိုငါမေ့ထားသလို။

ငါ့ငိုသံကို
မင်းတို့ရယ်သံတွေက လှောင်ပြောင်တဲ့အခါ
မင်းတို့ရယ်သံတွေကို
ငါ့ငိုသံက
ခြောက်လှန့်နေမှာ။

ကြယ်တွေဘယ်လောက်များများ
ဟောဒီလတစ်ခြမ်းပဲ့လောက်မလင်းနိုင်တာ
လမိုက်တဲ့အခါ
မင်းသိမှာပါ။

မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာမပါတဲ့အခါ
မင်းတို့အနမ်းတွေရဲ့အဓိပ္ပါယ်ကို
ငါ
မတွေးမိအောင်ကြိုးစားနေရတာပါ။

တစ်ဘ၀မှာ ဘယ်နှခါချစ်လို့ရသလဲ
အဖြေမသိဘူးလား
အဖြေမရှိဘူးလား
မဖြေတတ်ဘူးလား။
ရဲရဲကြီးဖြေ၀ံ့တဲ့ငါလေ
အခု
နှလုံးသားကွဲကြေနေတာ။

လင်းဝေး

2002 ခုနှစ် ဧပြီ၊ သင်္ကြန်ကာလ ရန်ကုန်ကိုစွန့်လို့ လင်းဝေးဆီသွားခဲ့တယ်။ အလင်းတွေနဲ့ ဝေးတဲ့ဆီကိုပေါ့။ အဲဒီမှာ လျှပ်စစ်မီးမရှိဘူး။ လိမ္မော်သီး လှလှတွေရှိတယ်။ စကားပြောဖို့တောင်ရှက်တဲ့ ပအို့မလေးတွေရှိတယ်။ မနက်မိုးလင်းရင် တောင်တန်းတွေပေါ်ကို ကျောပိုးအိပ်လွယ်ပြီးတက်။ ညမှောင်မှ ရွာပြန်လာ။ ရေမချိုးရတာ ၄ရက်။ ရေချိုးဖို့ စမ်းချောင်းကို နာရီဝက်ဆင်းရတယ်။ ပြီးရင် နာရီဝက်ပြန်တက်ရတယ်။ အဲဒီက ရမ်နဲ့ အသဲကွဲသီးဖျော်ရည်ရောထားတဲ့ဟာကို ညည ဆိုသောက်ဖြစ်တယ်။ လိမ္မော်သီးစားချင်တယ်ဆိုလို့ ရွာက တောင်းနဲ့တစ်တောင်းလာပေးတယ်။ ကွမ်းစားချင်တယ်ဆိုလို့ ကလေးတစ်ယောက်က သူ့မှာပါတဲ့ ကွမ်းရွက်ကွမ်းသီးထုံးဆေး အစုံပါတဲ့ အထုပ်တစ်ထုပ်လုံးပေးခဲ့တယ်။ သင်္ကြန်တွင်း ကျတော့ သူငယ်ချင်းသုံးယောက် ရှားရှားပါးပါး သောက်ရေခွက်နဲ့ တစ်ခွက်စီ အလောင်းခံ ရတာမမေ့ဘူး။

ကျောက်တောရွာကပြန်လာတော့ ဆရာကပြောတယ် ငါကွာ ထောပတ်ပင်တွေ့ခဲ့တယ် အသီးတွေအများကြီးပဲ ၀ယ်မယ်ဆိုတော့ မရောင်းဘူး ပြောတယ် တဲ့။ ညနေစောင်းကျတော့ အဖိုးအိုတစ်ယောက် အထုပ်ကြီးထမ်းလို့ ရောက်လာတယ်။ ဒီကဆရာရောတဲ့မေးတယ်။ အဖိုးကိစ္စရှိရင် ပြောပါဆိုတော့။ နေ့လည်က ထောပတ်သီးလိုချင်တယ်ပြောလို့ အခုလိုက်ပို့တာတဲ့။ အဖိုးရာအလေးခံလို့ နေ့လည်ကရောင်းလိုက်ပြီးရောဆိုတော့။ မရောင်းပါဘူးတဲ့ ပေးလိုက်ရင် သယ်နေရမှာစိုးလို့ အခုလိုက်ပို့တာတဲ့။ အဖိုးအသက်က ၇၅ နှစ်တဲ့။ ကျွန်တော်တို့ မောဟိုက်အောင်တက်ရတဲ့ ချောက်ကို အဖိုး ထောပတ်သီး အလုံး ၅၀ လောက်နဲ့ တက်လာခဲ့ရတယ်။ သူ့စေတနာက ကျွန်တော့်ရင်ထဲကို ဆို့ သွားတာပဲ။

