မကျေမနပ် ဆဲဆိုသံတွေ
မိုက်တိမိုက်ကန်း ငါ့မျက်လုံးများ
အသံ အစစ်ကိုက အတုဖြစ်နေတာကြာ
သေနတ်အတုနဲ့ ထုတ်ထုတ်ချိန်
လက်သီးအစစ်နဲ့ အထိုးခံရတာ ခနခန
ဘယ်လိုဖြစ်ဖြစ် မတရားတာက ငါ
သွေးသံရဲ ရဲကြားက
လက်ခုပ်သံများ
နားနှစ်ဖက်ပိတ်ထားရက်နဲ့
မရပ်မနားကြား.............................။
cephalopod ရဲ့ အတွေးများ
ကျွန်တော်ချစ်တဲ့ အကြောင်း၊ မုန်းတဲ့အကြောင်း။ ဖြစ်ချင်တာ၊ မဖြစ်ချင်တာ။ ဖြစ်ခဲ့တာ၊ မဖြစ်ခဲ့တာ။ သိခဲ့တာ၊ မသိခဲ့တာ။
Sep 18, 2011
ကျွန်တော်တို့ရပ်ကွက်ထဲ သောက်ရေကန်တစ်ကန် ရှိခဲ့တဲ့အကြောင်း
(၁)
ကျွန်တော်တို့ ရပ်ကွက်ထဲမယ် သောက်ရေကန်တစ်ကန်ရှိတယ်ဗျ။ ရှိတယ်ဆိုတာထက် ရှိခဲ့တယ်ဆို ပိုမှန်မယ်ပေါ့ဗျာ။ဘာလို့လဲဆိုတော့ ခုအဲ့ဒီရေကန်ကရေက သောက်လို့ မရတော့ဘူး။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကြာတွေအပြည့်နဲ့
ရေကလဲ အရမ်းကောင်းတဲ့ ရေကန်ကြီးပေါ့။ ဖေဖော်ဝါရီလလောက်ဆို ရေခန်းတယ်။ ကန်ရေခန်းပြီဆို ကျွန်တော်တို့ ရပ်ကွက်
သားတွေ ဒုက္ခရောက်တာပဲ။ အ၀ီစိရေက သောက်လို့မရတော့ သောက်ရေအတွက် အဝေးကို လှည်းနဲ့ သွားတွန်းရတယ်လေ။ လှည်းနဲ့ မတွန်းနိုင်ရင် ရေထမ်းနဲ့သွားထမ်းရတာပေါ့။ နွေရာသီရေဒုက္ခ က အတော်ကြီးကျယ်တယ်။ ရေကန် ရေခန်းပြီဆို ရပ်ကွက်ထဲက လူတွေက မြေကြီး တူးပြီးအိမ်တွေမှာ မြေအနိမ့်ကို ဖို့ကြတယ်။ အိမ်ဖို့တယ်ဆိုတာထက် ရေကန် နည်းနည်းပိုနက် ရင် နောင်နှစ်တွေရေများများ ဆန့်မယ် ရေပိုနေမယ် ဆိုတဲ့ စေတနာပါ။ တစ်ဦးကို နည်းနည်းတော့ တူးလိုက်ကြတာပဲ။
ကန်က မြစ်နဲ့ နည်းနည်းနီးတော့ အရမ်းလဲ မတူးရဲဘူး မြစ်က ရေငန်ဝင်တယ်လေ။ အဲ့လိုဆိုတော့ မြစ်ရေသာ အောက် မှာ ပေါက်ရင်
ကန်ရေက သောက်လို့ ရတော့မှာမဟုတ်ဘူးကိုး။ကန်နဲ့ မြစ်နဲ့က နီးဆို ကိုက် ၂၀၀ ထက်ပိုမဝေးဘူး။ ပြီးတော့ရပ်ကွက်ထဲ ရေတွင်းတူး လိုက်တိုင်း အောက်က ရေငံတွေ လိုက်လိုက်လာတာမြင်နေရတာကိုး။
(၂)
မှတ်မှတ်ရရ။ ကျွန်တော်တို့ ၇ တန်း နှစ်၊ ကန်ရေခန်းတဲ့ အချိန်၊ မတ်လပေါ့။ ရပ်ကွက်လူကြီးတွေ ရေကန်ဘောင်တစ်ဖက်ကို
ဖဲ့ချနေတာ တွေ့တော့ စပ်စုကြည့်တာပေါ့။ ဘာလုပ်မှာတုန်း ဆိုတော့။ ရေကန်ကြီးပိုနက်အောင် တူးမယ် ရတဲ့မြေကြီးကို ကားတွေ
နဲ့ သယ်မယ်တဲ့။ နောက်ရက်တွေကျတော့ တကယ်ပဲ လူတွေအများကြီးနဲ့ လာတူးကြတာပဲ။ ပြီးတော့ မြေကြီးတွေကိုကားတွေနဲ့ သယ်သယ်သွားတယ်။ ထူးခြားတာက ရပ်ကွက်လူကြီးတစ်ယောက်ရဲ့သားက ကားတွေဆီက ပိုက်ဆံထိုင်ကောက်နေတာပဲ။
တစ်စီး ၂၀၀၊ ၃၀၀ ကောက်တယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ အလုပ် တစ်ညလုံးလုပ်မှ ၇၅ ကျပ်လောက်ရဖို့ အနိုင်နိုင်ဗျ။
ဒီကောင်ကတော့ ပိုက်ဆံတွေကောက် သုံးလိုက် စားလိုက်နဲ့။ စပ်စုကြည့်တော့ ပိုက်ဆံကို လူကြီး ၂ ယောက် ဝေယူကြတာဗျ။
