Feb 25, 2011

Humor

Laughter are ,
When my flash and blood disordered.

There was humor,
Of the character that I acted in this play.

When the whole world laugh heartily,
Me,
Wash out and  with rapid heart beats,
Try to laugh with my own humor.
But can't help my cries,
From the deepest of my heart.

Wai Lin Htet Thwin 25th Feb 2011 (Nay Pyi Taw)

Feb 24, 2011

ဟာသ

ငါ့ အသွေးအသားများ
ပြဲ စုတ် ကြေ မွနေ ချိန်မှာ
ရယ်သံများ။

ကိုယ်တိုင် ကခဲ့တဲ့ဇာတ်ရုပ်မှာ
ကိုယ်မသိတဲ့ဟာသတွေ ရှိခဲ့တော့။

တစ်လောကလုံး
ဟားတိုက်နေချိန်
ငါ
မောပန်းနွမ်းလျ
တစ်ဒိန်းဒိန်းရင်ခုန်သံများအဆုံး
ငါဟာသငါကြိုးစားရယ်မောကြည့်တော့
အနက်ရှိုင်းဆုံး ရင်ဘတ်ထဲ
ရှိုက်ငိုသံများ
ထိန်းမရခဲ့။         ။

Feb 15, 2011

အလွမ်း

မညှပ်ဖြစ်ခဲ့တဲ့ဆံပင်ရှည်
ပြာမခြွေဖြစ်ခဲ့တဲ့စီးကရက်
ရေမရောဖြစ်ခဲ့တဲ့အရက်တစ်ခွက်
အနမ်းမပါ
ကြွေနွမ်းသွားတဲ့ ပွင့်ဖတ် တစ်ဖတ်။

ကြေကွဲတမ်းတမှုအပြည့်နဲ့
ဟယ်ရီလင်းရဲ့
မီး သီချင်းကိုအဆို
မကြွေဖြစ်ခဲ့တဲ့မျက်ရည်တစ်စက်
ကမ္ဘာမြေ
ကွဲ ကြေ စွာ
နှုတ်ဆက် ရတော့တယ်။