ဆေးလိပ်ပြတ်ကုန်လို့ ရွာရဲ့ တစ်ခုတည်းသောကုန်စုံဆိုင်ကိုသွားတယ်။ ဗွီဒီယိုလဲပြတော့ အ၀မှာ ဆိုင်းဘုတ်ရေးထားတယ်။ ဖတ်ကြည့်တော့ ဘာကားမှန်းမသိဘူး။ အထဲရောက်တော့မေးကြည့်တယ် ဘာတွေရေးထားလဲလို့ပေါ့။ ရေးတဲ့ကောင်မလေးက ၄ တန်းအထိနေဖူးတယ်တဲ့။
သူပြောတာကတော့ အခွေ အဖုံးကစာတွေ ကူးရေးလိုက်တာပဲတဲ့။ ဖတ်လို့နားမလည်ဘူးလို့ သူ့ကိုပြောတော့ ရယ်တယ်။
နားလည်စရာမလိုပါဘူးတဲ့ တစ်ရွာလုံးစာမဖတ်တတ်တဲ့ လူက အများစုပဲတဲ့။ ရေးထားရင် ဗွီဒီယို ဒီညပြမယ်ဆိုတာသိတာပဲတဲ့။
ကျွန်တော့် ရင်ထဲမကောင်းလိုက်တာ။

ရွာလူကြီးကိုမေးကြည့်တယ် မူလတန်းကျောင်းက စာမသင်ဘူးလားလို့။မသင်ဖြစ်ပါဘူး။ ဆရာတွေက ခနလာလိုက် ပညာရေးမှူးရုံး သွားမယ်ဆိုပြီး မြို့တက်သွားလိုက်၊ ပြန်ပေါ်မလာလိုက်နဲ့။ တစ်ယောက်မှ တစ်လကြာအောင်မနေကြပါဘူးတဲ့။ ဆိုးလိုက်တဲ့အဖြစ်ဗျာ။ ကျွန်တော်ဆုံးဖြတ်ချက်တစ်ခု ချမိခဲ့တယ်။ ငါ ဘွဲ့ရရင် ဒီလိုရွာတွေလာ ကျောင်းဆရာလုပ်မယ်ဆိုပြီးလေ။ ကျွန်တော် ဟိုးအဝေးကြီးရောက်နေတုန်း လင်းဝေးကိုသတိရတယ်။ ကဗျာကလေးရေးမိတယ်။ ပြန်သွားမယ်ဆိုပြီးတော့ပေါ့။

လင်းဝေး

မြို့ပြအလင်းတွေနဲ့ဝေးလို့များ
လင်းဝေးလို့ခေါ်သလားလင်းဝေး။
တုံးမောင်းမခေါက်ခင်
မျက်နှာထသစ်တဲ့လင်းဝေး။
နင့်ဗုံသံတွေကြားမှာ တောင်တန်းတွေကနေတာ
မမေ့နိုင်သေးဘူး။
သင်္ကြန်တစ်ခုလုံးမှ
ရေတစ်ခွက်ထဲလောင်းတဲ့လင်းဝေး၊
မျက်လုံးခါးခါး
အဓိပ္ပါယ်ခါးခါး
အမုန်းခါးခါးတွေများတွေ့ရင်
နင့်ရင်ဘတ်ထဲက
လိမ္မော်သီးတွေကို မမေ့နိုင်ဘူး။
တောင်တန်းတွေကြားထဲက
စမ်းချောင်းလေးမှာ
ရေချိုးဖို့စောင့်နေတဲ့ လင်းဝေး
ငါပြန်လာရင်နင်ဝမ်းသာဦး။