သူ့ အဖေရယ် နောက်တစ်ယောက်ရယ်။ လက်စသတ်တော့ မြေကြီးတွေကို ရောင်းစားနေကြတာကိုးဗျ။
(၃)
အထက်ကပြောသလိုပဲ ကန်က မြစ်နဲ့ နီးတော့ ရေငန်ပေါက်မှာ စိုးရတယ်လေ။ အဲလိုဆိုတော့ ရပ်ကွက်ထဲက လူကြီးသူမတွေက
သူတို့ရဲ့ မြေကြီးရောင်းစားရေးစီမံချက်ကို ကန့်ကွက်ကြတာပေါ့။ ဒါပေမယ့်လဲ ဒီလူတွေ ဆက်လုပ်ကြတာပါပဲ။ မရပ်ဘူး။ ဘယ်သူ့
ကိုလွှဲချလဲဆိုတော့ မြို့နယ်အဆင့်ကို လွှဲချတယ်။ ဘယ်သူပြောပြော မရဘူးဗျ။ တူးတာပဲ။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုက အဲ့ဒီ တုန်းက နွေရာသီကျောင်းပိတ်ရက်ဆို သမ၀ါယမစက်ရေတွင်းကရေကို ကန်ထရိုက်ယူပြီးရပ်ကွက်ထဲ ရေလိုက်ရောင်းတာ။ ဆိုတော့
အဲဒီကာလမှာ နေ့နေ့ ညည ကျွန်တော်တို့က ရပ်ကွက်ထဲ ရှိတယ်လေ။ တစ်ညမှာ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မယ် မြေကြီး
ရောင်းသူ အရပ်လူကြီးကိုတွေ့တော့ ကျွန်တော်က မနေနိုင်ဘူး မေးကြည့်တယ်။ အဘရယ် ဒီကန်ကို ဒီလောက်တူးနေ မှတော့ အောက်က ရေငန်ဝင်မှာ မစိုးရိမ်ဘူးလားလို့။ သူကဖြေတယ် ဟေ့ကောင် ကန်ဆိုတာနက်လေကောင်းလေပဲတဲ့။
နက်တာထက် ရေငန်ပေါက်တော့ ဘယ့်နှယ့် လုပ်ကြမတုန်းဆိုတော့။ ရေငန်ပေါက်ရင် ငါ့တာဝန်ထားကွာ ငါဖြေရှင်းမယ်တဲ့။
(၄)
သိပ်မကြာပါဘူး ဆယ်ရက်လောက်နေတော့ တူးရင်းတူးရင်း မြစ်ထဲက ရေငန်တွေ ကန်ထဲ ပေါက်လာတာပဲ။ ငါ့တာဝန်ထားကွာ ဆိုတဲ့လူ ကလဲ အမျိုးမျိုး လေကျယ်တုန်း အဲ့ဒါလောက်များ လွယ်လွယ်လေး ဘယ်လိုလုပ်လိုက်ရင် ကောင်းမှာ။ နောက်တစ်နှစ်ဆို မ၀င်တော့ဘူး။ မိုးရွာရင်ကောင်းသွားမှာ ဘာညာနဲ့။ သူကသာအမျိုးမျိုး ပြောခဲ့တာ ခုတော့ ကျွန်တော်တို့ရပ်ကွက်မှာ မိုးတွင်းတောင်
ရေခပ်စရာ သောက်ရေကန်မရှိတော့ဘူးဗျ။ ရေက ညစ်ပုပ်ပုပ်နဲ့ ကြာလဲမပေါက်တော့ဘူး။ လျှော်ဖို့ ဆေးကြောဖို့လောက်ပဲ
သုံးလို့ရတော့တယ်။ အဲ့ဒီ မြေကြီးရောင်းစားခဲ့သူ ပုဂ္ဂိုလ်ကြီးကတော့ ဘာဖြစ်တယ်ဆိုလား မသိပါဘူး ရပ်ကွက်လူကြီး ကပြုတ်
သွားတယ်။ သူတို့ မှာ တာဝန်ရှိခဲ့တယ်ဆိုတာလဲ သူတို့ မမှတ်မိတော့ဘူးထင်ပါရဲ့။
(၅)
ရပ်ကွက်ထဲက လူတွေကတော့ တစ်ရပ်တည်းသားချင်း ပြီးတော့ ဆွေမကင်းမျိုးမကင်းတွေဆိုတာ့ ဘာမှ အကြီးအကျယ်မပြောကြပါဘူး။
ဒီလိုကိစ္စမျိုးကမလုပ်မှီက ကြိုမြင် ကြိုတွေးထားမှ ဖြစ်မယ်မဟုတ်လား။ ဖြစ်ပြီးကာမှ ဘယ်သူ့ခေါင်း ပုံချ ပုံချ ပြန်ကောင်းလာမှာမှ မဟုတ်တာ။ ခုတော့ သောက်ရေရဖို့ ဆိုပြီး ဂျိုးဖြူပိုက်ရေ သွယ်ကြတယ်။ မထူးပါဘူးဗျာ ရေလှည်းသမားတွေပဲ အလုပ်ဖြစ်နေတာပါ။
ကျွန်တော်ကတော့ ကန်ကြီးဘေးက ဖြတ်သွားတိုင်း ဒါ တို့ငယ်ငယ်က သောက်ရေကန်ကြီးပါလားလို့ မတွေးပဲ မနေနိုင်ဘူး။
နောင်လာမယ့် ကလေးတွေကိုလဲ ပြောပြရဦးမယ် ကျွန်တော်တို့ ငယ်ငယ်က ရပ်ကွက်ထဲမှာ သောက်ရေကန်တစ်ကန် ရှိခဲ့ဘူးကြောင်းကို..........