Feb 13, 2011

ခေတ်ကြောင့်အကျင့်စရိုက်တွေပြောင်းရမှာလား

ခေတ်ကြောင့်အကျင့်စရိုက်တွေပြောင်းရမှာလား
အကျင့်စရိုက်တွေ၊ စာရိတ္ထတွေက ပြောင်းနေတယ်ဆိုတာငြင်းမရဘူး။
လူငယ်တွေရောလူကြီးတွေရောပဲ။ မင်းရောမပါဘူးလားဆိုတော့။ မလွတ်ရပါဘူးဗျာ။
အရင်ခေတ်က စီးပွါးရေးလူမှုအဆင့်အတန်းတွေနဲ့ ခုခေတ် အခြေအနေတွေနဲ့က
မတူတော့သလို။ အကျင့်စာရိတ္ထတွေကလဲမတူတော့ပါဘူး။ အရင်ခေတ်က
ရပ်ကွက်ထဲမှာအရက်သောက်တတ်တဲ့သူဘယ်နှယောက်ရှိသလဲဆို တန်းပြီး လက်ချိုး
ရေလို့ရတယ်။ ဘယ်သူကတော့ နေ့တိုင်းသောက်တဲ့ အရက်သမား၊ ဘယ်သူက
တော့ကပ်တီးမူးလဲ(သူများသောက်ရင်မူးပြီးလဲအောင်ကပ်သောက်တာကိုပြောတာပါ)၊ဘယ်သူကတော့
ခွက်ပုန်း အဲလို category ခွဲပြီးကို ပြောနိုင်တယ်။ ပြောနိုင်ရခြင်း
ကလဲသောက်တတ်တဲ့သူတွေက အစိုးရအရက်ဖြူဆိုင်ဖြစ်ဖြစ်၊ အရပ်ထဲက
အရက်ပုန်းဆိုင်မှာဖြစ်ဖြစ်သောက်ရတာကိုး ဆိုင်ကလဲမများတဲ့အခါဆိုတော့
သိတာပေါ့။ ပြီးတော့ သောက်တဲ့ဦးရေကလဲ သိပ်နည်းသေးတယ်လေ။ ခုများကျတော့လား။
ဟား .... သင်္ကြန်ရက်များဆိုရင် မိန်းကလေးအတော်များများ (ဖလန်း
ဖလန်းတွေကိုပြောတာနော)က မမူးရင်ပဲ ခေတ်မမီတော့သလိုပဲ။
ယောကျာ်းလေးတွေကတော့ ပြောမနေပါနဲ့တော့ဗျာ။ သင်္ကြန်မှာ ပျက်စီးသွားတဲ့
မိန်းကလေးတွေ ရန်ကုန်မြို့မှာ ဒုနဲ့ ဒေးခင်ဗျ။ (အရင်က ကျွန်တော်
တစ်ယောက်တည်း ဒီလိုမြင်တယ်ထင်တာ နောက်ကျတော့ ဒီလိုမြင်တဲ့သူတွေ
အများကြီးဗျ။) ကားပေါ်မှာ ဒါမှမဟုတ် မဏ္ဌပ်ထဲမှာ ယောကျာ်းလေးတွေလဲမူး
မိန်းကလေးတွေလဲမူးဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ စွပ်ကနဲ ဂွပ်ကနဲကိုနေတာပဲ။
မဏ္ဌပ်ထဲနဲ့ ကားပေါ်မှာ နှုတ်ခမ်းချင်းတေ့စုပ်နေတာလောက်တော့ ရန်ကုန်
သင်္ကြန်မှာက ရိုးနေတာကြာပြီဗျ။ အဲဒီထက်ဆန်းတာတွေလဲရှိသေးတယ်။
အရင်က ကလပ်ဆိုတာကိုတက်တာ မြန်မာပြည်မှာ အတော်ရှားပါးတယ်ထင်တာပဲ။
ပိုက်ဆံကလဲရှိ အကျင့်လေးကလဲ မပျက်တပျက်မှ တက်ကြတာကိုး။ ခုခေတ်ကျတော့
ပိုက်ဆံကလဲ အရမ်းမလိုတော့ဘူး။ ပြီးတော့ မိန်းကလေးတွေဆို အလကားအ၀င်ခံတဲ့
ကလပ်တွေကလဲရှိတယ်လေ။ အဲဒီမှာ ဘာလုပ်ကြမယ်ထင်သလဲ။ ပိုက်ဆံရှာတဲ့
မိန်းကလေးတွေ၊ အပျော်အပါးရှာတဲ့မိန်းကလေးတွေ၊ အပျော်အပါးရှာတဲ့ယောက်ျား
တွေပဲ သွားတာဆိုတော့ မတွေးမိတာကောင်းပါတယ်....။ ကျွန်တော်ထင်တယ်
ကိုယ်ထဲမှာ ပိုးတွေက တရွရွ ထိုးနေပြီးတော့ အပျော်အပါးသာလျှင် ဘ၀ရဲ့
အရသာလို့ ထင်တဲ့ လူစားမျိုးတွေပဲ ဒီလိုနေရာတွေကို
မှန်မှန်သွားပါလိမ့်မယ်။ ဆိုရှယ်လစ်ခေတ်တုန်းက ရပ်ကွက်ထဲ ကျောင်းထဲမှာ
သမီးရည်းစားတစ်တွဲ တိုးလာရင် အကုန်လုံးက သိသွားပြီ။ စောင့်ကြည့်နေကြပြီ။
မယူဖြစ်ဘူးဆိုတာကလဲ တော်တော်ရှားတယ်။ မယူဖြစ်ရင်တောင် တစ်ယောက်က
အပျိုကြီး၊ လူပျိုကြီး ဖြစ်သွားတာပဲ။ လူ့ကျင့်ဝတ်နဲ့ သိက္ခာကို
အသိုင်းအ၀ိုင်း ကရော ကိုယ်တိုင်ပါ တန်ဖိုးထားကြတယ်လေ။ ခုခေတ်များလား
ကျောင်းဖွင့်ရက်တွေဆို တည်းခိုခန်း တွေမှာလူပြည့်ပါတယ်တဲ့။
တန်းစီရတဲ့နေရာတွေတောင်ရှိသေးဆိုပဲ။ ပန်းခြံတွေထဲမှာ တောင်
ဟိုသင်းတွေပြုကုန်လို့ movie တွေ ထွက်လာပါပေါ့လား။
ရည်းစားတစ်ယောက်ထက်မကတာဟာ သူစွံလို့ဆိုတဲ့ပုံစံမျိုးနဲ့ မိန်းကလေး
အချင်းချင်း ကြွားကြတယ်တဲ့ဗျ။ အ၀တ်အစားဝတ်တာကြည့်ဦးမလား အပျက်နဲ့
အကောင်း ခွဲမရတော့ဘူး။ ဖေါ်နိုင်လေလေ လူကြည့်လေလေဆိုတော့ မိန်းကလေး တွေက
ချွတ်လို့ရရင် အကုန် ချွတ်ပြီးပြချင်သလားမသိပါဘူး။ သူတို့ပြလဲ
ကျွန်တော်ကရှက်လို့မကြည့်ရဲဘူးဗျ။ ဟား..ဟား။ နောက်တာပါ နေပါ့မလား။
အသားကုန်ဖေါ်တဲ့ မိန်းကလေးတွေကို တွေ့ခဲ့တိုင်း ကျွန်တော့်အမေက
အောင်မယ်လေး သူတို့အမေ တွေ ဘာလုပ်နေလဲမသိဘူး ဆိုခနခနပြောတယ်ဗျ။
ကျွန်တော့်ညီက ဘာပြန်ပြောလဲဆိုတော့ ဒေါ်ဒေါ်ကလဲ အမေတွေက သူတို့ခေတ်တုန်းက
မဖေါ်ခဲ့ရလို့ သမီးတွေကို အတိုးနဲ့ဖေါ်ခိုင်းထားတာဆိုပဲ။ အမေတွေကို
အင်တာသွားဗျူးရမလိုဖြစ်နေတယ်။ ယောက်ျားလေးတွေကျတော့ တစ်မျိုးဗျ
မိုက်ကန်းကန်းနေလေ ဂုဏ်ရှိလေဆိုတဲ့ကောင်တွေများလာတယ်။ ပုံစံကြည့်တာနဲ့
ချက်ချင်းခွေးလိုက်ဆွဲမယ့် စတိုင်လ်မှ လူရာဝင်တယ်ထင်တဲ့
ကောင်လေးတွေပေါလာတယ်။အေအိုင်ဒီအက်စ်ကဆေးသောက်ပြီးအသက်ဆက်လို့ရပါတယ်ဆိုတဲ့