နောက်ဆုံးကျတော့ ကျွန်တော်ဆိုတဲ့ကောင်က တစ်လမပြည့်အောင်မနေတဲ့ ကျောင်းဆရာလောက်တောင် အဖြစ်မရှိပါဘူး။
ဒီပုတ်ထဲကဒီပဲပါပဲ။ တော်ရာ လျော်ရာအလုပ်တစ်ခု ၀င်လုပ်။ ဘ၀ကိုမသေရုံတမယ် အသက်မွေးနေခဲ့တာပါပဲ။
အမှန်က ကျွန်တော့်လိုကောင်တွေများနေလို့ မြန်မာနိုင်ငံမှာ စာမတတ်သေးတဲ့ နေရာတွေရှိနေသေးတာပါ။

ကျွန်တော်ချစ်တဲ့ဧရာဝတီ

တည်ငြိမ်တဲ့သူ့ရဲ့ရေအလျဉ်၊ ရင့်ကျက်တဲ့ရေပြင်။

ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ၊ ရာဇ၀င်သစ်တို့မွေးဖွားရာ။

ဧရာဝတီဆိုတာက ကျွန်တော့်ရင်ထဲမှာ ဂီတသံတွေနဲ့အတူ ငယ်ကတည်းကစွဲခဲ့တာ။
၁၈နှစ်သားမှာ ဂစ်တာတစ်လက်ဆွဲလို့ ဧရာဝတီဆီကိုထွက်ခဲ့တယ်။
ကျွန်တော် သူ့ကျောကိုပိုးစီးလို့ လူငယ်တစ်ယောက်အိမ်မက်ကိုမက်ခဲ့တာပေါ့။
အဲဒီတုန်းက မြစ် ဆိုတဲ့ကဗျာလေးကိုရေးဖြစ်ခဲ့တယ်။

မြစ်

သောင်ထွန်း . .
ကျွန်းကလေးများ။
ကမ်းတစ်လျှောက် . .
မြေသားအက်ပြိုကွဲ။
လေညှင်းနဲ့ တံငါလှေတွေကြား . .
စိမ်းပြာနု ပင်လယ်ဆီအရောက်သွား။

၁၉၉၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ညက ကျွန်တော် ဧရာဝတီရဲ့ အလယ်တည့်တည့်မှာ တစ်ညတာရပ်နားခဲ့ရတယ်။
လမင်းကိုကြည့် ဧရာဝတီကိုကြည့်နဲ့ အိပ်ဖို့ကိုမစဉ်းစားခဲ့မိဘူး။
တည်ငြိမ်တဲ့သူ့ရဲ့ ရေအလျဉ်၊ ရင့်ကျက်တဲ့ရေပြင်။
မေ့လို့မရဘူး။ ဧရာဝတီက ကျွန်တော့်အချစ်ဦးပဲ။

ပြည်ရောက်တော့ ဧရာဝတီဘေးမှာ မှတ်မှတ်သားသား မိန်းကလေး ၂ မျိုးကိုတွေ့ခဲ့ရတယ်။ တစ်မျိုးကိုကျွန်တော် အလေးအမြတ်ပြုလို့ တစ်မျိုးကို စိတ်ထဲမှာ ကိုယ်ချင်းစာပေးဖို့ခက်လာခဲ့တယ်။ နေ့ဘက်ဆို ပြည်ကမ်းနားမှာ ယောက်ျားတစ်ယောက်မနည်းမရတဲ့ ကျောက်စရစ်တောင်းတွေကို ခေါင်းပေါ်ရွက်လို့ ကမ်းပါးကို ပြေးတက်လိုက် ပြေးဆင်းလိုက်လုပ်နေတဲ့ မိန်းကလေးတွေ။ ကျွန်တော် စာနာလို့မဆုံးဘူး။ သူတို့ကတော့ ပါးကွက်ကြား မပျက်သီချင်းတစ်အေးအေးနဲ့ စလိုက် နောက်လိုက် ပျော်လို့။ ညဘက်ဆို ပြည်ကမ်းနားမှာ မိတ်ကပ်တွေလိမ်းလို့ စီးကရက်တွေ မီးညှိလို့ (မသောက်ပဲကိုင်ထားတာကများတယ်) ကျွန်တော် နေ့ခင်းဘက်က ပါးကွက်ကြားတွေကိုမြတ်နိုးသလောက် စာနာသလောက် သူတို့မိတ်ကပ်တွေကို ရင်ထဲဘယ်လို ခံစားရမလဲ မသိဘူး။