Aug 22, 2011
ရင်ထဲထိတဲ့ခေါင်းဆောင်တွေ
ကျွန်တော့်အဖိုးက ကျွန်တော့်ကိုကျူးဘားခေါင်းဆောင် ကက်စက်ထရို အကြောင်းပြောပြဖူးတယ်။ ဒီလို ..
ကက်စက်ထရို ကျူးဘားခေါင်းဆောင်ဖြစ်ခါစက နိုင်ငံ့အကြီးအကဲ သားဆီကို သူ့အဖေရောက်လာရှာတယ်
သားရယ် အဖေတို့ကလဲအသက်ကြီးပြီ ငါ့သားလဲ လုပ်ပေးနိုင်တဲ့အခါဖြစ်တယ်။ အဖေတို့ အိမ်ကို မိုးလုံ လေလုံ
လေးဖြစ်အောင် ပြင်ပေးပါလား .. ဆိုပြီး တောင်းဆိုတယ်တဲ့။
ကက်စက်ထရိုက ပြန်ပြောတယ် အဖေရယ် အဖေ့သားက တစ်နိုင်ငံလုံးကအိမ်တွေကို ပြင်ဖို့တာဝန်ရှိတာပါ
အဖေ့အိမ်တစ်လုံးတည်းပြင်ရမှာ မဟုတ်ပါဘူးတဲ့။ ဒီတော့ တစ်နိုင်ငံလုံးကအိမ်တွေကောင်းရင် အဖေ့အိမ်ကောင်း
စေရမယ်လို့ သားအာမခံတယ်တဲ့။ သူ့အဖေအိုကြီးအိုမကို အိမ်မပြင်ပေးဘူး။ ခေါင်းဆောင်မို့လို့ အခွင့်အရေးယူတယ်
ထင်မှာစိုးလို့ပါတဲ့။
မော်စီတုန်း ခေါင်းဆောင်ဖြစ်ခါစက သူ့သမီးကို ခေါ်တွေ့တယ်။ သူ့သမီးက အဖေရယ် ၀က်သားနဲ့ထမင်းလေးကောင်းကောင်း
စားချင်တယ်တဲ့။ မော်က သူစားမယ့်ထမင်းကို သူ့သမီးကိုကျွေးလိုက်တယ်။ အော် ဥက္ကဌကြီးသမီးဆိုပြီးလဲ အိမ်မှာ ထမင်း၀၀
မစားနိုင်ရှာဘူး။
ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်း အကြောင်း အတွင်းရေးမှူးချုပ် ဦးသန့် ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးတယ်။ အဲဒီတုန်းက
ဦးသန့်က ဦးနုရဲ့ ကိုယ်ရေးအတွင်းဝန်။ ဗီယက်နမ် သမ္မတကြီးကို သူတို့ ဧည့်သည်တော်အဖွဲ့ သွားတွေ့ ကြတယ်တဲ့။
သမ္မတကြီးအိမ်တော် ဧည့်ခန်းဆောင်ကိုအ၀င် လူတစ်ယောက် လာတံခါးဖွင့်ပေးတော့။ ဦးသန့်တို့က သမ္မတကြီးနဲ့ တွေ့ဖို့
ချိန်းဆိုထားပါတယ်ခင်ဗျာ။ တွေ့ပါရစေ .. လို့ ပြောလိုက်တယ်။ သာမန်ဖျင်အကျီ င်္ဝတ်ထားတဲ့ တံခါးဖွင့်ပေးသူက။
အစွမ်းကုန်ပြုံးပြပြီး ကျွန်တော် သမ္မတ ဟို ပါခင်ဗျားတဲ့။ အော်... အန်ကယ်လ်ဟို တံခါးဖွင့်ဖို့တောင် ၀န်ထမ်းမထားဘူး။
လုံခြုံရေးရှေ့ တစ်ကင်း နောက်တစ်ကင်းထားဖို့ ဆိုဝေးပေါ့။ ဟို ကပြောတယ်တဲ့ ကျွန်တော်က အိမ်တော်ကို နိုင်ငံတော်ဧည့်သည်လာမှသာ အသုံးပြုတာပါတဲ့။ ကျွန်တော်နေတာက ဟိုဘက်မှာပါတဲ့။
သူတစ်ယောက်တည်းနေပြီး ကဗျာရေးတဲ့ တဲသာသာအိမ်ကလေးကို လက်ညိုးထိုးပြတယ်။
ခေါင်းဆောင်ဆိုတာ ဒီလိုပါလားဗျာ။
ဝမ်ကျားပေါင်နဲ့ ဟူဂျင်တောင်း က သူတို့ ရာထူးတွေ ရပြီးပြီးချင်း ဘာလုပ်သလဲဆိုတော့တဲ့။
အမေရိကန်မှာ သူတို့ဘာသာ ပညာသင်သွားနေတဲ့ သူတို့ သားတွေကို ပြန်ခေါ်ပါတယ်တဲ့။
ဘာလို့လဲဆိုတော့ ပါတီအကြီးအကဲ သမ္မတ ဝန်ကြီးချုပ်ရဲ့ သားတွေမို့လို့
နိုင်ငံခြားမှာ ကျောင်းထားတာဆိုပြီး လူထုက ထင်မှာစိုးလို့ တဲ့။ ဟိုလူတွေခင်ဗျာ မဆီမဆိုင်
ပြန်လာရရှာတယ်။ အဖေတာဝန်နဲ့ ခေါင်းဆောင်တာဝန် အဖေဂုဏ်သိက္ခာနဲ့ ခေါင်းဆောင်ဂုဏ်သိက္ခာ
ဘယ်ဟာပို အလေးထားရမလဲဆိုတာ နောင်လာနောက်သားကို ပြောပြနေသလိုပဲ။
ကျွန်တော်တို့ အားလုံးချစ်တဲ့ ပြောမဆုံးပေါင် တောသုံးထောင်အဖြစ်တွေနဲ့ ခေါင်းဆောင်ကတော့