အိုင်ဒီယာနဲ့ လုပ်ချင်တာလုပ်နေတဲ့သူတွေများလာတယ်။
ဂီတတွေကို နားထောင်ကြည့်ပါ့လား တစ်ချို့လူငယ်တွေကအမေရိကန်က ကလေကချေတွေ
ဆို တဲ့ ဂီတပုံစံတွေကိုပဲ တစိုက်မတ်မတ်နားထောင် သူတို့ရဲ့
အောက်တန်းကျကျစာသားတွေကို ဘာသာပြန် မြန်မာလိုကော်ပီလုပ်။အဲလိုတွေဗျ။
မိုက်မိုက်ရိုင်းရိုင်း စာသားပါလေ အောင်မြင်လေပဲ။ အဓိပ္ပါယ် ၂ ခွ ထွက်မယ်၊
မိုက်ရိုင်းတဲ့ အဓိပ္ပါယ်လဲပါမယ်၊ လမ်းဘေးက ဘမ်းစကားတွေလဲပါမယ် အဲလိုဆို
ကလေးတွေကြားမှာ နာမည်ကြီးတာပဲ။ သီချင်းစာသားတွေကို ကျွန်တော်
အလွတ်မရပါဘူး ကျွန်တော်ကြားတာကတော့ဒီလိုမျိုးတွေဗျ "မုန့်ဟင်းခါးက
နှစ်ပွဲစားတယ် ဆာဆာနဲ့၊ ပိုက်ဆံအိတ်ထဲဘာမှမရှိဘူး ခါလာပဲ၊ ငါ့ညီမက
လင်နောက်လိုက်တယ် ပြာတာနဲ့" အဲလိုမျိုးတွေ။ အဆိုတော်ကြီး တစ်ယောက်က
ပြောတယ် ကိုယ့်သား ကိုယ့်မြေးလက်ထက်ကျ ကိုယ့်ဖန်တီးမှုကို ပြန်ပြရဲဖို့
အရေးကြီးတယ်တဲ့။သူတို့တွေ ပြန်ပြရဲပါ့မလား။
အဲသလို အကျင့်စာရိတ္ထမပျက်တပျက် ၀ဲစားနေတဲ့ မိန်းကလေး ယောကျာ်း လေး တွေရဲ့
တစ်ခု တည်းသော ဆင်ခြေက ခေတ် တဲ့။ တရားခံက သူတို့မဟုတ်ပါ သူတို့လို
သူတော်ကောင်းတွေဟာ ခေတ် ကိုအမှီလိုက်နေတာပါတဲ့။ ခင်ဗျားမယုံရင်မေးကြည့်
ဘာလို့စောစောစီးစီး အပျိုစင်မဟုတ်တော့တာတုန်း အဖြေက ခေတ်။ ဘာလို့
မိဘဆုံးမတာ နားမထောင်ပဲ လုပ်ချင်တာလုပ်နေရ တာတုန်း အဖြေက ခေတ်။ ဘာလို့
ရည်းစားတစ်ဒါဇင်ပြည့်အောင် ကြိုးစားနေရ တာတုန်းညီမလေးရေ အဖြေက ခေတ်။
ဘာလို့ ခုနှစ်တန်းနဲ့ အရက်သောက် တတ်ရတာတုန်း အဖြေက ခေတ်။
ဟုတ်သဗျ။ အဖြေကခေတ်။ ပိုက်ဆံအရေးကြီးတယ်။ ကိုယ်ခန္ဓာသာယာ မှုအရေးကြီးတယ်။
ကိုယ်ခန္ဓာသာယာမှုအတွက် ပိုက်ဆံကအရေးကြီးတယ်။ အဲဒီ့ အတွေးအခေါ်
ကြီးစိုးထားတဲ့ခေတ်။ ချစ်ခြင်းမေတ္တာ၊ သစ္စာစောင့်သိမှု၊ မှန်ကန်တဲ့
ကိုယ်ကျင့်စာရိတ္ထ ဘယ်တွေရောက်ကုန်တာတုန်း။ နည်းပညာဘက်ကိုကြည့်ဗျာ။
ဒီဘက်ကကောင်မလေးချွတ်ပြတာကို ဟိုဘက်ကချက်ချင်းမြင်နိုင်တဲ့ခေတ်ဗျ
(ချွတ်ပြတဲ့သူတွေကိုပဲ အံ့သြတယ်ဗျာ အလကားနေရင်း)။ cyber ထဲမှာနယ်နိမိတ်
မရှိဘူး ဘယ်နေရာကသူနဲ့မဆို ဆက်သွယ်လို့ရတယ်။ ဟိုတစ်ယောက်ဆင်းရင်
ဒီတစ်ယောက်နဲ့ကျူ ဒီတစ်ယောက်ကို အဆင်မပြေရင် ဘလော့ပလိုက်။ ဓါတ်ပုံတွေပို့
အဆင်ပြေရင် webcam နဲ့ chat။ ဒီထက်ပြေရင် ချွတ်ပြကြ။ ပြေလွန်းမကပြေရင်
ချိန်းတွေ့ကြ ဒါပဲ။ အဲလိုခေတ်ကိုးဗျ။ ကျွန်တော်ပြောတာ မလွန်ဘူးဗျ
ခင်ဗျားမသိသေးတာပဲဖြစ်မယ် အဲလိုဖြစ်နေတာကြာပြီ။ အားနည်းချက်က identity
မလုပ်နိုင်တာပဲ ကိုယ်ဘယ်သူဆိုတာကို ကိုယ်ပြောမှ သူအမှန်သိရမှာ ဖြစ်သလို
သူဘယ်သူဆိုတာလဲ သူပြောမှ ကိုယ်အမှန်သိရမယ်လေ။ အဲဒီတော့ ရှက်စရာမရှိဘူး
ကြောက်စရာမရှိဘူး။
တိန့်ရှောင်ဖိန်က တရုတ်ပြည်ကို တံခါးဖွင့်တော့ ပြောခဲ့တဲ့စကားက
သမိုင်းတွင်သွားတယ်။ တံခါးဖွင့်ထားရင် လေကောင်းလေသန့်လာသလို
ဖုန်မှုန့်တွေ လဲပါလာမှာပဲတဲ့။ လေကောင်းလေသန့်ကိုရှု
ဖုန်မှုန့်ကိုရှောင်ရမယ်ဆိုတဲ့သဘောပဲ။ ကျွန်တော်တို့လဲ ခေတ်ကပြောင်းတော့
အားလုံးလမ်းပွင့်သွားတယ်။ ငွေကလဲပိုအ ရေးကြီးလာတယ်။ သားသမီးတွေကို
မိဘတွေက ဆုံးမတာလဲ လျော့လာတယ်။ မိဘတွေကိုယ်တိုင်က တစ်လွဲ ဖြစ်နေတာတွေလဲ
အများကြီးပဲ။ လူငယ်တွေထဲလဲ ဖုန်လေးတွေပဲ လိုက်ရှာပြီး
ရှုနေတဲ့သူတွေအများကြီးပဲ။ ကိုယ့်ဖုန်လေးနဲ့ သူ့ဖုန်လေးနဲ့တောင်
လဲပြီးရှုလိုက်သေးတယ်။ လူငယ်တွေရဲ့ ယဉ်ကျေးမှု၊ အကျင့်စာရိတ္ထနဲ့
ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုတွေလဲ ဖုန်ဝင်နေတဲ့အဆုတ်ကြောင့် အဟွတ်
အဟွတ် ဖြစ်နေပြီပဲ။
မြန်မာလူမျိုးဆိုပြီး သတ်မှတ်တဲ့အရည်အချင်းထဲမှာ ပုဆိုး၊ လုံချည် အပါအ၀င်
စိတ်ဓါတ်တွေ၊ ယဉ်ကျေးမှုတွေ၊ အကျင့်စာရိတ္ထတွေလဲ ပါတယ်။ ခုခေတ် ဖလန်း
ဖလန်းတွေ လက်ထက်ထားတော့၊ ပြီးရင် သူတို့က မွေးမယ့် သူတို့ဆုံးမရ မယ့်
ဖလူး ဖလူး တွေလက်ထက်ကျ အကတ်အသတ်လေးတောင် ကျန်ပါ့ဦးမလား။ တရားခံက ခေတ်
မဟုတ်ဘူးလို့ထား ...။ ဘယ်လိုလုပ်ကြမတုန်း။ ခင်ဗျားရောတာဝန်မရှိဘူးလား။
(ကျွန်တော်လေးစားရသော လူငယ်တွေလဲ အများကြီးရှိပါတယ်။ ခုပြောထားသလို
ရင်လေးရတဲ့လူငယ်တွေလဲ အများကြီးရှိပါတယ်။)

