Apr 24, 2011

သမ္မာကျမ်းစာမှ ကောက်နှုတ်ချက်များ Quotes from the Holy Bible

မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို လည်းကောင်း၊ လူဆိုးကို အပြစ် ပြသောသူသည် ကဲ့ရဲ့ခြင်းကို လည်းကောင်း ခံရလိမ့်မည်။ (သုတ္တံ )
He who corrects a scoffer gets shame for himself, and he who rebukes a wicked man only harms himself. (Proverbs 9:7)
မခန့်ငြားသူ ဆုံးမမူသော်
များလူကြားတွင် ရှက်ဖွယ်မြင်မည်
ထို့ပြင်ဗာလ လူ့အန္ဓအား
မှန်မှားနှစ်တန် ပြဆိုပြန်လည်း
ထိုဗာလာနံ မနာခံပဲ
       တန်ပြန်ကဲ့ရဲ့ ခံရမည်။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလဘို့ကဲ့သို့ယိုတတ်၍ သူပြောသော စကားသည် ဆီထက်ချော သော်လည်း အဆုံး၌ကား သူသည် ဘင်းခါးရွက်သို့ ခါး၍ သန်လျက်နှင့်အမျှထက်၏။ သူ၏ခြေတို့သည် သေခြင်းသို့ ဆင်း၍ သူသွားရာလမ်း သည် မရဏနိုင်ငံသို့ ရောက်တတ်၏။ (သုတ္တံ ,,)
For the lips of an immoral woman drip honey, and her mouth is smoother than oil; But in the end she is bitter as wormwood, sharp as a two-edged sword. Her feet go down to death, her steps lay hold of hell.         (Proverbs 5:3,4,5)
မိန်းမယုတ်နှုတ်ခမ်း ပျားရည်လွှမ်း၍
စွဲလမ်းယစ်မူး ပြောပုံထူးလည်း
အဆုံးမှာကား တမာခါးနှင့်
အသွားထက်မြက် ဒါးသန်လျက်တည်း
သူသွားသည်မှာ သေခြင်းထိ
သူလှမ်းမည်မှာ အ၀ီစိ။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
လူသည် ရယ်စဉ်အခါပင် ၀မ်းနည်းသော စိတ်သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်း အဆုံး၌လည်း ညှိုးငယ်ခြင်း ရှိတတ်၏။ (သုတ္တံ ၁၄ ၁၃)
Even in laughter the heart may sorrow, and the end of mirth may be grief. (Proverbs 14:13)
ရယ်ပင်သော်ငြား နှလုံးသားငို
ရွှင်ကာပြုံး အဆုံးမျက်ရည်စို။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
သဘောကောက်သောသူသည် ကောင်းကျိုးမတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏ မိုက်သောသူကို ဖြစ်ဘွားစေသူသည် မိမိကိုမိမိ ၀မ်းနည်းစေတတ်၏။ မိုက်သောသူ၏ အဘ၌ ၀မ်းမြောက်စရာ အကြောင်းမရှိ။    (သုတ္တံ ၁၇ ၂၀,၂၁)
He who has deceitful heart finds no good, and he who has a perverse tongue falls evil. He who begets a scoffer does so to his sorrow, and the father of a fool has no joy.   (Proverbs 17: 20,21)
ကောက်ကျစ်တတ်ကား ကျိုးယုတ်ငြားတည်း
လိမ်ကား ဥပဒ် တွေ့ကြုံတတ်မည်။
ကိုယ့်ကြောင့်များသူ မိုက်မဲစေမူ နှလုံးပူလတ်။
လူမိုက်မွေးရာ ဘခင်မှာလည်း
ဝမ်းမြောက်ဘယ်မှာ မတွေ့ပါချေ။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
ငွေကိုတက်မက်ခြင်းသည် မကောင်းမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူတစ်ချို့တို့သည် ငွေကိုတပ် မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုကိုယ် ထုတ်ချင်းခတ်အောင် ထိုးကြပြီ။ (တိမောသေသြ၀ါဒစာ ပဌမစောင် ၁၀)
For the love of money is a root of all kinds of evil, for which some have strayed from the faith in their greediness, and pierced themselves through with many sorrows.  (Timothy 6:10)
ငွေလောဘကား အပြစ်များစွာ
စီးဆင်းရာတည်း။
ငွေကိုချစ်ခင် စွဲလမ်းမင်သော်
အယူမတော် အပူပေါ်၍
နှလုံးလျော်ညို တံကျင်လျှိုသို့
ဒုက္ခကြီးစွာ တွေ့မည်တည်း။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားသကဲ့သို့ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။       (သုတ္တံ ၂၆ ၁၁)
As a dog return to its vomit, so a fool repeats his folly. (Proverbs 26:11)
အန်ထားအန်ဖတ် ခွေးပြန်လျက်သို့
ဗာလံ အကျင့် သူပြန်ကျင့်သည်
လူမိုက်ဗာလ သံသရာ။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
လိုက်သောသူမရှိသော်လည်း မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။ ( သုတ္တံ ၂၈ )
The wicked man flees though no one pursues, but the righteous are as bold as a lion.           (Proverbs 28 : 1)
ကိုယ်မတရား စိတ်ထားမလုံ
သူကားမလိုက် ပြေးရပြန်ကုန်
ဖြောင့်မတ်သော်ငြား စိတ်ထားလုံခြုံ
သီဟအလား လူကြားရဲရင့်ပုံ။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)

လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်သိမ်းခံရ၍ ပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ (ဆာလံ ၃၇ )
Do not fret because of evil men or be envious of those who do wrong; for like the grass they will soon wither, like green plants they will soon die away. (Psalm 37 :1)
လူ့ဗာလအား စိတ်မထားနှင့်
မတရားသူ မငြူစူနှင့်
သူကားမြက်သွင် ရိတ်သိမ်းနှင်ကာ
သူသာပျိုးသွင် ညှိုးလျော်ပင်မည်
ကြောင်းကြောင့် အကျိုးဖြစ်၍တည်း။
ဝေလင်းထက်သွင် (၁၆..၂၀၁၁ သင်္ကြန်အတက်)
လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓါတ်လည်းဖြစ်၏။ (ရှင်ယာကုပ်သြ၀ါဒစာ )
The tongue is also fire; a world of evil among the parts of the body. ( James 3 : 6)
လိမ်လည်မုသား သူကားအခရာ
ရသာရမ္မက် သူတက်မက်တာ
လျှာသာမီးဓါတ် လောင်ဖျက်တိုက်ကာ
ဒုစရိုက် သူ့၌တည်ခဲ့ရာ။
ဝေလင်းထက်သွင် (၁၇..၂၀၁၁ နှစ်ဆန်းတစ်ရက်)
ပိတ်ရက်မှာ အကျိုးရှိသောငှာ သမ္မာကျမ်းစာ(Holy Bible) ကို ဖတ်ခဲ့ပါတယ်။ ယူစရာတွေအများကြီးပါ ခရစ်ယာန် များရဲ့ စိတ်ထားနဲ့ ကိုယ်ကျင့်သီလကို ဖြူစင်အောင် ဆုံးမထားတဲ့ကျမ်းစာပါ။ နှစ်သက်တဲ့ ဆိုရိုးနဲ့ ဆုံးမစကားအနည်းငယ်ကို ကဗျာပြုလို့ သီးသန့်ထုတ်နှုတ် ထားပါတယ်။ share လုပ်လိုက်တာပါ ရိုးရာနှစ်သစ်မှာ ဖြူစင်စွာ ပျော်ရွှင်နိုင်ကြပါစေ။
References:
1.    Holy Bible (Old and New Testaments) translated into Myanmar by Rev. A Judson D.D
2.    Holy Bible , Placed by The Gideons (U.S.A)
3.    The Holy Bible, New International Version (The NIV Study Bible) by International Bible Society
Thanks are for little brother Phoe Khwar and Ko Thein Oo for their kindness and for their books.


--
Wai Lin Htet Thwin
韦林庭