ဗိုလ်ချုပ်အောင်ဆန်းပေါ့။ နိုင်ငံခေါင်းဆောင်ဖြစ်ပြီးမှ ပိုက်ဆံမရှိလို့ ရုပ်ရှင်ရုံမှာ တက္ကသိုလ်နေဝင်းနဲ့
တစ်မူးတန်းကရုပ်ရှင်သွားကြည့် ရှေ့ဆုံးကနေ တစ်ဝါးဝါးနဲ့ရယ်တာ ပြန်တွေးရင် ဘယ်လောက်ချစ်ဖို့
ကောင်းလိုက်လဲနော်။
ကျွန်တော့် ဆရာ တစ်ယောက်က BDA ခေတ်တုန်းက တပ်ထဲမှာလုပ်ဖူးတယ်။ ရဲဘော်ပေါ့။
ငါတို့ကွာ စနေနေ့ out pass ထွက်လို့ ပိုက်ဆံမရှိရင် ဗိုလ်ချုပ်ကားထွက်လာမယ့်လမ်းမှာ
စောင့်နေတာပဲတဲ့။ ကားလာရင်လက်ပြတား ပြီးရင်မုန့်ဖိုးတောင်းတာပဲတဲ့။ ဗိုလ်ချုပ်က မင်းတို့
ဘယ်နှယောက်လဲဟေ့ဆိုပြီး တစ်ယောက် ငါးမူးတစ်ကျပ် မုန့်ဖိုးပေးသွားတာပဲတဲ့။
သူကျတော့ကြည့်စမ်း တစ်မူးတန်းက ရုပ်ရှင်ကြည့်တယ်။ ဘယ်လောက်မြတ်နိုးဖို့ ကောင်းတဲ့ခေါင်းဆောင်လဲဗျာ။
စစ်တပ်ထဲသွားတော့ ဖိုကြီးကိုဝင်ကြည့်တယ်တဲ့။ ဝက်သားဟင်းနှစ်အိုးချက်ထားတော့ မေးတယ်။
ဘာလို့ တစ်အိုးတည်းမချက်သလဲလို့။ စားဖိုတာဝန်ခံကဖြေတယ် တစ်အိုးကရဲဘော်တွေဖို့ တစ်အိုးက အရာရှိတွေ
ဖို့ တဲ့။ ဗိုလ်ချုပ်က အရာရှိတွေကိုမေးတယ် မင်းတို့ ဒီလိုအမြဲလုပ်သလားတဲ့။ ဘာလို့ ရဲဘော်နဲ့ တန်းတူမစားနိုင်ရတာတုန်းတဲ့။
ပြီးတော့ တစ်အိုးတည်းရောခိုင်းတယ်။ အကုန် စစ်သားချည်းပဲ အတူတူပဲတဲ့ ဘယ်သူမှ ပိုအခွင့်အရေးမယူနဲ့တဲ့။
ဗိုလ်ချုပ်အကို ဦးအောင်သန်းက သူ့ ညီအိမ်သွားလည်တော့ ၀က်အူချောင်း တစ်ပန်းကန်နဲ့ ဗိုလ်ချုပ် ထမင်းစားနေတာ
တွေ့ခဲ့တယ်။ ဝက်အူချောင်းက နည်းနည်း။ ကလေးသုံးယောက်ကို တစ်ယောက်နည်းနည်းခွံ့ကျွေးတော့ ဗိုလ်ချုပ်မှာ
ထမင်းချည်းပဲစားလိုက်ရရှာတော့ ဦးအောင်သန်းခင်ဗျာ စိတ်မကောင်းရှာဘူးတဲ့။
အောင်ဆန်း အက်တလီစာချုပ် ချုပ်ဖို့အသွား အိန္ဒိယကိုဝင်တော့ ကုတ်အကျီ င်္က အစုတ်တဲ့။
နေရူးတို့ က ဗိုလ်ချုပ်ရယ် အဲလိုတော့ အင်္ဂလန်ကိုမသွားပါနဲ့ ဆိုပြီး ကုတ်အကျီ င်္တစ်ထည်ချုပ်ပေးလိုက်တယ်တဲ့။
ကျွန်တော်စဉ်းစားကြည့်မိတယ် သမိုင်းတစ်လျှောက်လုံး အဲလိုခေါင်းဆောင်တွေချည်းပဲဆို ဘယ်လောက်ကောင်းလိုက်မလဲလို့။
ခေါင်းဆောင်တွေကို ချစ်ခင်ချင်လိုက်တာဗျာ။
ခင်ဗျားတို့ရော....... ဘယ်လိုတွေးမိလဲ .............................................

--
Wai Lin Htet Thwin
韦林庭
Aug 16, 2011
床前明月光 အိပ်ယာထက်ကလရိပ်သာ
床前明月光,
疑是地上霜。
举头望明月,
低头思故乡。
李白
Chuang qian ming yue guang
Yi shi di shang shuang.
Ju tou wang ming yue,
Di tou si gu xiang.
Li Bai @ Li Po (701-762 AD)
အိပ်ယာထက်မှာ
လရိပ်သာ
မြေထက် နှင်းပွင့်
ကျတဲ့ပမာ။
ခေါင်းမော့
လ၀န်း
မျှော်အငေး၊
ခေါင်းငုံ့
အတိတ်ကို
တွေးကာဆွေး ။ ။
လီပိုင် @ လီဖေါ် (တရုတ်ဂန္ထဝင်ကဗျာဆရာကြီး)

Apr 24, 2011
သမ္မာကျမ်းစာမှ ကောက်နှုတ်ချက်များ Quotes from the Holy Bible
မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို လည်းကောင်း၊ လူဆိုးကို အပြစ် ပြသောသူသည် ကဲ့ရဲ့ခြင်းကို လည်းကောင်း ခံရလိမ့်မည်။ (သုတ္တံ ၉း ၇)