Feb 4, 2011

ငိုချင်း

ရင်ဘတ်တွေက
ဧပြီထက်အပူပြင်းတယ်
ဒုက္ခနှိပ်စက်တဲ့
နောင်တမဲ့ငိုချင်း
ရူးသွပ်စရာမရှိဘူးဆို
ရယ်စရာလဲမလို
ငိုစရာလဲမလိုဘူး
အဲဒီလို
ငါမှားနေပြီလို့ သိလိုက်ချိန်မှာ
ရပ်လို့ မရတော့ ......
ဘ၀တစ်သက်စာ
ငိုချင်းကရက်စက်စွာကပ်ပါလာ
အဆုံးမရှိတဲ့ သောကဗျာပါဒ
သေရာညောင်စောင်းအထိလိုက်ခဲ့တော့မယ်။ ။

ကကြိုး

မထင်မှတ်တဲ့ဂီတအောက်
နှင်းပွင့်တွေရဲ့ ချိုမြိန်တဲ့ကကြိုး
ငါ့ဘ၀ကိုမိုးထားတုန်း ........
ငါတပ်မက်မိတယ်
ကကြိုး
ဒဏ်ရာတွေမေ့
ဘ၀ဆိုတာဒါလား
အိမ်ပြန်တဲ့လမ်းတိုင်းဟာအချိုမြိန်ဆုံး
ရင်ဘတ်ထဲကအရာအားလုံးဟာကကြိုး
သေဖို့ ကိုခနမေ့ထား
ရိုးတွင်းချဉ်ဆီထဲကကို
တရွရွလှုပ်ခါကနေခဲ့တုန်း .........

