Feb 15, 2011

အလွမ်း

မညှပ်ဖြစ်ခဲ့တဲ့ဆံပင်ရှည်
ပြာမခြွေဖြစ်ခဲ့တဲ့စီးကရက်
ရေမရောဖြစ်ခဲ့တဲ့အရက်တစ်ခွက်
အနမ်းမပါ
ကြွေနွမ်းသွားတဲ့ ပွင့်ဖတ် တစ်ဖတ်။

ကြေကွဲတမ်းတမှုအပြည့်နဲ့
ဟယ်ရီလင်းရဲ့
မီး သီချင်းကိုအဆို
မကြွေဖြစ်ခဲ့တဲ့မျက်ရည်တစ်စက်
ကမ္ဘာမြေ
ကွဲ ကြေ စွာ
နှုတ်ဆက် ရတော့တယ်။

No comments:

Post a Comment