He who corrects a scoffer gets shame for himself, and he who rebukes a wicked man only harms himself. (Proverbs 9:7)
မခန့်ငြားသူ ဆုံးမမူသော်
များလူကြားတွင် ရှက်ဖွယ်မြင်မည်
ထို့ပြင်ဗာလ လူ့အန္ဓအား
မှန်မှားနှစ်တန် ပြဆိုပြန်လည်း
ထိုဗာလာနံ မနာခံပဲ
တန်ပြန်ကဲ့ရဲ့ ခံရမည်။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလဘို့ကဲ့သို့ယိုတတ်၍ သူပြောသော စကားသည် ဆီထက်ချော သော်လည်း အဆုံး၌ကား သူသည် ဘင်းခါးရွက်သို့ ခါး၍ သန်လျက်နှင့်အမျှထက်၏။ သူ၏ခြေတို့သည် သေခြင်းသို့ ဆင်း၍ သူသွားရာလမ်း သည် မရဏနိုင်ငံသို့ ရောက်တတ်၏။ (သုတ္တံ ၅း ၃,၄,၅)
For the lips of an immoral woman drip honey, and her mouth is smoother than oil; But in the end she is bitter as wormwood, sharp as a two-edged sword. Her feet go down to death, her steps lay hold of hell. (Proverbs 5:3,4,5)
မိန်းမယုတ်နှုတ်ခမ်း ပျားရည်လွှမ်း၍
စွဲလမ်းယစ်မူး ပြောပုံထူးလည်း
အဆုံးမှာကား တမာခါးနှင့်
အသွားထက်မြက် ဒါးသန်လျက်တည်း
သူသွားသည်မှာ သေခြင်းထိ
သူလှမ်းမည်မှာ အ၀ီစိ။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
လူသည် ရယ်စဉ်အခါပင် ၀မ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်း ရှိတတ်၏။ (သုတ္တံ ၁၄း ၁၃)
Even in laughter the heart may sorrow, and the end of mirth may be grief. (Proverbs 14:13)
ရယ်ပင်သော်ငြား နှလုံးသားငို
ရွှင်ကာပြုံး အဆုံးမျက်ရည်စို။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
သဘောကောက်သောသူသည် ကောင်းကျိုးမတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏ မိုက်သောသူကို ဖြစ်ဘွားစေသူသည် မိမိကိုမိမိ ၀မ်းနည်းစေတတ်၏။ မိုက်သောသူ၏ အဘ၌ ၀မ်းမြောက်စရာ အကြောင်းမရှိ။ (သုတ္တံ ၁၇း ၂၀,၂၁)
He who has deceitful heart finds no good, and he who has a perverse tongue falls evil. He who begets a scoffer does so to his sorrow, and the father of a fool has no joy. (Proverbs 17: 20,21)
ကောက်ကျစ်တတ်ကား ကျိုးယုတ်ငြားတည်း
လိမ်ကား ဥပဒ် တွေ့ကြုံတတ်မည်။
ကိုယ့်ကြောင့်များသူ မိုက်မဲစေမူ နှလုံးပူလတ်။
လူမိုက်မွေးရာ ဘခင်မှာလည်း
ဝမ်းမြောက်ဘယ်မှာ မတွေ့ပါချေ။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
ငွေကိုတက်မက်ခြင်းသည် မကောင်းမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူတစ်ချို့တို့သည် ငွေကိုတပ် မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုကိုယ် ထုတ်ချင်းခတ်အောင် ထိုးကြပြီ။ (တိမောသေသြ၀ါဒစာ ပဌမစောင် ၆း ၁၀)
For the love of money is a root of all kinds of evil, for which some have strayed from the faith in their greediness, and pierced themselves through with many sorrows. (Timothy 6:10)