သစ္စာမဲ့သစ်ရွက်ခြောက်တွေရဲ့ 
့ရက်စက်တဲ့ဂီတအောက်မှာ
သံယောဇဉ်ကြိုးပြတ်
အချိုးအကွေ့ တစ်ခုပြောင်း
ကကြိုးရပ်ခဲ့..
ဘာမှမကျန်ဘူး
ငိုချင်းစပြီ ........။

ဗုဒ္ဒဘာသာအကြောင်းတွေးတတ်သလိုတွေးကြည့်ခြင်း

ငယ်ကတည်းက ဗုဒ္ဓဘာသာအကြောင်းကို ခန ခန စဉ်းစားမိတယ်။ ဘာလို့ ငါ ဗုဒ္ဓဘာသာဖြစ်ရတာတုန်း ဘာလို့ ဗုဒ္ဓကိုကိုးကွယ်ရတာတုန်းဆိုသလိုပေါ့။
ကျွန်တော်မှတ်မိသလောက် ပထမဆုံးကြားခဲ့ရတဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ စကားက တော့ ကျွန်တော့်အဖွားလေးတော်တဲ့ အဖွားကပြောတာ သူက ဥပုသ်စောင့်က ပြန် အလာ ကျွန်တော်ကမေးကြည့်တာ ဥပုသ်စောင့်တော့ ဘာတွေလုပ်ရတုန်းဆိုတော့ သီလယူရတယ် တရားနာရတယ်တဲ့။ သူက သူနာခဲ့တဲ့တရားကိုပြန်ပြောပြတယ် နိဗ္ဗာန်ဆိုတာရှိတယ်၊ သိပ်ကောင်းတာပဲတဲ့၊ စားစရာလဲမလိုဘူး၊ အလုပ်လုပ်စရာလဲ မလိုဘူးတဲ့ သူက ငြိမ်းငြိမ်းချမ်းချမ်းလေးပဲ ရှိတဲ့နေရာတဲ့။ ခုထိမှတ်မိသေး။ အဲဒီအရာကို စ စိတ်ဝင်စားမိတာပဲ။ အဲဒီမှာလူတွေက ဘာလုပ်ကြတာတုန်းပေါ့။ စာအုပ်တွေထဲမှာက နတ်အကြောင်း ဗြဟ္မာအကြောင်းက ဂိတ်ဆုံးတာကိုး။ နိဗ္ဗာန်က လူတွေအကြောင်းတော့ မပါပဲကိုး။
နိဗ္ဗာန် …နိဗ္ဗာန်… လူတွေသေရင် နိဗ္ဗာန်ယာဉ်နဲ့ လာလာသယ်တာတော့တွေ့  ဘူးသားပဲ။ဒါပေမယ့် သူတို့ သွားတာ သချိ င်္ုင်းပဲ နိဗ္ဗာန်မှမဟုတ်တာပဲ။
စပ်စုနိုင်တဲ့အရွယ် စာအုပ်တွေရှာဖတ်နိုင်တဲ့ အရွယ်ကျတော့ နိဗ္ဗာန်အ ကြောင်း ဆက်ပြီးစပ်စုတာပဲ။ အသိတွေကတော့ ၀ိုးတိုးဝါးတား။ နိဗ္ဗာန်နဲ့ ဗုဒ္ဓဘာသာ အကြောင်းကိုခြေခြေမြစ်မြစ်စပြီးဖတ်မိတာ ၇ တန်းနှစ၊် သူငယ်ချင်းတစ်ယောက် ယူလာ ပေးတဲ့စာအုပ် ဆရာနန္ဒသိန်းဇံရဲ့  “အတွေးအခေါ်တို့ ၏ လွင့်မြောခြင်းနှင့် လူ၏ဆောက်တည်ရာ” စာအုပ်။ အမှန်ပြောရရင် အဲဒီစာအုပ်ကို နိဗ္ဗာန်အကြောင်း သိချင် လို့  ဖတ်တာမဟုတ်ဘူး ဗုဒ္ဓဘာသာအကြောင်းသိချင်လို့ ဖတ်တာမဟုတ်ဘူး။ စာအုပ် အစပိုင်းက အနောက်တိုင်းကလူတွေ ကမ္ဘာကြီးဘယ်လိုဖြစ်လာသလဲ ဆိုတာကို တွေးတဲ့အကြောင်းကိုရေးထားတာ Super Hyphon အလုံးကြီးကနေစပြီး စကြာဝဠာတည်ပုံကို ရှင်းပြတဲ့ Hypothesis တွေ အဲဒါတွေကို အသည်းအသန် သဘောကျလို့ ဖတ်ရင်း ဖတ်ရင်းနောက်ဆုံးပိုင်းက ဗုဒ္ဓ၀ါဒနဲ့  နိဗ္ဗာန် အကြောင်း ရောက်သွားတာပဲ။ ဟ ဟုတ်ပဟ နိဗ္ဗာန်၊ ဗုဒ္ဓဘာသာ ဒီလိုပါလား။ အဲလိုနဲ့ ပဲ တရား စခန်းလဲသွားလိုက်တာပဲ ဘာသာရေးစာအုပ်တွေလဲ မှီသလောက်တော့ ဖတ်လိုက် တာပဲ။ ခြေခြေမြစ်မြစ်သိလိုတဲ့ စိတ်အရင်းခံပေါ့။ ငယ်တုန်းကကောင်းတဲ့ဘက်က လောဘကလဲကြီးသကိုး။ ခုနဲ့ များ တစ်ခြားစီပဲ။
ကျွန်တော်ရှင်းရှင်းသိသလောက်ဖေါက်သည်ချချင်တယ် ဗုဒ္ဓ၀ါဒဟာဘယ်လို တစ်ခြားဝါဒတွေနဲ့ ကွဲပြားသလဲဆိုတာက ပြောပြချင်တယ်ခင်ဗျာ။ ဆရာလုပ်တယ် လဲ မထင်နဲ့ ဦးနော်။ မသိသေးတဲ့သူဖတ် အမြတ်ပဲဆိုပြီးပြောပြချင်တာပါ။ အခြားဝါဒ တွေနဲ့  ဗုဒ္ဓရဲ့ ဝါဒ အခြားနားဆုံးအချက်တွေကို တွေးမိ သိမိသလောက်လေးပေါ့ဗျာ။
၁။ ဗုဒ္ဓ၀ါဒသည် ကမ္မ၀ါဒ
အကြောင်းကြောင့် အကျိုးဖြစ်တယ်။ အဲဒါပဲ အရင်းခံက။ အရာရာတိုင်း ဟာ အကြောင်းတရားတွေနဲ့ ဆက်နွယ်နေတယ်။ ယခင်က အကြောင်းတွေကြောင့် ယခု အကျိုးဖြစ်ရတယ်။ ယခုဖြစ်စဉ်တွေဟာ အနာဂါတ်အတွက် အခြေခံ အကြောင်း တရားတွေဖြစ်တယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ မဟာဓမ္မစကြာ၊ ပဌာန်းဒေသနာ၊ ပဋိစ္စသမုပ္ပါဒ် စတဲ့ တရားတော်ကြီးတွေ မဟာအတွေးအခေါ်ကြီးတွေ အားလုံးဟာ ဒါကိုအရင်း တည်တာပဲ အကြောင်းတရားကြောင့် အကျိုးတွေဖြစ်ရတယ်ဆို တာပဲ အနှစ်ချုပ်က။
ဗုဒ္ဓအရင် ၀ါဒတွေ နောက်ပေါ်တဲ့ ၀ါဒတွေ အားလုံးဟာ ဖန်ဆင်းတဲ့ပုဂ္ဂိုလ် ရှိတယ် သူ့ အလိုကျနေရမယ်။ သူစီရင်သလိုခံရမယ်။ အားလုံးရဲ့ အနှစ်ချုပ်က ဒါပဲ။
အဲဒီတော့ ဗုဒ္ဓဟောတာသည် သင်ပြုသမျှသင့်ကံအကြောင်း၊ တစ်ခြားဝါဒ များသည် အဲလိုမဟုတ် တစ်ဦးသောပုဂ္ဂိုလ်ဟာကိုယ့်ကံကို ဖန်တီးနေတယ်။