အမရပူရ ရွှေကြက်ယက်ဆိပ်မှာ အအိပ်ကြီးတဲ့ ကျွန်တော်က မနက်မနက်ဆို အစောထဖြစ်တယ်။ ဟိုးတစ်ဘက်ကမ်းက စာသင်သားတွေ စာအံ နေတယ်။ ဒီဘက်ကမ်းကနေကျွန်တော် ငုတ်တုပ်ကလေးထိုင်လို့။ ဧရာဝတီကိုငေးလိုက်။ စစ်ကိုင်းတံတားကိုငေးလိုက်။ လှေကလေးတွေကြည့်လိုက်။
ငေးလို့ဝရင် ဂစ်တာဆွဲပြီး သီချင်းတစ်ပုဒ်ညည်းဖြစ်တယ်။ ဘာသီချင်းဖြစ်မယ်ထင်လဲ။ ခင်ဗျားထင်သလို နဒီမင်္ဂလာ။
ဟိုးတစ်ဘက်ကမ်းကတရားဒေသနာ၊ အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား။
နှလုံးသားကတော့ လတ်လတ်ဆတ်ဆတ်အေးအေးမြမြပါ။ ဟန်ဆောင်နှစ်သိမ့်စရာလဲ မရှိခဲ့ပါဘူး။

၂၀၀၈-၂၀၀၉ ကျွန်တော်မကွေးမှာ တံတားနားက မိုနာလီဇာကို မကြာမကြာရောက်တယ်။
စကပ်တိုလေးတွေ မလုံမလဲလေးတွေ ကြည့်ရတာထက်၊ ကျွန်တော့်ရဲ့ ဧရာဝတီကို ကြည့်ရတာကို ပိုချစ်တယ်။
ဟိုအရင်ကလို မြစ်ပြင်ကျယ်ကြီးမဟုတ်ပဲ ရေလယ်သောင်ကြီးထွန်းနေလဲ ဧရာဝတီကလှနေတုန်းပဲ။
ဧရာဝတီရဲ့လေက အရင်လိုပဲ။ ဧရာဝတီရဲ့ အငွေ့အသက်က ကျွန်တော့်ကို မစိမ်းသေးဘူး။
၂၀၀၉ ဟင်္သာတမှာ ဦးပါရဲဘုရားကို ညတိုင်းသွား၊ အလှမ်းဝေးနေတဲ့ ဧရာဝတီဆီကို လှမ်းငေး။
ကျွန်တော် ဧရာဝတီကို မရိုးသေးဘူး။
အခွင့်ရရင် ဧရာဝတီကျောကိုစီး။ ကျွန်တော် ဟိုးအဝေးကြီးဆီအထိသွားချင်သေးတယ်။
ကျွန်တော့် သွေးကြောတွေထဲမှာ ဧရာဝတီ စီးတုန်းပဲ။

May 30, 2010

လူငယ်ဆိုတာမှန်ရမယ်

လူငယ်ဆိုတာမှန်ဖို့လိုတယ်။ လူငယ်တွေကမှမမှန်ခဲ့ရင် အနာဂတ်မှာ အမှန်ဆိုတာရှိလာမှာမဟုတ်ဘူး။ တချို့ လူငယ်တွေက မှန်တယ်ထင်ရင် ဘာမှဂရုမစိုက်ဘူးဆိုတာအမြဲပြောတတ်ကြတယ်လေ။ တကယ်မှန်ဖို့တော့လိုတယ်။ တကယ်မှန်တာကိုဆို ဘာကိုမှလှည့်မကြည့်ပဲ လုပ်သင့်ရင် လုပ်ရမယ်။

တစ်ခါက အိမ်နားမှာ ည ၁ နာရီလောက်အထိ ကောင်လေးတွေ ဂစ်တာလာတီးကြတယ်။
အဲဒါနဲ့ အိမ်နားကအဒေါ်ကြီးတစ်ယောက်က ထပြောတယ်။ နင်တို့ သူများတွေအိပ်နေကြပြီ တော်ကြပါတော့ဆိုတော့။ ကလေးတစ်ယောက်က ထပြောတယ် ကျုပ်တို့က မှန်တယ်ထင်ရင်ဂရုမစိုက်ဘူးဗျတဲ့။ ဆက်တီးတယ်။ ဘယ်သူမှဆက်မပြောကြဘူး။ သူတို့က မူးနေကြတာကိုး။