ငွေလောဘကား အပြစ်များစွာ
စီးဆင်းရာတည်း။
ငွေကိုချစ်ခင် စွဲလမ်းမင်သော်
အယူမတော် အပူပေါ်၍
နှလုံးလျော်ညို တံကျင်လျှိုသို့
ဒုက္ခကြီးစွာ တွေ့မည်တည်း။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားသကဲ့သို့ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။ (သုတ္တံ ၂၆း ၁၁)
As a dog return to its vomit, so a fool repeats his folly. (Proverbs 26:11)
အန်ထားအန်ဖတ် ခွေးပြန်လျက်သို့
ဗာလံ အကျင့် သူပြန်ကျင့်သည်
လူမိုက်ဗာလ သံသရာ။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
လိုက်သောသူမရှိသော်လည်း မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။ ( သုတ္တံ ၂၈း ၁)
The wicked man flees though no one pursues, but the righteous are as bold as a lion. (Proverbs 28 : 1)
ကိုယ်မတရား စိတ်ထားမလုံ
သူကားမလိုက် ပြေးရပြန်ကုန်
ဖြောင့်မတ်သော်ငြား စိတ်ထားလုံခြုံ
သီဟအလား လူကြားရဲရင့်ပုံ။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်သိမ်းခံရ၍ ပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ (ဆာလံ ၃၇း ၁)
Do not fret because of evil men or be envious of those who do wrong; for like the grass they will soon wither, like green plants they will soon die away. (Psalm 37 :1)
လူ့ဗာလအား စိတ်မထားနှင့်
မတရားသူ မငြူစူနှင့်
သူကားမြက်သွင် ရိတ်သိမ်းနှင်ကာ
သူသာပျိုးသွင် ညှိုးလျော်ပင်မည်
ကြောင်းကြောင့် အကျိုးဖြစ်၍တည်း။
ဝေလင်းထက်သွင် (၁၆.၄.၂၀၁၁ သင်္ကြန်အတက်)
လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓါတ်လည်းဖြစ်၏။ (ရှင်ယာကုပ်သြ၀ါဒစာ ၃း ၆)
The tongue is also fire; a world of evil among the parts of the body. ( James 3 : 6)
လိမ်လည်မုသား သူကားအခရာ
ရသာရမ္မက် သူတက်မက်တာ
လျှာသာမီးဓါတ် လောင်ဖျက်တိုက်ကာ
ဒုစရိုက် သူ့၌တည်ခဲ့ရာ။
ဝေလင်းထက်သွင် (၁၇.၄.၂၀၁၁ နှစ်ဆန်းတစ်ရက်)
ပိတ်ရက်မှာ အကျိုးရှိသောငှာ သမ္မာကျမ်းစာ(Holy Bible) ကို ဖတ်ခဲ့ပါတယ်။ ယူစရာတွေအများကြီးပါ ခရစ်ယာန် များရဲ့ စိတ်ထားနဲ့ ကိုယ်ကျင့်သီလကို ဖြူစင်အောင် ဆုံးမထားတဲ့ကျမ်းစာပါ။ နှစ်သက်တဲ့ ဆိုရိုးနဲ့ ဆုံးမစကားအနည်းငယ်ကို ကဗျာပြုလို့ သီးသန့်ထုတ်နှုတ် ထားပါတယ်။ share လုပ်လိုက်တာပါ ရိုးရာနှစ်သစ်မှာ ဖြူစင်စွာ ပျော်ရွှင်နိုင်ကြပါစေ။
References:
1. Holy Bible (Old and New Testaments) translated into Myanmar by Rev. A Judson D.D
2. Holy Bible , Placed by The Gideons (U.S.A)
3. The Holy Bible, New International Version (The NIV Study Bible) by International Bible Society
Thanks are for little brother Phoe Khwar and Ko Thein Oo for their kindness and for their books.