၂။ ဗုဒ္ဓ၀ါဒတွင် သစ္စာတရား (၄)ပါးရှိသည်။
ဗုဒ္ဓ၀င်ကိုပြန်ဖတ်ကြည့်ပါဗျာ။ ဒီလောက် ကြွယ်ဝချမ်းသာတဲ့ ရှင်ဘုရင်ဟာ ဘာလို့ များ တောထွက်တရားကျင့်ရပါသလဲ။ ဇာတ်နိပါတ်တွေ ရှေးဘ၀တွေ ခနထားပါဦး။ လက်တွေ့ ဘ၀နဲ့ ယှဉ်ပြီးပဲစဉ်းစားရအောင်။ သုမေဓါရှင်ရသေ့တို့ ဘာ တို့  အကြောင်းဆိုတာ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်မှ ပုဗ္ဗေနိဝါသ ဖြစ်မှသိတာပါ။ ဆိုလိုတာက အဲသလိုငါဆုတောင်းခဲ့ ပါရမီဖြည့်ခဲ့လို့  ငါအခုတောထွက်ကျင့်မယ် ဆိုပြီး လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော့်အမြင်ပြောရင် သိဒ္ဓတ္ထမင်းသား တော ထွက်ခြင်းဟာ Magic မဆန်ဘူး ဂန္ဓာရီမဟုတ်ဘူး လက်တွေ့ ဆန်တယ်။ အိုမှု နာမှု သေမှု ကို အခုလက်တွေ့ ကြောက်လို့  အခု လက်တွေ့ ပဲ အဲဒါကဝေးအောင် လုပ်မဟေ့ဆိုပြီး ထွက်သွားတာပါပဲ။ စဉ်းစားကြည့်တယ် သူ့ လက်တွေ့ ဘ၀မှာ မယားနဲ့  အသစ်စက် စက် သားငယ်လေး ရာဟုလာနဲ့  ထီးနဲ့  နန်းနဲ့  အခြွေနဲ့ အရံ နဲ့  နန်းတော်တောင်သုံးမျိုးရှိတာပဲ။ သိဒ္ဓတ္ထမင်းသားစည်းစိမ်ကို အာရှတိုက်ရဲ့ အ လင်းရောင်ကဗျာထဲ ဖတ်ကြည့်ပါလား။ အိုး … သွားရည်ကျသွားမယ်။
အဲဒီတော့ ဒီလို စည်းစိမ်ကြားထဲကမှ ဘုရားအလောင်း တွေးကြောက်တာ သည် ဒုက္ခ။ အဲဒီတော့ ကျွန်တော်ဒီလိုပြောချင်တယ် ဗုဒ္ဓဘာသာသည် ဒုက္ခကိုကြောက်သဖြင့် ပေါ်ပေါက်လာရသည်လို့ ။ အခြားဘယ်ဝါဒမှ ဒုက္ခကို ကြောက်လို့ ဖြစ်တည် လာတာ မဟုတ်ပါဘူး။ သိဒ္ဓတ္ထရဲ့ ခေတ်မှာ ခေတ်စားနေတဲ့ ၀ါဒတွေက တပုံကြီးဗျ။ မအို ကြောင်းဗျာ လက်တွေ့ ပြနိုင်ပါရဲ့  ယောဂီဆာဒူးတွေ အသက်ကြီးပြီး ရုပ်ရည်နုပျို နေတာအများကြီး။ ဒါပေမယ့် ခနပဲ သူလဲအိုမှာပဲ ရှေ့  မှာ သူလိုလူတွေ အိုခြင်းဒုက္ခခံခဲ့ရတာပဲ။ သိဒ္ဓတ္ထ အားမရဘူး။ မသေအောင် ကျင့်တဲ့နည်းတွေလဲ ရှိသမှ အသက်အရှည်ကြီးဖြစ်အောင် လုပ်တဲ့နည်းတွေ သေလို့  ရှိရင်လဲ အသက်အတိုင်း အဆမရှိဗြဟ္မာဖြစ်အောင်ကျင့်ကြံနည်း။ သိဒ္ဓတ္ထကတော့ ဒါလဲ တည်ရှိနေတယ် ဆိုကတည်းက ပျက်သုဉ်းစရာ ရှိလာမှာပဲ တွေးမိတယ်။ အားမရဘူး။ ၀ါဒ အလုံးစုံကို ခြေခြေမြစ်မြစ်လေ့လာ ကျင့်ကြံတယ် အားမရဘူးခင်ဗျ။
မင်းသား ကိုယ့်ခန္ဓာကိုယ်ကို ဆရာတင်ပြီး ကျင့်တော့တာပဲ။ အတိုင်းအဆ မရှိ သော လုံ့ လ အတိုင်းအဆမရှိသော ဇွဲ သတ္တိနဲ့ ကျင့်ကြံခဲ့တယ်။ ဖြစ်တည်မှု တွေရဲ့ ဒုက္ခ ကနေ ဘယ်လိုလွတ်အောင်လုပ်ရမတုန်း။ အဲဒီမေးခွန်းလေးတစ်ခုကို အဖြေသိဖို့  ဘုရားအလောင်း အရိုးကျေကျေ အရေခန်းခန်း ကျင့်ကြံခဲ့တော့။ နောက်ဆုံး သဗ္ဗညုတ ဘုရားရှင်ဖြစ်ခဲ့တာပဲ။
အရာအားလုံးသည် ဒုက္ခ။ ခင်ဗျားစိတ်ထဲကတော့ ငြင်းချင်ချင်နေမှာပါ။ ဘုရားဟောမို့ လို့ သာ။ ခင်ဗျားမှာ တွယ်တာစရာမိသားစုနဲ့  တက်မက်စရာချစ်သူနဲ့  မစွန့် ခွါနိုင်တဲ့ အလုပ်အကိုင်နဲ့ ဂလိုဖြစ်ချင်ဖြစ်နေမှာ ဆိုတော့။ ဘာကြီးကဒုက္ခတုန်း။ တားလဲတိဝူး။ အဲလိုနေမှာ။ နမူနာအဖြစ်ပြောမယ်ဗျာ ခင်ဗျားချစ်သူသည် ခင်ဗျားအတွက် သုခတုံးကြီး။ ဟုတ်တယ်ဟုတ်။ စကားလေးပဲပြောရရ။ အနားလေး ပဲကပ်ရရ။ အိုကေ။ သူကခင်ဗျားကိုလမ်းခွဲသွားမယ်။ အဲဒီမှာဒုက္ခ။ ပူလောင်ရပြီ။ ခံစားရပြီ။ မခွဲဘူးဗျာ ကျုပ်ချစ်သူကလို့ ဆိုမယ်။ ထား … မသေဘူးတဲ့လား သူက။ အိုး … ကလေး တွေရ မြေးတွေရလို့  အသက် ၇၀ကျော် မှသေလဲ ခင်ဗျား သူငယ်မပြန် သေးဘူး အယ်လ်ဇိုင်းမားမဖြစ်သေးဘူး မယားငယ်ယူချင်စိတ်မရှိဘူးဆို ဒုက္ခမှ အကြီးအကျယ်ဗျာ။ အဲဒီအခါမျိုးကျ သုခရခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားမိရင်တောင်မှ ပီတိမဖြစ်ဘူး မျက်ရည် ပေါက်ပေါက်ကျရတဲ့ ဒုက္ခဗျာ။
သူများကိုခနထားဦး။ ခင်ဗျားခန္ဓာကိုယ်လေးပြန်ကြည့်။ မျက်လုံးလေး ဗျာ။ ကောင်းလိုက်တာ။ စာလဲဖတ်လို့ ရ။ အင်တာနက်လေးလဲကြည့်လို့ ရ။ လှတ ပတလေးများတွေ့ လဲ သရိုးသရီဖြစ်ရ။ အမိုက်ပဲဗျ။ မျက်လုံးလေးရှိရတာ ကောင်း လိုက်တာနော့။ ဟော အကြောင်းအရာလေးတစ်ခုကြောင့်များ မှုန်လာသတဲ့ဗျာ ၀ါးလာသတဲ့ဗျား။ သွားပြီ ဘယ်မှာလဲ မျက်လုံးရဲ့ သုခ။ ရုံးစာလေးဖတ်ဖို့ တောင် မျက်မှန်မပါမဖတ်နိုင်ဘူးဆိုတဲ့အခါ ချီးကျူးပါဦးပါ့မလား ဒီမျက်လုံး။ ကောင်းလိုက် တာပြောပါ့ဦးမလား။ တော်ပြီဗျာ ခင်ဗျားခန္ဓာကိုယ်ကြီးအကြောင်းဖြင့် မပြောတော့ ပါဘူး။ ကင်ဆာတွေ အေတွေ ဘီတွေ။ မဦးမချွတ်ဆိုပြီး ကြိမ်ဆဲနေဦးမှာ။