ကောင်မလေးတစ်ယောက်ကို သူ့ကောင်လေးတွေအများကြီးထဲက တစ်ယောက်က တောင်းဆိုတယ်။ တစ်ခြားယောက်ျားလေးတွေနဲ့ သိပ်မတွဲပါနဲ့ တဲ့။ ကောင်မလေးက နင်မကြိုက်ရင်ငါ့ကိုဖြတ်သွား ငါကမှန်တယ်ထင်ရင်လုပ်မှာပဲတဲ့။

မှန်တယ်ထင်တဲ့သူတစ်ချို့က လမ်းထိပ်မှာ မူးပြီးရန်ဖြစ်နေကြတယ်။ မှန်တယ်ထင်တဲ့ သူတစ်ချို့က သင်္ကြန်မှာ မပေါ်ရုံတမယ်ဝတ်ပြီး လူကြားထဲ sexy dance ကနေကြတယ်။

မှန်တယ်ဆိုတဲ့အရာမှာ ဂုဏ်အရည်အချင်းရှိတယ်။
၁။ အမြဲတမ်းမဖေါက်မပြန်သောသဘောရှိရတယ်။ (ဘယ်အချိန်ပြန်တွေးတွေး ငါမှန်ခဲ့တယ်လို့ဖြစ်ရမယ်)
၂။ လူ့အသိုင်းအ၀ိုင်းနဲ့ ပါတ်ဝန်းကျင်အားလုံးကလက်ခံရမယ်။ ( ကိုယ့်အသိုင်းအ၀ိုင်းတင်မဟုတ်၊ ဘယ်လိုလူကကြည့်ကြည့်
မှန်တယ်လို့ လက်ခံရမယ်)
၃။ ကိုယ့်အကျိုး ဒါမှမဟုတ် သူများအကျိုး ဒါမှမဟုတ် အများအကျိုး တစ်ခုခုတော့ အနည်းဆုံးရှိရမယ်။

ကိုယ့်ဆန္ဒကိုပြည့်စုံရုံနဲ့ မှန်တာမဟုတ်ဘူး။ လူဟာ သူ့ဆန္ဒတစ်ခုထဲကို ဖြည့်ဆည်းတယ်ဆိုရင် လူ့အရည်အချင်းမပြည့်တော့ဘူး။
ဟိုခေတ်က ဗိုလ်ချုပ်တို့ လူငယ်တွေ မှန်ခဲ့လို့ ကျွန်တော်တို့ အခု ဒီလိုနေရတယ်။ အခု ကျွန်တော်တို့ မှန်မှ နောက်လူတွေ အတွက် အမွေကောင်းတွေကျန်ခဲ့မယ်လေ။ ကိုယ့်သားကိုယ့်မြေးကမှ အဖိုးတို့ အဖေတို့ကလဲ လူငယ်ဘ၀တုန်းက ဘာမှလဲ ဟုတ်ခဲ့တာ မဟုတ်ပါဘူးဆို ခင်ဗျား နောင်တပြန်ရလိမ့်မယ်။ ဒါ့ထက်ဆိုးတာက အဖေတို့ အဖိုးတို့ ငယ်ငယ်က သူများနှာခေါင်းရှုံ့မှာတွေ လုပ်ခဲ့တာကိုးဆို။ သေပစ် လိုက်ဖို့တောင်ကောင်းတယ်။ သူတို့အတွက်ကျွန်တော်တို့က ဘယ်အချိန်ပြန်ကြည့်ကြည့် နမူနာပဲဖြစ်သင့်တယ်။

မှန်ပါ မမှားပါနဲ့။ ဘယ်အချိန်တွေးတွေး နောင်တရစရာမရှိအောင်မှန်စမ်းပါ။ ဘယ်ဘက်ကကြည့်ကြည့် ကောင်းတယ်ထင်အောင် မှန်စမ်းပါ။ မှားခဲ့ရင်လဲ အမှန်ကိုပြန်ပြောင်းသင့်ပါတယ်။ အခုအချိန်ကစပြီး မှန်ရမယ်ဆိုပြီး အဖေအမေကကြည့်ကြည့် ချစ်သူဘက်က ကြည့်ကြည့် ပါတ်ဝန်းကျင်က ကြည့်ကြည့် မှန်လိုက်ကြရအောင်ဗျာ။