--
Wai Lin Htet Thwin
韦林庭
Mar 27, 2011
ကလေကချေ (၃)
ငါမရှိတဲ့အရပ်တွေ
ငါရောက်ရောက်နေ
ဘ၀ဆိုတာ
အရူးအိပ်မက်လေလား
လေပြေဆိုတာမသေချာပေမယ့်
မုန်တိုင်းနဲ့ နွေဆိုးကကျ
ခု ဆို ခု
တိကျရေရာလွန်းလို့။
မကြာခဏဆိုသလိုပဲ
နားထဲ
အသွား အပြန်
နှုတ်ဆက်သံတွေညံနေတယ်
ငါမှားနေလား
ဝဋ်ကြွေးတွေကမှားနေတာလား။
မိုက်မဲမှုတစ်ရာ
သက်ပြင်းတစ်သိန်း
ဒုက္ခ ကဋေကဋာပါတဲ့
ငါ့ကျောပိုးအိတ်က
စက္ကန့်မရွေး
ငါ့အပေါ်ခုန်တက်လာဖို့
အသင့်အနေအထား။
ဝင်သက်တွေထဲ
မျှော်လင့်ချက်နည်းနည်း
ရှုသွင်းကြည့်မိတော့
နှလုံးသားနဲ့အမျှ
ရှင်သန်မှုနဲ့အမျှ
အေးစက်မှုန်မှိုင်း
နှင်းမိုးများမစဲခဲ့ရ .......................

Mar 17, 2011
ကျွန်တော့်ညီလေးရဲ့မြန်မာသင်္ကြန်
ညီလေး
မင်းဘာတွေလုပ်နေတာလဲ။ မင်းဘာတွေလုပ်နေမယ်ဆိုတာ အကိုသိပါတယ်။ မေးသာမေးရတယ်။
ခု သင်္ကြန်နားနီးလာပြီဆိုတော့ သင်္ကြန်မှာ ဘာတွေလုပ်မယ်ဆိုတာ ကြံနေတယ်မဟုတ်လား။
အကို သိပြီးသား။ မင်းတို့ အုပ်စု ခုလောက်ဆို ပိုက်ဆံစုပြီး
သင်္ကြန်အတွက်ပြင်နေလောက်ပြီ။
အကို ရန်ကုန်ပြန်လာရင် မင်း အကို့ဆီကလဲ အလှူခံဦးမယ်လေ။
သူများတွေနဲ့ မတူတဲ့မင်းကို အကိုမင်းငယ်ငယ်ကတည်းက သဘောကျမိတယ်။
ခုဆို မင်းရေပြွတ်လေးတွေဝယ်စုနေလောက်ပြီ ဆိုတာတွေးမိသား။ မနှစ်ကလဲ ရေပြွတ်လေးတွေဝယ်
ဆင်းရဲတဲ့ကလေးတွေကို လိုက်ဝေတာ အကို သဘောကျလို့မဆုံးဘူး။
မင်းဆုံးမပြီးကတည်းက အကိုလဲ သင်္ကြန်မလည်ဖြစ်တော့ဘူး။
မင်းပြောတဲ့ စကားကို အကိုမမေ့ဘူး။ ဘာတဲ့ သင်္ကြန်မှာ မြန်မာတွေရဲ့
ကောင်းတဲ့ စရိုက်တွေကိုဖေါ်ပြသလို ငုတ်နေတဲ့ မကောင်းတဲ့ စရိုက်တွေလဲ
ပေါ်လာတာပဲတဲ့။
မပေါ်ရုံတမယ်ဝတ်ထားတဲ့ ကောင်မလေးတွေ။ လူကြားထဲ အရှက်မရှိ
လုပ်ချင်ရာလုပ်နေတဲ့အတွဲတွေ။
သရုပ်ပျက်မှုကို အစွမ်းကုန်ဖြစ်အောင် ကြိုးစားပြီး လမ်းထွက်လာတဲ့
ကောင်မလေးတွေ ကောင်လေးတွေ။ အရက်မူးနေတဲ့ မိန်းကလေးတွေ။
အသားကုန်သောက် ဖြစ်ချင်တိုင်းဖြစ် ရိုင်းချင်တိုင်းရိုင်းနေတဲ့ လူငယ်လေးတွေ။
သူတို့ရှိနေသလိုပဲ
မင်းတို့ သူငယ်ချင်းအုပ်စုလို လူငယ်တွေရှိနေလို့ အကိုတို့မှာဖြေသာနေရတာပေါ့။