အရာတိုင်းဟာ ဒုက္ခချည်းပဲ။ ဘယ်အရာလေးကိုမဆိုပြန်တွေးကြည့် ရှိတဲ့ ဒုက္ခနဲ့ မရှိတဲ့ဒုက္ခ ၂ မျိုး ၂စားပါပဲ။ မော်တော်ကားဗျာ ရှိတော့ ဆီထည့်ဦးဟ ဒရိုင်ဘာငှားဦးဟ ထားစရာစီစဉ် လိုင်စင် အိုး …. ဒုက္ခ။ ဒီကြားထဲ something များ wrong သွားမှဖြင့်။ တွေးကြည့်။ ရှိတဲ့ဒုက္ခလဲ မသေးဘူး။
ခင်ဗျားဖုန်းကလေးဗျာ ရှိတယ် မိုးလင်းကတည်းကအိပ်တဲ့အထိ အသုံးတည့် လွန်းလို့  ကောင်းတယ်ဗျာ…. ဟိုလူနဲ့  ဒီလူနဲ့  ဘာဂလိုတွေနဲ့ ။ မီးကတော့ အဆင်ပြေသလိုကြူလိုက်တာပဲဆို အိုကေနေတာပဲ။ တစ်နေ့ သား တက္ကစီပေါ် မှာပဲလား၊ ရုံးမှာပဲလား၊ ကော်ဖီဆိုင်မှာလား၊ အိတ်ထဲလဲမတွေ့ ဘူး ဆိုတဲ့ အဖြစ် မျိုးကြုံတော့ အဲဗျာ မရှိတဲ့ဒုက္ခ။ ဘယ်မလဲသုခတွေ။ အောင်မယ်လေး ပြန်ရတာတောင်မှ အမှတ်တရ ချောင်းသာမှာ ရိုက်ခဲ့တဲ့ မပေါ်တပေါ်ပုံလေးတွေ။ ချစ်ချစ်နဲ့  ဟိုသင်း သည်သင်းတွေ အွန်လိုင်းပေါ်ရောက်သွားမှ။ ဟား .. ဟား…။အဲလိုတောင်ရယ်နိုင်မှာမဟုတ်ဘူး။ ဘယ်မလဲ သုခတွေ။
အဲဒီတော့ ကျွန်တော်တို့ ရဲ့ ဖြစ်တည်သမျှဟာ ဒုက္ခ။ ဆာတာ မစားနိုင် သေးရင်လဲဒုက္ခ။ ဘယ်သူကများ ထ က မတုန်း။ အိပ်ငိုက်တယ်ဗျာ အစည်းအဝေးခန်းထဲ မျက်လုံးတောင်မနည်းဖွင့်နေရတယ်…… ဒုက္ခ။ မနက်မိုးလင်း ရစ်ခနဲ ရစ်ခနဲနေတုန်း အိမ်သာကမအား ….. ဒုက္ခ။ အသေးစားလေးတွေတောင်မှ ကြုံနေစဉ်ခနလေးမှာ ကြိတ်မနိုင်ခဲမရ ဒုက္ခကြီးတွေပါဗျာ။ ကျွန်တော်တို့  ခင်ဗျားတို့  က လူဖြစ်ရတာ ကျေနပ် ပြီး လောကီဘောင်ကျင်လည်နေလို့ သာ ဒုက္ခတွေနဲ့  ယဉ်ပါးနေလို့ သာပါ။
အဲဒီ ဒုက္ခတွေရဲ့ အရင်းခံ တရားခံသည် မည်သူနည်း။ ဆိုတော့ အဲဒီဒုက္ခ လေးကို ရချင်တဲ့ တွယ်တာချင်တဲ့ စိတ် ပါ တဲ။့ ဗုဒ္ဓ၀ါဒမှာကျ သည်လိုဟောတယ်။ သမုဒယ ပါတဲ့။
တွယ်တဲ့ နှောင်တဲ့သဘောလေးပါတဲ့။ နတ်လေချွန်ကြားဖူးသလား။ မမေး ဖူး ဘူးရင်တောင် သူများမေးတာပြန်ပြောပြတာကြုံဖူးမှာပဲ။ သေသည်၏ ဟိုဘက်မှာ တောင် သည်ဘက်ကလူတွေကို တွယ်နှောင်နေသေးတယ်ဗျာ။ အဲသည်လို ငြိမ်ငြိမ် ဆိမ်ဆိမ် ငြိမ်းငြိမ်းချမ်းချမ်းမနေချင်ပဲ ဟိုဟာလေးကိုစွဲ သည်ဟာလေးကိုတွယ် ဆိုတဲ့ သဘော ဟာဖြင့် သမုဒယပါပဲတဲ့။ အဲဒီသမုဒယကြောင့် ဒုက္ခဖြစ်ရတာပါတဲ့။ သမုဒယ မပြတ်သေးတော့ လူဖြစ်၊ နတ်ဖြစ်၊ တိရစ္ဆာန်ဖြစ်နဲ့ အကုသိုလ် ၀ဋ်ကြွေး ပါရင် ငရဲသား ဖြစ်နဲ့  ဒုက္ခကို မပြတ်ပါဘူးတဲ့။ ထပ်ခါ ထပ်ခါ အဖန်ဖန် ကြုံရ တာပါတဲ့။
ဒုက္ခသစ္စာဟာတော့ဖြင့် ကျွန်တော့်သဘောပြောရရင် ဗုဒ္ဓ မြတ်စွာမပေါ်ခင်က တည်းကရှိတဲ့သစ္စာလို့ ပြောချင်တယ်။ ပုံပမာတင်ရင် ပုစ္ဆာသစ္စာ ဆိုပါတော့။ သိဒ္ဓတ္ထ မင်းသားလဲ ဒီပုစ္ဆာကြောင့် တောထွက်ရ ဘုရားအဖြစ်ရောက်ရပါတယ်။
တရားခံကတော့သိပြီပေါ့ ဒါ လက်သည်သမုဒယကြောင့်။ ဟုတ်ပြီ ပျက်တာ ကို လဲသိတယ် ဘယ်နေရာက ဘာကြောင့် ဒီဟာပျက်လဲ ဆိုတာလဲသိပြီ။ ကဲ ပြင်လိုက် ကြရအောင်ဗျာ။
ဗုဒ္ဓဘုရားက ဒီပုစ္ဆာ၊ ဒီ looping ထဲက ဘယ်လိုထွက်ရမလဲဆိုတော့တဲ့ မဂ္ဂင် (၈) ပါးဆိုတာ ကောင်းမွန်မှန်ကန်စွာနေရင်ဖြင့် တည့်မတ်လျော်ညီစွာနေရင်ဖြင့် ဒီ looping ဒီ စဉ်ဆက်မပြတ်ဖြစ်စဉ်ကနေထွက်မြောက်နိုင်ပါသည်တဲ့။
အဲသလို ကောင်းမွန်မှန်ကန်စွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လွတ်မြောက် ရာသစ္စာ အမြတ်ဆုံးသစ္စာ၊ ဘယ်ဝါဒမှာမှမရှိသော ကျွန်တော်တို့ ဗုဒ္ဓ၀ါဒ မှာသာ ရှိသော နိရောဓ လွတ်မြောက်ရာကို ရရှိပါလိမ့်မည်တဲ့။ အဲဒီနိရောဓ ဆိုဒါဟာဖြင့် နိဗ္ဗာန်တရားကို တွေ့ ရှိ သိမြင်ခြင်းကိုဆိုလိုပါတယ်။
အဲဒီတော့ ဗုဒ္ဓ၀ါဒ၏ အချုပ်ဟာဖြင့် ဘယ်သူမှ မိမိကို စီရင်လို့ မရ၊ မိမိကြမ္မာ မိမိဖန်တီးပါသည်။ မိမိ၏ ဖြစ်တည်မှုတွေမှာ ဒုက္ခတွေအများကြီးရှိနေပါသည်။ အဲသည် ဒုက္ခတွေဟာ သမုဒယကြောင့်ဖြစ်ပါသည်။ အဲသလို သမုဒယတွေ ဒုက္ခတွေကို ကျော်လွန်ငြိမ်းအေးချင်ရင်ြဖင့် မဂ္ဂင် (၈) ပါးကျင့်စဉ်ကိုကျင့်ပါ နိဗ္ဗာန် လို့  ခေါ်ဆိုသော အမတကိုရရှိရာ နိရောဓသစ္စာကိုရပါလိမ့်မည်။
ဘ၀ဆိုတာ ဖြစ်တည်မှုဆိုတာ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ဒုက္ခဆိုပြီးသိရမယ်တဲ့၊ အဲဒါရဲ့ တရားခံ တွယ်တာနှောင်တည်းတဲ့ သံယောဇဉ်သမုဒယတွေကို ပယ်ရမယ် တဲ့။မဂ္ဂသစ္စာ ကို မဂ္ဂင် (၈)ပါးကျင့်စဉ်ဖြင့် ဆိုက်ရောက်ရမည်တဲ့။ ဆိုက်ရောက်ပြီး သကာလ နိရောဓသစ္စာကို ပွါးများရမည်တဲ့။ ပရမတ္ထသံခိပ်ထဲက ထိပ်ဆုံးစာသား လေး လယ်တီ ဆရာတော်ကြီးဖွဲ့ ဆိုထားတာက စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ် လေးရပ် ပရမတ်။ သိ၊ ပယ်၊ ဆိုက်၊ ပွါး လေးပါးကိစ္စအမှန်ရ မုချ ပရမတ်။ ပေါ့။
သုံးသပ်ကြည့်ရအောင်ဗျာ။ မမြင်ရတာ၊ လက်တွေ့ နယ်ပယ်ကနေကျော် လွန်တာ ဘာများရှိပါသလဲ ဗုဒ္ဓ၀ါဒမှာ။ ခင်ဗျားပြောမယ် နိဗ္ဗာန်ကိုဖြင့် မမြင်ရဘူး ဗျာလို့ ။ ခုမပြောပါနဲ ။့ကျင့်ကြံကြည့်ပါဦး။ လေ့လာကြည့်ပါဦး။ တွေးဆကြည့်ပါဦး။ ရိတ် တိတ် တိတ်တော့သိလာမှာပါ။ တစ်ခုပြောချင်တယ် ဗုဒ္ဓ၀ါဒဟာ သာသနာသက် ၂၅၀၀ ကျော်ခဲ့ပါပြီ။ အဲဒီကာလတစ်လျှောက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခဲ့သော ရဟန္တာ အရှင်မြတ်ပေါင်းများစွာရှိခဲ့ပါပြီ။ လူသာဝကပေါင်းများစွာရှိခဲ့ပြီ။ မြန်မာနိုင်ငံ မှာလဲ ကျွန်တော်တို့ ခေတ်နဲ့  လက်လှမ်းမီသလောက် ဝေဘူဆရာတော်၊ မိုးကုတ် ဆရာတော် အစရှိတဲ့ဆရာတော်ကြီးများ အနာဂါမ်ဆရာသက်ကြီးတို့ လို ဆရာကြီး များ ကျကျနနဟောပြခဲ့တာတွေ လက်တွေ့ မျက်တွေ့ ကြုံခဲ့တာတွေကို လေ့လာ ကြည့်ဖို့ တိုက်တွန်း လိုပါတယ်။
၃။ ဗုဒ္ဓ၀ါဒသည်နိဗ္ဗာန်ဝါဒ
ဗုဒ္ဓ၀ါဒမှာသာလျှင် နိဗ္ဗာန်ဆိုတာရှိပါတယ်။ ၃၁ ဘုံကို ပြန်မလာတဲ့ ထွက်မြောက်ရာဖြစ်ပါတယ်။ ကျန်ဝါဒအားလုံးမှာ ထာဝရအသက်ဟာ အမြင့်ဆုံး ဖြစ်ပါတယ် အတ္တလို့ ခေါ်တဲ့ ထာဝရအသက်ဓါတ်ကို ယုံကြည်ကြပါတယ်။ သေလွန် ပြီးနောက် ကောင်းကင်ဘုံမှာဖြစ်ဖြစ် ငရဲမှာဖြစ်ဖြစ် ထာဝရ အသက်ရှင်ရမယ် ဆိုတာကို ယုံကြည် ကြပါတယ်။ ဗုဒ္ဓဘာသာဝင်အားလုံး ကျင့်ကြံရမှာ က ဖြင့် နိဗ္ဗာန် အတွက်ဖြစ်ရပါ့မယ်။ ကုသိုလ်လေးတွေတိုင်းဟာ မဟာကုသိုလ်ကြီးဖြစ်တဲ့ နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်ပါ စေလို့ ရည်မှန်းရပါမယ်။ နောင်ဘ၀အတွက် မဖြစ်ရပါဘူး။ နောင်ဘ၀သည် minor နိဗ္ဗာန်သည် major ဖြစ်ပါတယ်။
လူတော်တော်များများ လွဲချော်နေတာရှိပါတယ်။ အခြားဘာသာဝင်များရဲ့ အ မြင်မှာပါ လွဲချော်နေပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်လုပ်နေကြ တာဆိုရင်ဖြင့် နောင်သေလွန်ပြီးချိန်မှာ ကောင်းကောင်းနေရဖို့  အဲလို သဘော ဆောင် နေတာများပြားလှပါတယ်။ ဗုဒ္ဓ၀ါဒရဲ့ ပန်းတိုင်ဟာ အဲဒါ လုံးဝမဟုတ်ပါဘူး။ အဲဒါကိုပဲ ရည်မျှော်နေမယ်ဆိုရင် ဗုဒ္ဓဘာသာအစစ် တစ်ယောက်မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ နောင်လာမယ့်သေလွန်ပြီးချိန်မှာ ကောင်းဖို့ အတွက်ဆိုရုံက ဗုဒ္ဓမပေါ်ခင် ၀ါဒ တွေ မှာ ကတည်းက ရှိပြီးသားပါ။ ဗုဒ္ဓမြတ်စွာကိုယ်တိုင်လည်း ဘုရားမဖြစ်ခင်က လေ့လာခဲ့ပြီးသားပါ။ ဗုဒ္ဓမြတ်စွာက ဒီဝါဒ ကျင့်စဉ်တွေဟာ ဖြစ်တည်မှု ဒုက္ခတွေ ငြိမ်းရာ ပယ်ရာ မဟုတ်လို့  ငြင်းပယ်ခဲ့ပြီးသားဝါဒတွေပါ။
ဆိုလိုတာက အပြည့်အ၀ မကျင့်ကြံနိုင်သေးရင်လည်း ဘုရားရှိခိုးတာလည်း နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်ဖို့  ရည်စူးပြီးရှိခိုးရမယ်။ ပုတီးစိပ်တယ်ဆိုလည်း နိဗ္ဗာန် ကိုရည်စူးပြီး သမာဓိထူထောင်ဖို့ ဖြစ်ရမယ်။ အလှူအတန်းပြုရင်လည်း နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်စေခြင်းငှာ ဒါနပါရမီဖြည့်ဆည်းတယ်လို့ သဘောထားပြီး စိတ် သန့်  သန့် နဲ့ လှူရမယ်။ အများစုရဲ့ မှားချက်က ညောင်စေ့လောက်လှူရင် ညောင် ပင်ကြီး လောက်ရတယ်ဆိုပဲ။ တစ်ဆုပ်ကြဲလို့  တစ်လှည်းဝင်တယ်ဆိုပဲ။ ဒို့  ဘာသာ က တွက်ချေကိုက်သားဟ။ နှပ်ချေးတွက်တွက်ပြီး ကုသိုလ်လုပ်တာ များကြပါ တယ်။ နိဗ္ဗာန်ဆိုတဲ့ စကားက ဖုန်းကြီးနဲ့ သာဆိုင်တယ် ဆိုတဲ့ စိတ်ကူးရှိတာက အများစုပါ။ မဟုတ်ပါ။ မိမိရဲ့ နေ့ စဉ်ကုသိုလ်မှု အားလုံးမှာ နိဗ္ဗာန်ကိုသာ ရည်စူး ပြီးပြုရပါ့မယ်။ နောင်ဘ၀ ကောင်းဖို့ သာလျှင်တွေးတယ်ဆိုရင်တော့ ဗုဒ္ဓ၀ါဒ နဲ့  လားလားကြီးဆန့် ကျင်ပါတယ်။
ရှည်သွားတယ်ဗျာ အတိုချုပ်ပြောချင်တာက ဗုဒ္ဓ၀ါဒသည် နိဗ္ဗာန်ဝါဒ ဖြစ်ပါ သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည်နိဗ္ဗာန်ဝါဒီများဖြစ်ရပါမည်။ မိမိကိုယ်ကို ဗုဒ္ဓဘာသာ အမည်ခံပြီး အနာဂါတ်ကောင်းစားရေးနဲ့  နောင်ဘ၀ကောင်းစားရေးပဲ ခေါင်းထဲရှိ နေတယ် ဆိုရင်ဖြင့် ………………………။
ဝေလင်းထက်သွင် (ဇန်န၀ါရီ ၂၀၁၁)