အကိုတွေထက်တော်တဲ့ညီ အကိုတွေထက်လိမ္မာတဲ့ညီ အကိုတွေကို လမ်းညွှန်ပေးနိုင်တဲ့ညီ။
မင်းကို အကို ချစ်သလို လေးလဲလေးစားတယ်ဆိုတာ မှတ်ထားဦး။
မနှစ်က သင်္ကြန် အကိုတို့က ဘယ်မှမသွားပဲ။ (မသွားတာကလဲ လမ်းပေါ် မဏ္ဍပ်ပေါ်က
ဘရုတ်သုက္ခ တွေကို မမြင်ချင်လို့ဟ) ပလောင်ထင်း ပုလင်းထောင်နေတုန်း။ မင်းက
တူနဲ့ လွှနဲ့ ကိုင်ပြီး
ရပ်ကွက်ထဲကပြင်စရာလိုတဲ့ အိမ်တွေကို ကုသိုလ်ဖြစ်လိုက်ပြင်တယ်။ ညဖက်ကျတော့
တရားပွဲမှာ မင်းက အမာခံ volunteer ။ ဒီကြားထဲ သင်္ကြန်မှာ
ရန်ဖြစ်ပြီးပြန်လာတဲ့ ရပ်ကွက်ထဲက လူငယ်တွေကို
ဒိုင်ခံပြီးဆေးရုံလိုက်ပို့ ဆေးရုံလိုက်ကြည့် သေးတယ်။ မင်းပြောတဲ့
သင်္ကြန်ဆိုတာ ကောင်းမှုလုပ်ဖို့ဗျ
မကောင်းတာလုပ်နေရင် နှမြောစရာကြီးဆိုပြီး အကိုတို့ ပုလင်းတွေကို
ဖွက်ထားလို့ အကိုတို့လဲ
မသောက်ဖြစ်တော့ပဲ မင်းကိုလိုက်ကူတဲ့အလုပ်ပဲလုပ်လိုက်တော့တယ်လေ။
နှစ်ဆန်းတစ်ရက်နေ့ကျတော့ ဓမ္မာရုံကို မင်းအလှူခံထားတဲ့ပိုက်ဆံနဲ့
ဆေးအသစ်သုတ် ဆင်းတုတော်ကို ရောင်တော်ဖွင့်။ မင်းလိုလူတစ်ယောက်ရှိတာဟာ
လောကကြီးအတွက် မင်္ဂလာတစ်ပါးပဲ ငါ့ညီလေးရေ။
အကို့အရင်အတွေးက မြန်မာသင်္ကြန်ကို နိုင်ငံခြားသားမမြင်စေ့ချင်ဘူး
ဘာလို့လဲဆိုတော့ တို့တစ်မျိုးသားလုံးကို အထင်သေးသွားမှာစိုးလို့လေ။
ကောင်မလေးတွေက နိုင်ငံတကာမှာ
ပြည့်တန်ဆာတွေဝတ်တဲ့ ဖက်ရှင်ကို မတူတူအောင်ဝတ်။ ကောင်လေးတွေကလဲ မျက်နှာ ဆံပင်က
အစ ဆေးတွေဆိုးပြီး ဟစ်ပီစတိုင်ဖမ်း။ လမ်းပေါ် ကားပေါ် မဏ္ဍပ်ပေါ်မှာ
အရှက်မဲ့လုပ်ချင်တာလုပ်
အဲဒါတွေကိုမြင်သွားရင် ဘယ်နှယ့်ထင်မလဲဆိုပြီး ကြောက်မိတယ်ကွ။
ဒါပေမယ့် ခု စိတ်ပြောင်းသွားပြီသိလား။ အကို့မိတ်ဆွေထဲက
နိုင်ငံခြားသားတစ်ဦးဦး မြန်မာသင်္ကြန်ကို
လေ့လာချင်လို့ လာမယ်ဆို ၀မ်းမြောက်ဝမ်းသာခေါ်မယ်ကွာ။ ပြီးတော့ မင်းတို့
အုပ်စုရဲ့ လှုပ်ရှားမှု တွေကို တစ်ခုပြီးတစ်ခု ပြမယ်ဟေ့။ ဒါဆိုရင်
သူတို့ကို မြန်မာဆိုတာ ဒါမျိုးကွ လို့ ပြောပြီး
လက်မထောင်လို့ရမှာပဲ။ တစ်ခုတော့ရှိတယ် လမ်းမပေါ်တော့ ခေါ်ပြလို့မဖြစ်ဘူးကွ နော။
ညီလေးကျန်းမာပါစေ
ချစ်တဲ့ အကို

Subscribe to:
Posts (Atom)